Tuesday, February 3, 2026

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြုကိရိယာတစ်ရပ်အဖြစ်...

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြု ကိရိယာတစ်ရပ်အဖြစ် သုံးစွဲကြရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှ ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၌...

ကြို့ပင်ကောက်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိသစ်ပင်ကိုဝင်တို-က် (၂)...

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိ သစ်ပင်ကိုဝင်တို-က်မိခဲ့မှု ဖေဖော်ဝါရီ ၂ ရက်ည ၈ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းနှင့် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးတို့တွေ့ဆုံ

အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်ကြိုးပမ်းမှုများကိုတန်ပြန်ခြင်းအားဆွေးနွေး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံ တော်သမ္မတရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး ဦး တင်အောင်စန်းနှင့် ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူတို့ ဖေဖော်ဝါရီ ၂ ရက်က...

အကြမ်းဖက်အဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲ ကျောင်းသားငယ်(၂)ဦးဒဏ်ရာရခဲ့မှု...

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လက် နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လက် နက်ကြီးကျည်များသည်...
HomeEntertainmentရုရှားနိုင်ငံမှာ မြန်မာ့အနုပညာတွေ တင်ဆက်ကြမယ့်...

ရုရှားနိုင်ငံမှာ မြန်မာ့အနုပညာတွေ တင်ဆက်ကြမယ့် မြန်မာလူငယ်အဖွဲ့

မြန်​မာနိုင်​ငံ Private Teachers Association နဲ့ Russia နိုင်င်္င Vladivosok မြို့ Okean Children Centre တို့သ​ဘောတူညီချက်​ဖြင့်​ ဇူလိုင်လ ၁၈ ရက်နေ့မှ သြဂုတ်လ ၈ရက်​နေ့ထိ ရုရှားနိုင်ငံမှာကျင်းပမယ့် နိုင်​ငံ​ပေါင်း ၁၂ နိုင်​ငံ လူငယ်​​ရေးရာ နှီး​နှောဖလှယ်ပွဲတော်​ကို တက်​​ရောက် ဖို့ မြန်မာလူငယ်များက ဇူလိုင်လ ၁၅ ရက်နေ့ ညက ရုရှားနိုင်ငံကိုထွက်ခွာသွားကြပြီဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ မြန်မာနိုင်ငံ သဘင် အစည်းအရုံး (ဗဟို)မှ ဒုတိယဥက္ကဋ္ဌဦးမိုးဝင်း၊ ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင် တို့နဲ့အတူ လူငယ်၁၃ဦးလိုက်ပါသွားခဲ့ကြပါတယ်။

ရုရှားနိုင်ငံမှာမြန်မာ့အနုပညာတွေကို ပြသတင်ဆက်သွားကြမှာဖြစ်ပြီး အားကစား ပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ မြန်မာ့ရိုးရာအနုပညာတွေကို တင်ဆက်သွားမှာပါ။ အဲဒီ အတွက်လည်း ကျွန်တော်တို့အားလုံး လေ့ကျင့်သင်ကြားခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံအနေနဲ့ ဂုဏ်ယူစရာဖြစ်အောင် ကြိုးစားခဲ့မှာပါ။ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံပေါင်းစုံဆိုတော့ ကိုယ့်နိုင်ငံ မျက်နှာ ပန်းလှဖို့ သိပ်အရေးကြီးတယ်လေ” လို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး နေမိုးဝင်းက ပြောပါ တယ်။

ဒီခရီးစဉ်ကတော့ ရက်သတ္တပတ် ၃ပတ်ကြာ မြင့်မှာဖြစ်ပြီး ရုရှားနိုင်ငံရဲ့ အထင် ကရနေရာတွေကိုလည်းလေ့လာခွင့်ရရှိကြမှာ ဖြစ်ပါတယ်။ အဆိုပါ လူငယ်များကိုတော့ သဘင်မင်းသားကြီး ဦးချမ်းသာနဲ့ မြို့ရွှေမန်းသားဖိုးချစ်တို့က ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်ကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြုကိရိယာတစ်ရပ်အဖြစ် သုံးစွဲကြရန် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှာကြား

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြု ကိရိယာတစ်ရပ်အဖြစ် သုံးစွဲကြရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှ ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၌ AI နည်းပညာအခြေခံလုပ်ငန်းခွင် အသုံးချမှုသင်တန်းဖွင့်ပွဲတွင် မှာကြားခဲ့ခြင်းဖြစ်သည်။ AI နည်းပညာသည် မရှိမဖြစ်နည်းပညာတစ်ခုအဖြစ် ရပ်တည်လာပြီဖြစ်ရာ လုပ်ငန်းနယ်ပယ်များတွင် AI နည်းပညာကိုအသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာစေသည့် အားသာချက်များစွာရှိပြီး လိုအပ်သောအချက်အလက်များကို မြန်မြန်ဆန်ဆန်စုစည်း၍ စနစ်တကျအသုံးချလျက်ရှိသည်ဟု ပြောသည်။ ထို့ပြင် လူ့စွမ်းအား၊ စက်မှုစွမ်းအားများလျှော့ချပြီး AI နည်းပညာနှင့်အစားထိုး၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စက်မှုလက်မှုကဏ္ဍတို့တွင် ကျယ်ကျယ်ပြန့်ပြန့်...

ကြို့ပင်ကောက်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိသစ်ပင်ကိုဝင်တို-က် (၂) ဦး ဒ-ဏ်ရာရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိ သစ်ပင်ကိုဝင်တို-က်မိခဲ့မှု ဖေဖော်ဝါရီ ၂ ရက်ည ၈ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ ကြို့ပင်ကောက်မြို့နယ် ရန်ကုန်-ပြည်လမ်းသွားကားလမ်းအတိုင်းမောင်းနှင်လာသော ကားတစ်စီးသည် မိုင်တိုင်အမှတ် ၁၂၀/၂ အရောက် အရှိန်မထိန်းနိုင်ဘဲ ဂုမ္မကွင်းကျေးရွာရှိ လမ်းဘေးနေအိမ်ခြံဝန်းအတွင်းရောက်ရှိကာ ခြံဝန်းအတွင်းမှ သစ်ပင်ကိုဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ကားပေါ်မှ အမျိုးသား(၂)ဦးတွင် ထိခိုက်ဒ-ဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် ကြို့ပင်ကောက် မြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ပြီးနောက် မြတ်မွန်စေတနာလူမှုကူညီရေးအသင်းက ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းနှင့် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးတို့တွေ့ဆုံ

အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်ကြိုးပမ်းမှုများကိုတန်ပြန်ခြင်းအားဆွေးနွေး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံ တော်သမ္မတရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး ဦး တင်အောင်စန်းနှင့် ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူတို့ ဖေဖော်ဝါရီ ၂ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် လုံခြုံရေးကောင်စီများ၊ အထူးတပ်ဖွဲ့များနှင့် တရားဥပဒေစိုးမိုးရေး အေဂျင်စီများကြား ပူးပေါင်းဆောင်ရွက်မှု၊ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေးအပါ အဝင် သတင်းအချက်အလက်လုံခြုံရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုများကို တန် ပြန်ခြင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများနှင့် လေ့ကျင့်ရေးသင်တန်းများ ပံ့ပိုးကူညီပေးခြင်းဆိုင်ရာတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုပြီး ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းမှ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံသည်။ ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071