သဘင်၊ ဂီတအနုပညာရှင်များနဲ့ မီဒီယာ

သဘင်၊ ဂီတအနုပညာရှင်များနဲ့ မီဒီယာ
July 4, 2017 Asian Fame
သဘင်၊ ဂီတအနုပညာရှင်များနဲ့ မီဒီယာ

gpခေတ်ရဲ့တိုးတက်လာမှုတွေနဲ့ အတူ မီဒီယာတွေကလည်း ပြည်သူ တွေက သတင်းတွေတင်ဆက်ပေး မှုမှာ ပိုမိုမြန်ဆန်လို့လာခဲ့ပြီဖြစ်သလို ပြည်သူချစ်ကြတဲ့ အနုပညာရှင် တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေအနေနဲ့ မီဒီယာတွေရဲ့ အချိန်နဲ့တပြေးညီ တင်ဆက်မှုတွေ ကြောင့် ပိုမိုမြန်ဆန်စွာသိရှိလာခဲ့ရပါပြီ။ ဒါ့အပြင် မြန်မာပြည်အနှံ့ မှာ ကပြဖျော်ဖြေနေတဲ့ ဇာတ်အဖွဲ့တွေနဲ့ သီဆိုဖျော်ဖြေနေကြတဲ့ အဆိုတော်တွေရဲ့လှုပ်ရှားမှုတွေအကြောင်းကိုလည်း သိချင်နေကြတဲ့ ပရိသတ်တွေအတွက် လည်း မီဒီယာတွေရဲ့ သတင်း ဖော်ပြတင်ဆက်မှုတွေကြောင့် အားလုံးက သိရှိနေကြပါပြီ။ ဒါကြောင့်လည်း သဘင်၊ ဂီတအနုပညာရှင်တွေနဲ့ မီဒီယာတို့ရဲ့ ဆက်သွယ်မှု ကိုလည်း အခုလို မေးမြန်းဖော်ပြ တင်ဆက်လိုက်ရပါတယ်။

************************

ကိုအောင်ကျော်ထွန်း
မီဒီယာနဲ့ အနုပညာရှင်ကတော့ တိုက်ရိုက်ဆက်သွယ်မှုရှိပါတယ်။ မီဒီယာကြောင့်လည်း ကျွန်တော်တို့ အနုပညာရှင်တွေက Public ကိုပိုပြီးတော့ သိစေသလို မီဒီယာ တွေကလည်း ကျွန်တော်တို့အနု ပညာရှင်တွေရဲ့ သတင်းတွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို ဖော်ပြ တဲ့အတွက်ကြောင့်မို့ သူတို့အနေနဲ့ ကလည်း မီဒီယာကပိုပြီးတော့အား ကောင်းစေတယ်ပေါ့။ ကျွန်တော့် အမြင်ကတော့ မီဒီယာနဲ့ အနုပညာ ရှင်က တစ်ဖက်နဲ့တစ်ဖက် ကိုင်း ကျွန်းမှီကျွန်းကိုင်းမှီ တိုက်ရိုက် အချိုးကျပါတယ်လို့ မြင်ပါတယ်။

တင်မောင်ဆန်းမင်းဝင်း
မီဒီယာက ကျွန်တော်တို့ သဘင်သမားတွေ အတွက် အင်အား ပါပဲ။ ပရိသတ်တွေ ကြားထဲကို ကျွန်တော်တို့ရဲ့ ပြောစကားတွေ ရောက်ရှိအောင် လုပ်ပေးတာက မီဒီယာပါ။ သဘင်သမားတွေ အတွက် နေရာပေါ်ထွန်းရေးမှာ မီဒီယာက တစ်ဝက်ပါပါတယ်။ သဘင်သမားတွေ ပရိသတ် ရင်ထဲကို ရောက်ဖို့အတွက် မီဒီယာရဲ့ အတိုင်း တာကို အများကြီးတွေ့ရပါတယ်။ ဒါကြောင့် မီဒီယာတွေအားလုံးကို လေးစားလျက်ပါ။ အားလုံးကို ကျေးဇူးလည်း တင်ပါတယ်။

G.Fatt
ကျွန်တော်နဲ့ မီဒီယာဆရာ၊ ဆရာမတွေနဲ့ကတော့ ကျွန်တော် အောင်မြင်လာတဲ့ နှစ်အပိုင်းအခြား ကနေစပြီးတော့ ဒီနေ့အချိန်အထိကို ကျွန်တော့်ရဲ့ အခွေကိစ္စတွေ၊ တခြား ကျွန်တော့်ရဲ့ Activity တွေရော ပရိသတ်တွေကို ကျွန်တော်နဲ့ တစ်ဆင့်ပေါင်း ကူးတံတားအဖြစ် ဆောင်ရွက်ပေးခဲ့ကြတာပါ။ စည်း စည်းလုံးလုံးနဲ့ အဆင်ပြေပြေ ဖြစ်ခဲ့ပါတယ်။
နောက်လည်း ရေရှည် ကို လက်တွဲသွားဦးမှာပါ။ တကယ်ကို ကျွန်တော့်အတွက် အပေးအယူ မျှတစွာနဲ့ အဆင်ပြေပြေဆောင် ရွက်နိုင်ပေးနိုင်တဲ့ မီဒီယာဆရာ၊ ဆရာမတွေနဲ့ နောက်ထပ်နှစ်ပေါင်းများစွာ လက်တွဲသွားဦးမှာပါ။

ရတနာမိုင်
မီဒီယာတွေ ရှိနေလို့သာ ညီမတို့ရဲ့ သတင်းတွေကို ပရိသတ် တွေအတွက် ချပြခွင့်ရတာပါ။မီဒီယာ က မရှိလို့မဖြစ်ပါပဲ။ မီဒီယာတွေ ရှိတဲ့အတွက် ပရိသတ်တွေဆီကို အနုပညာရှင်တွေ အတွက် ပေါင်းကူး အနေနဲ့ ကိုယ့်ရဲ သတင်းလေးတွေကို ပေးပို့လို့ရတာ ပါ။ အဲဒီအတွက် မီဒီယာဆိုတာ ညီမတို့လို အနုပညာရှင်တွေ အတွက် အရေးကြီးပါတယ်။

ပိုပို
မီဒီယာက ဆရာ၊ ဆရာမတွေနဲ့ ပိုနဲ့ကတော့မောင်နှမတွေလို၊ ဆွေမျိုးတွေလို ကိုဖြစ်နေပါပြီ။ ပို ‘ချစ်ဖူးခဲ့သမျှ’ စီးရီးခွေထွက်က တည်းက ဝိုင်းဝန်းရေးသားဖော်ပြ ပေးခဲ့ကြတာ အခုပို့ရဲ့ ‘Master Pieces’ စီးရီးခွေ ထွက်တဲ့ အထိပါပဲ။ ပိုတို့လို အနုပညာရှင်တွေအတွက် ကတော့ ပရိသတ်တွေနဲ့ အဆက် မပြတ်စေဖို့ မီဒီယာဆရာ၊ ဆရာမ တွေရဲ့ ပံ့ပိုးမှုတွေ အများကြီးလို အပ်ပါတယ်။ မီဒီယာကနေ ဖော်ပြ ပေးနေတဲ့ ပိုတို့ရဲ့ သတင်း တွေ တိုင်းက သိပ်ကိုအရေး ပါလှပါတယ်။
မီဒီယာ ဆရာ၊ ဆရာမ တွေနဲ့ ကတော့ ပိုပိုဆိုပြီးဖြစ်လာ ကတည်း က ကောင်းမွန်တဲ့ ဆက်ဆံရေးရှိ သလိုနောက်ထပ် နှစ်ပေါင်းများစွာ တိုင်အောင် လည်းဒီ Relationship ကိုဆက်လက် ထိန်းသိမ်းသွား ပါဦးမယ်လို့ ပြောချင်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*