Miss Myanmar World 2017 ဆန်ခါတင် ရွေးချယ်ပွဲမှာ အကဲဖြတ်ဒိုင် အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဝိုင်းလေး

Miss Myanmar World 2017 ဆန်ခါတင် ရွေးချယ်ပွဲမှာ အကဲဖြတ်ဒိုင် အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဝိုင်းလေး
April 7, 2017 Asian Fame
Miss Myanmar World 2017 ဆန်ခါတင် ရွေးချယ်ပွဲမှာ အကဲဖြတ်ဒိုင် အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဝိုင်းလေး

WineLayMiss Myanmar World 2014 အလှမယ် ဝိုင်လေးက ယခု နှစ်ကျင်းပမယ့် Miss Myanmar World 2017 ပြိုင်ပွဲကြီး အတွက် ဆန်ခါတင်အယောက်၂ဝ ရွေးချယ်ပွဲမှာ ဒိုင်အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ ဆန်ခါတင် ရွေးချယ်ပွဲမှာ ပြိုင်ပွဲဝင်များကို ဒိုင်တစ်ဦး အနေနဲ့ ရွေးချယ် ဆုံးဖြတ်သွားတဲ့ ပုံစံကို အလှမယ်ဝိုင်းလေးက…

“ပြိုင်ပွဲအတွက် အယောက် ၄ဝကနေ အယောက်၂ဝ ရွေးချယ်တဲ့ အချိန်မှာပါမှာပါ။ အရင်က ဆိုရင် အယောက် ၄ဝကနေ ၂ဝရွေးတဲ့ အခါမှာ Question and Answer မေးတယ်။ ဒီနှစ်ကတော့ ဒိုင်၃ ယောက် ပဲရွေးမယ်။ အဲဒီဒိုင်၃ ယောက် ကမှ ညီမတို့ ရွေးချယ်မယ့် ပုံစံက တစ်ယောက်ကိုမှ တစ်ကိုယ်လုံး အလှအပရယ်၊ Cat Walk တွေရယ်ကို ညီမတို့ ဆုံးဖြတ်မယ်။ မေးခွန်းတွေ မေးမယ်။ အဲဒီအပြင် မျက်နှာဆို အသေးစိတ်ကို ကြည့်မယ်။ သူတို့ရဲ့ အပြုံးတွေ၊ သွား၊ မျက်လုံးတို့ကို သေချာ ကြည့်ပြီး ဆုံးဖြတ် ရွေးချယ်သွားမယ်။ အခုလို ဒိုင်တစ်ယောက် အနေနဲ့ ပါဝင်ရလို့လည်း တအား ရင်ခုန်ပါတယ်။ တကယ်လည်း ရွေး ချယ်ပေးတဲ့ အခါမှာ မှန်မှန်ကန်ကန် ဖြစ်အောင် ဒိုင်တွေ အားလုံး တိုင်ပင်ပြီး ရွေးချယ်သွားမယ်။ အဓိကကတော့ ကိုယ့် နိုင်ငံကို ဂုဏ်ဆောင်မယ့် သူတစ်ယောက် ဆိုတော့ ညီမတို့ ရွေးချယ်တဲ့အခါ မှာလည်း တကယ်ကို လှပ ချောမောတဲ့ သူကိုရွေးချယ် ချင်ပါတယ်။ အဲဒီတော့ ညီမတို့ နိုင်ငံမှာ အင်မတန် လှပချောမောတဲ့ သူတွေ အများကြီး ရှိပါတယ်။ သူတို့တွေ အိမ်မှာပဲမနေဘဲ ဒီပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်စေချင်တယ်။ ပြိုင်ပွဲမှာ ဆုရသည်၊ မရသည်ကို အဓိက မထားဘဲ ကိုယ်ဘယ် လောက် ထိ ကြိုးစားနိုင် လဲဆိုတာ ကိုယ့် ကိုယ်ကိုယ် စိန်ခေါ်မှု ပြုလုပ်ပြီး ဒီပြိုင်ပွဲ ကိုလာရောက် ယှဉ်ပြိုင်စေချင်ပါတယ်” လို့ ပြောပြပါတယ်။

ဒီနှစ် ကျင်းပမယ့် Miss Myanmar World 2017  ပြိုင်ပွဲက တအား ထူးခြားမှုရှိ ကြောင်းနဲ့ သူဝင် ရောက် ယှဉ်ပြိုင်ခဲ့စဉ်က ပြိုင်ပွဲ မှာရရှိခဲ့တဲ့ မေ့မရနိုင်တဲ့ အတွေ့အကြုံ အဖြစ်အ ပျက်ကလေးကို အလှမယ် ဝိုင်းလေးက အခုလို ပြန်လည် ပြောပြခဲ့ပါတယ်။

“ဒီနှစ် ဝင်ပြိုင်ကြမယ့် သူတို့ အစား ညီမရင်တအား ခုန်ပါတယ်။  ဘာ လို့လဲဆိုတော့ ဒီနှစ်က တအား ထူးခြားတယ်။ Mission တွေက လည်း အများကြီးပါ တယ်။ ပြီးတော့ ပုံမှန် ညီမတို့ Trip တွေသွား တယ် ဆိုတာထက်ကို ဒီနှစ်က နေ့ရက်တိုင်း မှာ ပြိုင်ပွဲ လိုဖြစ်နေမှာ ဆိုတော့ တအားကို စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ ညီမတောင်ပြန် ပြီးဝင်ပြိုင် ချင်မိပါတယ်။ အခုချိန်က ပြိုင်ပွဲ အတွက် ပြင်ဆင်နေတဲ့ အချိန်ဆို တော့ ညီမတို့ ပြိုင်ပွဲတုန်းက ပြိုင်ပွဲဝင် ညီမတွေကို လွမ်း တယ်။ နောက်ပြီးတော့ ပြိုင်ပွဲ တောက်လျှောက် မှာလည်း တအား ပင်ပန်းခဲ့တယ်။ အ တိုက် အခိုက်တွေ ဆိုလည်း အ များကြီးပဲ။ ဘာလို့လဲဆိုတော့ ကိုယ်က အိပ်မက်ဆုံရာက လာ ခဲ့တဲ့အတွက် အတိုက်အခိုက် ဆိုတာလည်း  သူများထက်ညီမ ၂ဆခံခဲ့ရတယ် ဆိုတော့ ဒီလို အချိန်မျိုးက ညီမ အတွက် လုံးဝ ကို မေ့မရတဲ့အချိန် မျိုးပါပဲ” လို့ အတိတ်က ပြိုင်ပွဲမှာ တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာများ ကို ပြန်လည် ပြောပြခဲ့ပါတယ်။ အလှမယ်ဝိုင်း လေးက “ဆယ်လ်ဖီ” ဆိုတဲ့ တစ်ကိုယ် တော်စီးရီးခွေကို ထွက်ရှိခဲ့ပြီး ဒုတိယ တစ်ကိုယ်တော် စီးရီးခွေ ကိုလည်း အောက်တိုဘာလ လောက်မှာ ထပ်မံ ထွက်ရှိလာနိုင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*