မိန်းကလေးချင်းချစ်တာကို Supporting လုပ်ပေးခဲ့တဲ့ Sophia Everest

မိန်းကလေးချင်းချစ်တာကို Supporting လုပ်ပေးခဲ့တဲ့ Sophia Everest
December 11, 2017 AsianFame MediaGroup
မိန်းကလေးချင်းချစ်တာကို Supporting လုပ်ပေးခဲ့တဲ့ Sophia Everest

မိန်းကလေး နှစ်ယောက်ရဲ့ ချစ် ခြင်း မေတ္တာအကြောင်းကို ဖော်ကျူး ပုံဖော်ထားတဲ့ “IDFC” သီချင်းအကြောင်း ဆိုဖီယာနဲ့ တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့ပါတယ်။ ဒီ သီချင်းကို ဆိုဖီယာနဲ့ စန္ဒီ မြင့်လွင်တို့က သီဆိုထားတာ ပါ။ ဒီသီချင်းနဲ့ပတ်သက်ပြီး ဆိုဖီယာပြောပြတာက… ” အဓိကကတော့ မိန်းမချင်း ကြိုက်တဲ့ ပုံစံပေါ့။ LGBD ရဲ့ အဓိပ္ပာယ်က Lesbian, Gay, Bisexual, Transgender ပေါ့။ သဘာဝမဟုတ်ဘဲနဲ့ ဖြစ် ပျက်နေတဲ့ အရာတစ်ခုကို မြန်မာနိုင်ငံမှာ လက်မခံကြ သေးဘူး။ တခြားနိုင်ငံတွေမှာတော့ လက်ခံနေကြပါပြီ။ ဒါပေမဲ့ ဆိုဖီတို့ ဘက်ကနေပြီးတော့ အဲဒီ သဘာဝ လွန်ဆန်တဲ့ အရာတစ်ခုကို လက်ခံဖို့ အတွက် ဒါတွေကလည်း ကိုယ်တွေ သဘာဝဖြစ်နေတာနဲ့ အတူတူပါ   ပဲ။ ချစ်တာက ချစ်တာပဲပေါ့နော်။ အဓိကက LGBD မှာ Lesbian ကို အဓိကထားပြီးတော့ ဆိုဖီတို့ ဆိုထား တာပေါ့နော်။ အဲဒီတော့ မိန်းမချင်း ချစ်တဲ့ဟာကို ကိုယ်က Supporting လုပ်တဲ့ ပုံစံမျိုးပေါ့” လို့ပြောပြပါ တယ်။

အဲဒီလို မိန်းကလေးချင်း ကြိုက် တဲ့ ပုံစံမျိုးကြီးကို Cover Photo အနေနဲ့ ရိုက်တုန်းက မြန်မာနိုင်ငံ အနေအထားနဲ့ ဝိုင်းပြောခံရမှာ      မကြောက်ခဲ့ဘူးလားလို့ မေးတော့ …  ” ဆိုဖီတို့ အမှန်ပြောရရင် အဲဒီ ထက်တောင်မှ ထိထိရောက်ရောက် ကြမ်းချင်သေးတာ။ ဒါပေမဲ့ မြန်မာ နိုင်ငံရဲ့ အနေအထားကိုလည်းကြည့်ရ တယ်။ ဒီ Lesbian  သီချင်းက ပထမ ဦးဆုံး သီချင်းလည်းဖြစ်တယ်။ နောက်တစ်ခုကကျတော့ ဆိုဖီနဲ့ မစန္ဒီမြင့်လွင်နဲ့က မိန်းကလေးချင်း ချစ်ခြင်း မေတ္တာပေါ်မှာ ဆိုမယ့်ဟာ ကို Cover ရိုက်မှာမို့လို့ ဆိုဖီတို့ ဒီလိုမျိုး ရိုက်မှရမယ်။ မိန်းကလေး၊ ယောက်ျားလေး ကိုယ်တွေ့ခဲ့တာများ ပြီ။  အဲဒါ ဒီ့အရင်ကတည်းက လူ တိုင်း လက်ခံတယ်။ မိန်းကလေးချင်း ကို လူတိုင်း လက်မခံသေးဘူး။ အဲဒါ ကို လက်ခံဖို့ အရင်ဆုံး ဓာတ်ပုံအနေ နဲ့ ပရိသတ်ကို ချပြလိုက်တယ်။ ပြီး တော့မှ သီချင်းနဲ့ လာမယ်ပေါ့” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*