ဘာသာဗေဒနှင့် ကျွန်တော် (၉)

ဘာသာဗေဒနှင့် ကျွန်တော် (၉)
April 10, 2018 Leanne Win
ဘာသာဗေဒနှင့် ကျွန်တော် (၉)

မန္တလေးတက္က။သိုလ် မြန်မာစာ ဌာနသို့ တင်သွင်းသော ပါရဂူ ကျမ်းများကို စစ်ဆေးရန် ပြင်ပစာစစ် အဖြစ် နှစ်စဉ်ဖိတ်ခေါ်သည့်အတွက် ကျွန်တော်သွားရသည်။ အခြားဆရာ ကြီး၊ ဆရာမကြီးများကိုလည်း ဖိတ် သည်။ ကျွန်တော်မန္တလေးတက္ကသိုလ် ကို စာစစ်သွားရင်း ဘာသာဗေဒနှင့် အတ္ထဗေဒဆွေးနွေးပို့ချပေးရသည်။ ဒေါက်တာအောင်မြင့်ဦးလည်း စာ စစ်သွားရင်း လူမှုဘာသာဗေဒ ဆွေး နွေးပို့ချပေးရသည်။ လူငယ် ဆရာ၊ ဆရာမများ စိတ်ဝင်စားကြပါသည်။ အရှိန်ရလာသောအခါ စာအုပ်ပြုစုဖို့ အချိန်တန်ပြီဟု သဘောရသည့် အတွက် ကျွန်တော်တို့ ၂ ယောက် တိုင်ပင်ပြီး ကျွန်တော်က အတÄဗေဒ နိဒါန်း အမည်ဖြင့်လည်းကောင်း၊ ဒေါက်တာအောင်မြင့်ဦးက လူမှု ဘာသာဗေဒမိတ်ဆက် အမည်ဖြင့် လည်းကောင်း စာအုပ်ရေးကြသည်။ စာအုပ်မြန်မြန်ပြီးအောင် တစ်ယောက် နှင့်တစ်ယောက် အားပေးရင်း နှိုး ဆော်ရင်း စာအုပ်များ ရေးပြီးသွား သည်။ ကျွန်တော်တို့ ဆရာတပည့် ၂ ယောက် တိုင်ပင်ပြီး စာအုပ်များ အတွက် မြန်မာစာဌာနကပေးမည့် စာမူခများကို မယူဘဲ မြန်မာစာဌာန သို့ ပြန်လှူလိုက်ကြပါသည်။ ကျောင်း သားများနှင့် လေ့လာသူများ မြန်မာ လိုဖတ်နိုင်မည့် စာအုပ် ၂ အုပ်ကို တတ်စွမ်းသလောက် ပြုစုပေးနိုင် သည့်အတွက် ကျွန်တော်တို့ ၂ ယောက်စလုံး ဝမ်းသာကြည်နူးရပါ သည်။ မန္တလေးတက္ကသိုလ်မှ ပါရဂူ တန်းများအတွက်လည်း အဆင်ပြေ သွားပါသည်။ အခြားတက္ကသိုလ်များ မှ မဟာဝိဇ္ဇာတန်းများအတွက်လည်း ကိုင်သင်စရာစာအုပ်များ ရသွားပါ သည်

ငိုရမလို၊ ရယ်ရမလို ဖြစ်ရပ် ကလေးတစ်ခုကိုလည်း သတိရလာမိ သည်။ ကျွန်တော်တို့ ၂ ယောက်၏ စာအုပ် ၂ အုပ်ထွက်ပြီး ၂ ပတ် လောက်အကြာတွင် ဌာနကဆရာမ တစ်ယောက်က စကားအထူးအဆန်း တစ်ခုပြောသည်။ “ဆရာတို့ရေးတဲ့ စာအုပ်၂အုပ်ကို ကျွန်မအလွတ်ကျက် ပြီးသွားပြီ” တဲ့။ ထိုစာအုပ်တွေ အလွတ်ရပြီဆိုတော့ သူသင်ကြားပို့ ချနိုင်ပြီဟု ဆိုလိုဟန်တူပါသည်။ ကျွန်တော်တို့ ၂ ယောက်မှာ ဘာမှပြန်မပြောနိုင်ဘဲ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ငိုရမ လို၊ ရယ်ရမလိုဖြစ်ရသည်။ ထိုဆရာမ မှာ ဘာသာစကားလေ့လာမှု၊ အထူး သဖြင့် ဘာသာဗေဒနှင့် မယဉ်ပါး ကြောင်း သူ့စကားကပင် သက်သေပြ နေပါသည်။ ဘေးကဆရာငယ်တစ် ယောက်က ‘အင်း ဒုက္ခပါပဲ။ အလွတ် ရတိုင်းသာ သဘောပေါက်မယ်ဆို ရင်တော့ ပိဋကတ်သုံးပုံ အာဂုံဆောင် တဲ့ ပုဂ္ဂိုလ်အားလုံး ဘုရားဖြစ်ကုန် ကြပြီပေါ့”ဟု မှတ်ချက်ချသည်ကို သတိရနေပါသည်။

ပါရဂူကျမ်းများ ပြုစုရာတွင် မတတ်မဖြစ်တတ်ကျွမ်းရမည့် ပညာ ရပ်တစ်ခုမှာ သုတေသနနည်းပညာ (မနျနမေခ့ာနအ့သိသူသါပ) ဖြစ် သည်။ ဘာသာစကားဖြင့် ကျမ်းပြု သည်ဖြစ်စေ၊ စာပေဖြင့် ကျမ်းပြုသည် ဖြစ်စေ သုတေသနနည်းပညာကို အသုံးပြုရမည်ဖြစ်သည်။ ထိုကာလ အထိ ကျွန်တော်တို့ဌာနတွင် အသုံး ပြုနေသော စာအုပ်ကလေးတစ်အုပ် ရှိပါသည်။ ၁၉၈ဝ ပြည့်နှစ် ကျော် ကာလက ကျွန်တော်လက်ထောက် ကထိကဘဝတွင် ပြုစုခဲ့သော မဟာ ဝိဇ္ဇာကျမ်းပြုလက်စွဲအမည်ရှိ စာအုပ် ကလေးဖြစ်သည်။ မဟာဝိဇ္ဇာကျမ်း များ ပြုစုရာတွင် ထိုစာအုပ်ပါနည်း နာများနှင့်အညီ ပြုစုရန် ဌာနက လမ်းညွှန်ထားသည့်အတွက် အစဉ် အဆက် လက်စွဲပြုခဲ့ကြသည်။ ယခု ပါရဂူကျမ်းများ ပေါ်ပေါက်လာချိန် တွင် ထိုစာအုပ်ကလေးများကို မွမ်းမံ ရန် လိုအပ်လာသဖြင့် ကျွန်တော် မွမ်းမံပြီး ၂ဝဝ၁ ခုနှစ်တွင် သုတေ သနလက်စွဲ အမည်ဖြင့် ပုံနှိပ်ထုတ်ဝေ လိုက်ပါသည်။

နောက်ကြောင်းပြန်ရလျှင် ကျွန်တော်တို့ မဟာဝိဇ္ဇာကျမ်း ပြုစဉ် က ဌာနတွင်ကျမ်းပြုလက်စွဲ သတ် သတ်မှတ်မှတ် မရှိသေးပါ။ လက် လှမ်းမီရာ သုတေသနလမ်းညွှန်များ ကို ဖတ်ရှုလေ့လာပြီး ထိုနည်းနာများ နှင့်အညီ ပြုစုခဲ့ရသည်။ ဆရာကြီး ဦးစဝ်ထွန်းမှတ်ဝင်း ၏ သုတေသ နပြုစုနည်းအမျိုးမျိုး စာအုပ်ကို လေ့လာရသည်။ သုတေသနပြုနည်း များကို သိခွင့်ရပါသည်။ သမိုင်း ပါမောက္ခဆရာကြီး ဒေါက်တာသန်း ထွန်း၊ မန္တလေး တက္ကသိုလ်ပါမောက္ခ အဖြစ် ဆောင်ရွက်စဉ် ပြုစုထားသော သုတေသနထုံး စာတမ်းလည်းရှိ သည်။ ထိုစာတမ်းမှာ မူလက လက် နှိပ်စက်ရိုက်ပြီး စာကူးစက်ဖြင့် ရိုက် နှိပ်ဖြန့်ဝေထားသော စာတမ်းဖြစ် သည်။ (နောင်အခါတွင် ပုံနှိပ်စာအုပ် အဖြစ် ထုတ်ဝေပါသည်။) အထူး သဖြင့် ကျွန်တော် လေ့လာခွင့်ရသော လမ်းညွှန်စာတမ်းမှာ မြန်မာနိုင်ငံ ပညာရေး သုတေသနဗျူရိုမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးမင်း (ယခု မြန်မာစာအဖွဲ့ဝင် ဆရာကြီး ဦးသန်း ဦး)က ဘီအီးဒီ ကျောင်းသားများကို ပို့ချပေးသော ကျမ်းပြုနည်းလမ်း ညွှန်ဖြစ်သည်။ စာကူးစက်မူအဖြစ် လေ့လာရခြင်းဖြစ်ပါသည်။ ထို စာတမ်းတွင် ကျမ်းများကို စာရင်းပြုစု ရာ၌ စာရေးသူနာမည်၊ ကျမ်း နာမည်၊ ခုနှစ်၊ ထုတ်ဝေသူ၊ စ -ဆုံး စာမျက်နှာ စသည်တို့ကို မည်သို့ စနစ်တကျ ရေးမည်၊ နာမည်များမှ ဦး၊ ဒေါ်၊ ဒေါက်တာ၊ ဆရာစသည့် ဝိသေသ စကားများကို နာမည် နောက်သို့ပို၍ နာမည်ကို အက္ခရာစဉ် ရမည် စသည့် နည်းနာများကို အသေးစိတ် ပြထားသည့်အတွက် များစွာဗဟုသုတ ရပါသည်။ ကျွန်တော်တို့၏ ကျမ်းများအပါအဝင် ထိုစဉ်က မဟာဝိဇ္ဇာကျမ်းများမှာ ကျမ်းပုံစံ တညီတညွှတ်တည်းမရှိ သေးဘဲ စာရွက်များမှာ ဗ၄ အရွယ်၊ ကွာတိုအရွယ် စသည်ဖြင့် ကွဲပြားနေ သည်။ ကျမ်းမျက်နှာဖုံးအရောင် ကလည်း အမျိုးမျိုးဖြစ်နေသည်။ မျက်နှာဖုံးမှာရေးသည့် စာပုံစံကအစ စာမျက်နှာတပ်ပုံ၊ အခန်းစပုံ၊ အောက်ခြေမှတ်စုတပ်ပုံ၊ ကျမ်းကိုး စာရင်းပေးပုံတို့ အမျိုးမျိုးအဖုံဖုံ ကွဲ ပြားနေသည့်အတွက် မဟာဝိဇ္ဇာကျမ်း များ တစ်ပုံစံတည်း ဖြစ်စေရန် မဟာ ဝိဇ္ဇာကျမ်းပြုလက်စွဲ အမည်ဖြင့် စာ တမ်းတစ်စောင် ပြုစုရန် ပါမောက္ခ ဆရာမကြီး ဒေါ်စီစီဝင်း၏ တိုက် တွန်းချက်အရ ကျွန်တော်က ပြုစုပြီး သင်ကြားရေးအဖွဲ့သို့ တင်ပြသည်။ အဖွဲ့က လက်ခံအတည်ပြုပြီး ထိုနှစ် ကစ၍ မဟာဝိဇ္ဇာကျမ်းများကို ကျမ်း ပြုလက်စွဲနှင့်အညီ တစ်ပုံစံတည်းပြုစု ရန် ဌာနကစီစဉ်ခဲ့သည်။ သို့ဖြင့် မဟာဝိဇ္ဇာကျမ်းများ အဖုံးအရောင် တူ၊ အရွယ်တူ၊ ပုံစံတူဖြစ်လာပါသည်။ ၂ဝဝ၁ ခုနှစ်တွင် မဟာဝိဇ္ဇာ ကျမ်းပြု လက်စွဲကို သုတေသနလက်စွဲအမည် ဖြင့် မွမ်းမံပြီး ပုံနှိပ်ခြင်းဖြစ်သည်။

ပါရဂူကျမ်းများ တင်သွင်းသည့် ကာလတွင် လက်နှိပ်စက်ခေတ် မဟုတ်တော့ဘဲ ကွန်ပျူတာစာစီသည့် ခေတ်ရောက်နေပြီဖြစ်သည်။ အင်တာ နက်မှ အထောက်အထားများ ကိုး ကားရသည်လည်း ရှိသည်။ ကိုးကား စရာ ခေတ်မီသုတေသနပုံစံများ၊ စနစ်များလည်းပေါ်ထွက်ပြီးဖြစ် သည်။ ထို့ကြောင့် ဒေါက်တာ အောင် မြင့်ဦးနှင့် တိုင်ပင်ပြီး ‘သုတေသန အခြေခံ သုတေသနပုံစံ’ အမည်ဖြင့် လမ်းညွှန်စာတမ်းတစ်ခုကို ၂ ယောက်ပူးတွဲပြုစုကြသည်။ ကျွန်တော် က သုတေသနအခြေခံ အပိုင်း၊ ဒေါက်တာအောင်မြင့်ဦးက သုတေ သနပုံစံပိုင်းကို ကျယ်ကျယ်ပြန့် ပြန့် ပြုစုပြီး ပါရဂူကျမ်းပြု သင်တန်း သားများကို ထိုလမ်းညွှန်စာတမ်းနှင့် အညီ ကျမ်းပြုရန် ပြဋ္ဌာန်းပေးသည်။ ဌာနတွင်း သုတေသနစာတမ်းများမှ ဝိဇ္ဇာ၊ သိပံ္ပပညာရှင်အဖွဲ့တွင် တင် သွင်းသည့် သုတေသနစာတမ်းများ စသည်တို့ကိုလည်း ထိုလမ်းညွှန် စာ တမ်းနှင့်အညီ ပြုစုကြရန် သတ်မှတ် ထားပါသည်။

ပြဿနာတစ်ခု ကြုံရပါသေး သည်။ အောက်ခြေမှတ်စုနှင့် ကျမ်း ကိုးစာရင်းတွင် စာရေးသူနာမည်ကို ရေးသားရာ၌ ‘ဒေါက်တာသန်းထွန်း’ ဆိုလျှင် ‘သန်းထွန်း၊ ဒေါက်တာ’၊’ ဒေါ်သန်းဆွေ’ဆိုလျှင် ‘သန်းဆွေ၊ ဒေါ်’၊ =ဦးလှထွန်း+ဆိုလျှင် ‘လှထွန်း၊ ဦး’ စသည်ဖြင့် ဝိသေသနပုဒ်များ ကိုချိုး၍ နာမည်နောက်သို့ ပို့ရသည့် စနစ်အတိုင်း ရေးသားရသည်။ သုတေသနလုပ်ငန်းနှင့် မယဉ်ပါး သော အသက်ကြီးပိုင်း ဆရာ၊ ဆရာမအချို့က ထိုသို့ နာမည်ချိုး သည်ကို ‘လူကြီးကို မရိုသေရာကျ သည်။ အဂါရဝဖြစ်သည်’ ဟုဆိုပြီး သဘောမကျကြောင်း ပြောကြသည်။ ပညာရပ်ဆိုင်ရာ သုတေသနစာတမ်း မှန်သမျှ ထိုပုံစံအတိုင်း ရေးနေသည့် အပြင်၊ စာကြည့်တိုက်များတွင် စာအုပ် ကက်တလောက်ပြုစုရာ၌ ထို စနစ်အတိုင်း ကျင့်သုံးနေသည်မှာ ကြာပါပြီ။ သုတေသနစာတမ်းများကို ကိုယ်တိုင် ဟုတ်တိပတ်တိ ရေးဖူး ဟန်မတူသော ဆရာ၊ ဆရာမအချို့က ထိုစနစ်ကို သဘောမပေါက်ဘဲ ပြော နေကြခြင်းဖြစ်သည်။

အစည်းအဝေးတစ်ခုတွင် သုတေသနလုပ်ထုံးလုပ်နည်းအရ မူလနာမည်များ၏ ရှေ့စာလုံးကို အက္ခရာစဉ်နိုင်အောင် ‘ဦး၊ ဒေါ်’ စသည့် ဝိသေသနများကို နောက်သို့ ပို့ရခြင်းဖြစ်ကြောင်း၊ မလေးစား၍ မဟုတ်ကြောင်း၊ နိုင်ငံတကာကျင့်သုံး သည့်စနစ်ဖြစ်ကြောင်း စသည်ဖြင့် အကျိုးသင့်အကြောင်းသင့် ရှင်းပြ သည်ကို နားမဝင်သော ဆရာမတစ် ယောက်က ‘ဘယ်သူတွေလုပ်တဲ့စနစ် ဖြစ်ဖြစ်၊ ဘုရားဟောစကားမှမဟုတ် တာ။ ပြင်လို့ရရမှာပေါ့” ဟု ထင်ရာ မြင်ရာ ဇွတ်ပြောနေသည့်အတွက် မဲခွဲဆုံးဖြတ်ရသည့် အခြေအနေသို့ ပင် ရောက်သွားပါသည်။ နာမည်ချိုး သည့်စနစ်အတိုင်းကျင့်သုံးရန် အများ သဘောတူသော်လည်း ထိုဆရာမ က လက်မလျှော့သေးဘဲ အနှောင့် အယှက်၊ အဟန့်အတားအမျိုးမျိုးလုပ် ပါသေးသည်။ သုတေသန အခြေခံ သုတေသနပုံစံနှင့်အညီ ကျမ်းများ ပြုစုရန် ဆုံးဖြတ်လိုက်တော့မှ ပြဿနာပြီးသွားပါတော့သည်။ သင် ခန်းစာယူစရာများအဖြစ် တင်ပြခြင်း ဖြစ်ပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*