Tuesday, February 3, 2026

လှည်းကူးတွင် စက်ရုံဖယ်ရီနှင့် လိုင်းကားတိုက်မိပြီး လူ...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ယနေ့ ဖေဖော်၀ါရီ (၃) ရက် ၊ နံနက်ပိုင်းက စက်ရုံဖယ်ရီနှင့် လိုင်းကားတို-က်မိပြီး (၄)ဦး အသက်ဆုံးကာ (၂၆)ဦး...

နိုင်လွတ်လုံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဌာန်း

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ) ကို ပြင်ဆင်သည့် ဥပဒေကို ပြဌာန်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က...

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင်...

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall) ပါဝင်မည်ဖြစ်ကြောင်း...

တညင်းကုန်းလက်ကားဈေးကြီးရှိ ဆိုင်ခန်းများရောင်းချရန်နှင့် ယာဉ်ဝင်ခအပါအဝင် လုပ်ငန်း...

တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးရှိ Shop House ဆိုင်ခန်းအဆောက်အဦများရောင်းချရန်နှင့် ဈေးများနှင့် ပွဲရုံစခန်းများမှ ယာဉ်ဝင်ခအပါအဝင် လုပ်ငန်း ၅၇ ခုတို့အတွက် တစ်နှစ်တာလုပ်ကိုင်ခွင့် တင်ဒါခေါ်ယူနေကြောင်း နိုင်ငံပိုင်သတင်းစာတွင်...
HomeNewsEntertainment Newsရုပ်ရှင်ညီလာခံအား ဒီဇင်ဘာ...

ရုပ်ရှင်ညီလာခံအား ဒီဇင်ဘာ ၁၂ ရက်နေ့၊ အမျိုးသားဇာတ်ရုံတွင် ကျင်းပဖို့ ရည်မှန်းထားကြောင်း ဦးဇင်ဝိုင်း ပြော

ကျင်းပပြုလုပ်ခြင်းမရှိတာ ကြာခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးသင်းလုံးကျွတ်ညီလာခံကို လာမည့်ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ် သွားဖို့ ပြင်ဆင်နေကြောင်း ဥက္ကဋ္ဌဦးဇင်ဝိုင်းက ပြောပါတယ်။

”ဆယ်စုနှစ်ပေါင်းများစွာ မကျင်းပနိုင်ခဲ့တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးရဲ့ သင်းလုံးကျွတ်ညီလာခံကို ကျင်းပဖို့အတွက် အလွှာအသီးသီးကနေ အခုကတည်းက ပြင်ဆင်နေကြပါပြီ။ ကျွန်တော်တို့ ဒီဇင်ဘာလ ၁၂ ရက်နေ့ကို ကျင်းပဖို့ရည်မှန်းထားပါတယ်။ အဲဒီအတွက်ကိုလည်း အခုကြိုတင်ပြင်ဆင်မှု တွေလုပ်နေပါပြီ။ ကျွန်တော်တို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပါတယ်” လို့ သိရပါတယ်။ အောက်တိုဘာ ၆ ရက်နေ့က နေစပြီးတော့ စတင်တာဝန် ယူခဲ့တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်သစ်ရဲ့ သက်တမ်း ဟာ တစ်လနီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဦးဇင်ဝိုင်း အနေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့အမှုဆောင်သစ် တစ်လတာကာလ ဖြတ်သန်းမှုအတွင်းမှာ လောကသားတွေအနေနဲ့ ဘာတွေတောင်းဆိုကြသလဲ၊ ဘယ်အရေးကိစ္စတွေကို စတင်ကိုင်တွယ်နေပြီလဲဆိုတဲ့ မေးခွန်းတွေကို ဦးဇင် ဝိုင်းနဲ့ တွေ့ဆုံခိုက် မေးမြန်းဖြစ်တဲ့အခါ…

”ကျွန်တော်တို့မှာ တိုးလို့တန်းလန်းကျန်ခဲ့တဲ့ကိစ္စတွေရှိပါတယ်။ ဥပမာ ပေါ့-ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းရှိနေတဲ့ ရုပ်ရှင်ရုံပေါင်းနဲ့ ရိုက်ကူးပြီး ရုံတင်ဖို့စောင့်ဆိုင်းနေတဲ့ ရုပ်ရှင်ကားပေါင်းက ၂၄ဝ နီးပါးလောက်ရှိပါတယ်။ ဒီကိစ္စကြီးကလည်း အလွန်ကိုကြီးမားတဲ့ပြဿနာပါ။ ဒီဇာတ်ကားများ ရုံတင် နိုင်ဖို့အရေး အကြပ်အတည်းလို့ခေါ်ရမယ့် သဘောရှိပါတယ်။ ဒီအကြပ် အတည်းကိုသာ မှန်မှန်ကန်ကန်မဖြေရှင်းနိုင်ဘူးဆိုလို့ရှိရင် ရုပ်ရှင်လောက တစ်ခုလုံး ရပ်ဆိုင်းသွားဖို့ရှိပြီးတော့ နိုင်ငံတော်အထိပါ ရိုက်ခတ်သွားနိုင်တဲ့ စီးပွားရေးအကြပ်အတည်းတစ်ခုပါ။ ဒါကိုလည်း ကျွန်တော်တို့ လက်ရှိဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ ခရီးတစ်ဝက်တော့ရောက်နေပါပြီ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေပြီးတော့မှ တင်ထားတဲ့ ရုပ်ရှင် ဥပဒေကိစ္စပါ။ ဒီရုပ်ရှင်ဥပဒေကလည်း ၂ဝ၁၂ခုနှစ် လောက်ကတည်းက စတင်လာတာ အခု၂ဝ၁၇ အထိရှိပြီ။ ၅နှစ်တာကာလ မပြတ်သေးပါဘူး။ ဒါကိုလည်း ကျွန်တော်တို့က လက်ရှိကိုင်တွယ်ပြီးတော့မှ လုပ်ကိုင်နေရပါတယ်” လို့ ဦးဇင်ဝိုင်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071