ကြီးမြတ်ပါသည် အကယ်ဒမီ ဒါရိုက်တာမောင်ဗေဒါ

ကြီးမြတ်ပါသည် အကယ်ဒမီ ဒါရိုက်တာမောင်ဗေဒါ
April 2, 2018 Asian Fame Media
ကြီးမြတ်ပါသည် အကယ်ဒမီ ဒါရိုက်တာမောင်ဗေဒါ

၂ဝ၁၇ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကြီး ခမ်းနားအောင်မြင်စွာ ပြီးမြောက်လေပြီ။ ဒီပွဲကြီး ခမ်းနားပုံ နဲ့ ချီးမြှောက်မှုကလည်း ကျက်သရေ တိုး မြတ်နိုးဂုဏ်ယူစရာအတိ၊ အဟိ ထောမနာနှင့် ပြောစရာတွေ သမိုင်းတင် ကျန်ခဲ့ပါပြီ။ဒီပွဲကြီး နိုင်ငံတော်အဆင့် ဖြစ်ခဲ့သည်ကလည်း အထင်ကရ၊ ဂုဏ်ယူ ဝမ်းမြောက်စရာပေ။ သမိုင်းဝင်ပွဲ ကြီးဖြစ်လို့ပါ။ လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက် ရောက်ချီးမြှင့်ခဲ့တာကလည်း ရုပ်ရှင်လောကအတွက် ကြီးမြတ်စွာ ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။ အကယ် ဒမီ ပွဲကြီးဟာ ကြယ်စင်များနဲ့လင်း လက်ရုံမက ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်ခဲ့ပြီး သမိုင်းဝင်၊ သမိုင်း တင်ကျန်ခဲ့တဲ့ ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့ရ တာကိုလည်း မှတ်တမ်းတင် နိုင်ခဲ့ရလေပြီ။

ပြီးခဲ့သည့် သုံးနှစ်၊ ၄ ကြိမ်သော အကယ်ဒမီပွဲကြီးများ ကျင်းပခဲ့ရာ မှာ လူထုခေါင်းဆောင်တက်ရောက် ချီးမြှင့်နိုင်ခြင်း မရှိခဲ့ပါ။ အခု ၂ဝ၁၈ခုနှစ်မှာ ကျင်းပတဲ့ ၂ဝ၁၇ ခုနှစ်အတွက် အကယ် ဒမီချီးမြှင့်ပွဲ အခမ်းအနားသို့ လူထု ခေါင်းဆောင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အားပေး ချီးမြှင့်ခြင်းက အကယ်ဒမီပွဲ အခမ်းအနားကြီးကို ပို၍ကြီးမြတ်တင့်တယ်ထည်ဝါစေခဲ့ ပါတယ်။ နိုင်ငံခေါင်းဆောင် တက် ရောက်ခိုက် ပထမဆုံးအကြိမ် ချီးမြှင့် တဲ့ ရုပ်ရှင်’တစ်သက်တာဆု’ကလည်း ဂုဏ်အင်္ဂါတွေနဲ့ ပြည့်စုံလှပ နေ ပါတယ်။ တစ်သက်တာဆု ဂုဏ်ပြု ပွဲကြီးဟာ လောကကြီးကို အလှဆင် လိုက်သလိုပါပဲ။ ဘဘ ဗိုလ်ကလေး တင့်အောင်ကို ချီးမြှင့်၊ ဘဘဂုဏ် အင်္ဂါတွေ မြောက်အောင် ကြိုးစား တင်ဆက်ရပါတယ်။ ဘဘ ရေးခဲ့တဲ့ တေးစာသားတွေနဲ့ ဘဘကို ဂုဏ်ပြု ကန်တော့ကြတာပါ။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဘဘကိုလက်အုပ်ချီ ကန်တော့ပြီး ရုပ်ရှင်တစ်သက်တာဆု ချီးမြှင့်ပုံက အကယ်ဒမီပွဲကြီးကို ကြီးမြတ်ထည်ဝါစေခဲ့ပါပြီ။ ဘဘ လျှောက်မယ့်လမ်း ပန်းခင်းတာက အစပေါ့။ ဂုဏ်ရှိန်ထည်ဝါလို့ ကြီး မြတ်တဲ့ပွဲပါပဲ။ ဘဘဆုယူပြီး ပြန်ပို့တဲ့အခါ

”ဒီလိုညများ အခါတစ်ရာမက ရှိပါ ရစေ။ ဒီလိုညပေါင်းအခါတစ် သောင်းမကရှိပါရစေ” အဲဒီစာသား ကပွဲတက်သူအားလုံး ကြက်သီး မွေး ညင်းထပြီးရင်ထဲစို့လို့ မျက်ရည်ကျစေ ခဲ့ပါတယ်။ ကျွန်တော်တို့ရင်ထဲမှာ အကြိမ်ပေါင်းများစွာ ဘဘအတွက် ပေးဆပ်ခဲ့ပါတယ်။ အားလုံးထိုင်ရာ ကထပြီး အရိုအသေပေးခဲ့ရာမှာ လူထုခေါင်းဆောင် အရင်ဆုံး မတ် တတ်ရပ်ပြီး ဂုဏ်ပြုနေပါပြီ။ ဘဘ နေရာပြန်ရောက်တော့ လူထုခေါင်း ဆောင်က လက်အုပ်ချီကြိုဆိုနေ ပါတယ်။ ကြည်နူးစရာ အလွန် ကောင်းနေတာပါ။ ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲ ၃ နှစ်လုံး တစ်သက်တာဆုပေးဖို့ ကျွန် တော်တာဝန်ရှိတဲ့သူတွေကို တင်ပြခဲ့ တယ်။ ခွင့်ပြုနိုင်ခြင်း မရှိပါဘူး။ အစဉ်အလာမရှိလို့ပါတဲ့။ အခု ၂ဝ၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ တစ်သက်တာဆုပေးဖို့ ထပ်မံ တောင်းဆိုပါတယ်။ နိုင်ငံတကာမှာ ရှိသလို၊ ပြည်တွင်း၊ စာပေ၊ ဂီတမှာ လည်း ရှိကြပါတယ်။ ကျွန်တော် Proposal တင်ပါတယ်။ ရုပ်ရှင် အစည်းအရုံးအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ချက်နဲ့ ခွင့်ပြုခဲ့ပါတယ်။

အဲဒီနောက် ကျွန်တော်ဖျော်ဖြေ ရေးတာဝန်ယူပြီး presentation ရေးသားတင်ပြခဲ့ပါတယ်။ ဒါရိုက်တာ ဝိုင်းက LED မှာ တင်ပြမယ်။ ဘဘရဲ့ ဖြတ်သန်းမှု အနုပညာ အကြောင်း၊ ဂီတမှူးကိုသက် (Oasis) က ဘဘရဲ့တေးစာသားများ ကောက်နုတ်၍ အသံပိုင်းပြန်တီးပြီး အဆိုကို ကိုရန်လေးလို့ခေါ်တဲ့ အကယ်ဒမီ ၆ ဆုရှင် ရန်အောင်နဲ့ နှင်းဝတ်ရည် (ယဉ်ကျေးမှုတက္ကသိုလ် ဆင်း)တို့ကို သီဆိုစေခဲ့တယ်။ ကျွန်တော် ဒါရိုက် တာမောင်ဗေဒါက ဖျော်ဖြေရေးအက သရုပ်ဖော် ဝတ်စုံ နဲ့ ပန်းကြဲဖို့ကအစ အသေးစိတ် ရေး ဆွဲစီမံခဲ့တယ်။ ရန်အောင်နဲ့ မေသန်း နုကိုလည်း အဓိကထား ပါဝင်စေ ခဲ့ပါတယ်။ ဂီတမှူးကို သက်ရဲ့ တေးဂီတလက်စွမ်းက အံ့မခန်း စရာပဲ။ ကျွန်တော်တို့ ၁၆ ရက်၊ အက တိုက်ခဲ့တယ်။ စင်ပေါ်မှာ ၃ ရက် ကျင့်ခဲ့တယ်။ ၂ဝ၁၅၊ ၂ဝ၁၆၊ ၂ဝ၁၇ ခုနှစ်က သရုပ်ဆောင် သင်တန်း ဆင်းတွေနဲ့ ယဉ်ကျေးမှု တက္ကသိုလ်က အနုပညာအကအဖွဲ့တွေ ပူး ပေါင်း လေ့ကျင့်ထားတာပါ။ ဒီပွဲကြီးကို ကျွန်တော်တအားဖြစ် မြောက်စေချင် တာပါ။ တအားလည်း မျှော်လင့်ခဲ့ပါ တယ်။ ဒီပွဲအောင်မြင်ဖို့ အဓိက ပံ့ပိုးပြီး စိတ်ရာလူပါ တွန်း အားပေး တာကဥက္ကဋ္ဌ ဦးဇင်ဝိုင်း (ကိုဌေး)ပါ။

ကိုဌေးတွန်းအား တအားများ နေတော့ ကျွန်တော့်တို့လည်း မနား မနေ ကြိုးစားရတာပေါ့။ ပါဝင်ကပြ တဲ့ လူငယ်မောင်မယ်များလည်း အထူးကြိုးစားခဲ့ကြပါတယ်။ ပွဲထွက် ကပြခါနီးထိ ကျွန်တော်စိတ်လှုပ်ရှား နေတယ်။ အောင်မြင်ဖို့အရေး စိတ် အေးအေးထားဖို့ မှာခဲ့တယ်။ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် အဆင့်လူကြီးမင်းများ တက်ရောက် နေလို့ အထူးဂရုစိုက်ဖို့ မှာခဲ့တယ်။ အချိန်ကြာလို့ LED က ဘဘအ ကြောင်း စပေါ်တာနဲ့ လက်ခုပ်သြ ဘာသံများ စီညံသွားလို့ အားတက်ခဲ့ ရတယ်။ ဘဘပြောစကားများနဲ့ ဘဝ ဖြတ်သန်းမှုပုံရိပ်တွေကို ပွဲတက် ရောက်သူ အားလုံးက ကြည်နူးချမ်း မြေ့စွာ အားပေးကြတယ်။ အဲဒီမြင် ကွင်းအပြီး ကျွန်တော်တို့ တင်ဆက် တာစထွက်လာတော့ မီးပုံးလှလှ လေးတွေနဲ့ အကအဖွဲ့စထွက်လာက တည်းက သြဘာသံညံသွားတယ်။ ပြီးတော့ ယဉ်ကျေးမှုအကအဖွဲ့နဲ့ အတူ ဘဘလက်ရာဖြစ်တဲ့ နွေမိန် တစ်ပေါင်း ရေအိုးကိုယ်စီနဲ့ ဖျော် ဖြေရင်း ပန်းများကို တံတားခင်း၍ ချစ်ခြင်းနှစ်သွယ် စာသားလေးနဲ့ ရန်အောင်နဲ့ မေသန်းနုတို့က ဘဘ ကိုလာခေါ်တော့မှ ဘဘစင်ပေါ် တက် ရမယ်ဆိုတာ သိတော့တယ်။

ဘဘပျော်နေတယ်။ တေးစာ သားအားလုံးက ဘဘလက်ရာတွေ။ ဘဘကို ချီးမြှောက်ဂုဏ်ပြုတဲ့ ပွဲပါ။ ပိုပြီးထည်ဝါကြီးမြတ်ချင်တော့ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် ဘဘကို တစ်သက်တာဆု တက်ရောက်ချီးမြှင့် ခဲ့တယ်။ ဘဘရဲ့ စကားလုံးတိုင်းဟာ အသက်ဝင်လှပါတယ်။ အားလုံးစီး မျောနေချိန်၊ ဘဘစင်ပေါ်မှပြန်အ ထွက် ဒီလိုညမျိုးစာသားဟာ ကွက်တိ ရင်ကိုထိမှန်စေခဲ့တယ်။ အားလုံး မတ်တတ်ရပ်လေးစားသမှု ပြုကြ တယ်။ ရင်ထဲဆို့ပြီး မျက်ရည်ကျခဲ့ရ တယ်။ ဘဘကိုချီးမြှောက်တဲ့ ရုပ်ရှင် တစ်သက်တာဆုချီးမြှင့်ပွဲ တက်ရောက်လာသူအားလုံးနဲ့ TV ဖန်သားပြင်မှ ကြည့်နေသူပြည်သူများ ပါ စွဲကျန်စေခဲ့ပါတယ်။ တသသနဲ့ ပြောကျန်ခဲ့တာပါ။ ကျွန်တော်တို့ ဟင်းချခဲ့ရတယ်။ သရုပ်ဖော်မှာ ပါဝင်သူများအားလုံး ကို ကျေးဇူးတင်စကား ပြောခဲ့နိုင် တယ်။ ဒီပွဲကြီးက သမိုင်းဝင်ခဲ့ပါပြီ။ ပျော်ရွှင်ကြည်နူးစရာ အတိပေါ့။ ကျွန်တော် Forever က တာဝန်ကျ လူငယ်များကို ကျေးဇူးတင်ကြောင်း ပြောပြီး လက်ဆွဲနှုတ်ဆက်ခဲ့တယ်။

ဒီနှစ်အကယ်ဒမီပေးပွဲကြီး အလွန်ခမ်းနားထည်ဝါခဲ့ရာမှာ မိတ်ဖက် Forever Group မှ တာ ဝန်ရှိသူ အားလုံးရဲ့ ပံ့ပိုး ကူညီမှုအား ကောင်းလို့ပါလို့၊ နောက်ရက်အကယ် ဒမီများရှင်တို့ကိုဂုဏ်ပြုပွဲတက် ရောက်စဉ် င်္Forever Group CEO ဦးဝင်းမော် ကို နှုတ်ဆက်ပြီး ပြောဆို ခဲ့ပါတယ်။ အဲဒီညကပွဲမှာ ဘဘကိုယ် တိုင်နဲ့ ဥက္ကဋ္ဌ၊ နာယကများက ကျွန်တော် တို့ကို ချီးမြှောက်စကား ပြောဆို အားပေးခဲ့ပါတယ်။ ကျွန် တော် ဝမ်းမြောက်ရ၊ ကြည်နူးရသလို၊ ပါဝင်လုပ်အားပေးသူများကလည်း ပျော်ရွှင်ကြည်နူးမှုကိုရရှိစေချင်ပါ တယ်။ အခုနှစ် အကယ်ဒမီပွဲကြီးဟာ လွန်စွာမှ ခြိမ့်ခြိမ့်သဲသဲ အောင်မြင် ခဲ့တဲ့ ပွဲကြီးတစ်ပွဲပါ။ ရင်ထဲမှာ ဆို့၍ နင့်၍ ကျန်ခဲ့တဲ့ သမိုင်းဝင်ပွဲကြီး တစ်ပွဲအဖြစ် ဂုဏ်ယူမှတ်တမ်းတင်ခဲ့ ရပါတယ်။

ဒါရိုက်တာ မောင်ဗေဒါ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*