Cho Ji Woo ရဲ့မင်္ဂလာဆောင် သတင်းကို ပြန်လည်ဖြေရှင်းခဲ့တဲ့ YG Entertainment

Cho Ji Woo ရဲ့မင်္ဂလာဆောင် သတင်းကို ပြန်လည်ဖြေရှင်းခဲ့တဲ့ YG Entertainment
July 17, 2018 Asian Fame Media
Cho Ji Woo ရဲ့မင်္ဂလာဆောင် သတင်းကို ပြန်လည်ဖြေရှင်းခဲ့တဲ့ YG Entertainment

မတ်လ ၂၉ ရက်နေ့က မင်း သ မီး Cho Ji Woo လက်ထပ်ခဲ့ခြင်း ကို အေဂျင်စီက အတည်ပြုထုတ်ပြန်ခဲ့ ပါတယ်။ မင်းသမီး Cho Ji Woo နဲ့ လက်ထပ်ခဲ့တဲ့ Mr.Seo ဟာ ဆက် သွယ်ရေးကုမ္ပဏီတစ်ခုမှာ မန်နေဂျာ အဖြစ် တာဝန်ထမ်းဆောင်နေပြီး ကုမ္ပဏီဥက္ကဋ္ဌရဲ့ တူတစ်ယောက်ဖြစ် တယ်ဆိုတဲ့ ကောလာဟလတွေ လည်း ထွက်ရှိခဲ့ပါတယ်။ ဇူလိုင် ၁၀ ရက် နေ့က Dispach က Mr.Seo ဟာ ၁၉၈၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီး 020 Jifestyle Application ကို ပရိသတ်တွေနဲ့ စတင်မိတ်ဆက်ခဲ့သူ လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

YG Entertainment က Dispatch ရဲ့ထုတ်ပြန်ချက်အရ မင်း သမီး ရဲ့ ခင်ပွန်းဟာ မင်း သမီးထက် ၉ နှစ်ငယ်ပြီး 020 Mobile Application ကုမ္ပဏီရဲ CEO ဆိုတာမှန်ကန် ပါတယ်။

စီးပွားရေးလုပ်ငန်းဘက်မှာ ထိခိုက်မှု မရှိအောင် Mr.Seo ရဲ့အကြောင်း တွေကို လျှို့ဝှက်ထားခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။ YG Entertainment ရဲ့ တာဝန်ရှိသူက မင်းသမီးတို့ စုံတွဲ ဟာ ယခုဆိုတအားကို ပျော်ရွှင်နေကြ ပြီး မင်းသမီးက ခင်ပွန်းနဲ့ ခင်ပွန်း မိသားစုအကြောင်းကို သေချာထုတ် ဖော်မပြောကြားခြင်း အပေါ် ပရိသတ်တွေ နားလည်ပေးဖို့ မျှော်လင့်ကြောင်း ပြော ကြားခဲ့ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*