Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeCelebrities' Newsရုပ်ရှင်ရိုက်ကူးတော့မယ့် ထိပ်ထားသခင်

ရုပ်ရှင်ရိုက်ကူးတော့မယ့် ထိပ်ထားသခင်

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ချစ်စရာဟန်ပန်အမူအရာတွေ၊ ချစ်စဖွယ်စကားသံတွေနဲ့ ပရိသတ် တွေအချစ်ကို ရရှိထားတဲ့ ၄ နှစ်အ ရွယ် ထိပ်ထားသခင်က ငယ်ငယ် လေးကတည်းက စကားတွေ တအား တတ်သလို၊ လည်လည်း လည်တာ ကြောင့် လူချစ်လူခင်ပေါများသူလေး ပါ။ ပရိသတ်တွေ သတိပြုမိလာပြီး နောက်ပိုင်းမှာ အနုပညာရှင်တွေနဲ့ အတူ ကြော်ငြာတွေ ရိုက်ကူးလာရာ အောက်တိုဘာလထဲမှာလည်း ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေး က ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကလေးပင်ပန်းမှာ စိုးတဲ့အတွက် ကြော်ငြာတွေ၊ ဇာတ်ကားရိုက်ကူးမှု တွေကို ကန့်သတ်ပြီး လက်ခံသွားမှာ ဖြစ်ကြောင်း မိခင်ဖြစ်သူ မမြသင်းကြူက …

“သူက သရုပ်ဆောင်တာတွေလည်း လုပ်နိုင်တယ်။ ကလေးဆို တော့ လည်း ငြီးငွေ့တာပေါ့။ ခဏခဏ ပြန်ရိုက်ရတာမျိုး သူမလုပ်ချင်ဘူး။ သူမလုပ် ချင်လည်း ရအောင် လုပ်ပေးတယ်။ အစ်မတို့ကတော့ သူလည်း မပင်ပန်းအောင် ခြားခြား ပြီးတော့ လက်ခံတယ်။ တချို့ ငြင်း သင့် တာလေးတွေလည်း ငြင်းရတာပေါ့။ သူပင်ပန်း မှာစိုးတော့ နေမကောင်းတဲ့အခါမျိုးကျရင် နားထားတာလည်းရှိတာပေါ့”လို့ ပြောပါ တယ်။ ထိပ်ထားသခင် Idol ဖြစ်တဲ့ သရုပ်ဆောင်ဖွေးဖွေးနဲ့အတူ ကြော် ငြာလည်း ရိုက်ကူးထားပါတယ်။ သူ ချစ်တဲ့အနုပညာရှင်နဲ့ အတူ ရိုက်ကူး ရတဲ့ အတွက်လည်း ပျော်ရွှင်လို့ နေပါတယ်။ မိခင်တစ်ယောက် အနေ နဲ့ သမီးအပေါ်ထား တဲ့ဆန္ဒနဲ့ ပတ် သက် ပြီး မမြသင်းကြူက…

” အစ်မတို့က ပညာတတ်ကြီးပဲ ဖြစ်စေချင်တာပေါ့။ သူကဒီလိုလေး အနု ပညာလည်း ဝါသနာပါတယ် ဆိုတော့ သူစိတ်အားထက်သန် တာ လေးကို ဖြစ်အောင်လမ်း ကြောင်း လေးကိုခွင့်ပြုပြီးတော့ ပညာတတ် အောင်လည်း လုပ် ပေးရမှာပေါ့”လို့ ဆိုပါတယ်။
အဆိုတော်တွေထဲမှာ ဖြိုးပြည့်စုံ၊ နီနီခင်ဇော် သီ ချင်းတွေကို ကြိုက်နှစ် သက်ပြီး အသက်ကြီးလာရင် မင်းသမီးလုပ်မယ်လို့ ထိပ် ထားသခင်လေးက ချစ် စဖွယ် ဟန်ပန်လေးနဲ့ ပြောပြခဲ့ပါ တယ်။ သြဂုတ်လ ၂၉ ရက်နေ့က ထိပ်ထား ၄ နှစ်ပြည့် မွေးနေ့ပါ။ မွေးနေ့အလှူအဖြစ် ရန်ကင်းကလေး ဆေးရုံမှာ သွား ရောက်လှူဒါန်းမှာဖြစ် ပြီး ညပိုင်းမှာတော့ မွေးနေ့ပွဲ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

ခိုင်ဝေလွင်

၊ ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available


Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071