မြန်မာ့ရုပ်ရှင်အနုပညာရှင်သမားတိုင်း တန်ဖိုးထားရတဲ့ ရုပ်ရှင် တစ်သက်တာထူးချွန်ဆုကို ဒီနှစ်မှာလည်း ပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ အဆိုပါထူးချွန်ဆုကို ၂ဝ၁၂ ခုနှစ်တုန်းက ကွယ်လွန်သွားပြီဖြစ်တဲ့ ဒါရိုက်တာကြီး ဦးတင်ယုကပထမဆုံး အကြိမ်ရရှိခဲ့ဖူးပြီး စွယ်စုံရအနုပညာ ရှင်ကြီး တစ်ဦးဖြစ်တဲ့ ဘဘဘိုက လေးတင့်အောင်က မနှစ်က ၂ဝ၁၇ ခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုကို ရရှိခဲ့ကြောင်း ရုပ်ရှင် နာယကတစ်ဦး ဖြစ်တဲ့ ဒါရိုက်တာ ဦးနှင်းမိုးက ပြော ပါတယ်။
ယခုနှစ်မှာလည်း ရုပ်ရှင်အစည်းအရုံးက အဆိုပါဆုကို အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်ကို ပေး အပ်ချီးမြှင့်ဖို့အတွက် လျာထားလျက်ရှိတယ်လို့ ရုပ်ရှင်အစည်းအရုံး တာ ဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆု (ဂုဏ်ထူးဆောင်ဆု) ကို မြန်မာ့ရုပ်ရှင်သမိုင်းမှာ နှစ်ကြိမ်သာ ပေးအပ်ချီးမြှင့်ခဲ့ဖူးပြီး ယခု အကြိမ်ချီးမြှင့်မည်ဆိုပါက တတိယ အကြိမ်မြောက် ဖြစ်လာမှာဖြစ်ပါတယ်။
