Thursday, May 14, 2026

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ်...

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင်...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...
HomeCelebrities' Newsရုပ်ရှင်ဇာတ်ကားတွေ အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့...

ရုပ်ရှင်ဇာတ်ကားတွေ အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ အပေါ် ဝေဖန်လိုက်တဲ့ဒေါင်း

သရုပ်ဆောင် ဒေါင်းကတော့ လတ်တလောမှာ မင်းမော်ကွန်း၊ ပိုင်ဖြိုးသု၊ အေးဝတ်ရည်သောင်းတို့နဲ့အတူ ဂီတနဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကား တစ် ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိတယ်လို့ ဆိုပါတယ်။

“ကျွန်တော် Musical ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ ရှိပါတယ်။ ဂီတလောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သူများတွေ မသိသေးတဲ့ အကြောင်းအရာ တွေကို ကျွန်တော်တို့ ရိုက်ကူးပြမှာမို့ တအား စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီ အထဲမှာ ကျွန်တော် ပါဝင်သရုပ်ဆောင်ထားတဲ့ ကာရိုက်တာကို ကြိုက်ပါတယ်”လို့ ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ အွန် လိုင်းပေါ်ပျံ့နှံ့ခဲ့ တဲ့အပေါ် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဘယ်လိုထင်မြင် မိလဲလို့ မေးကြည့်တဲ့အခါမှာ တော့ ဒေါင်းက …

“ရုပ်ရှင်ဇာတ်ကားတွေ အွန် လိုင်းပေါ်မှာ ပျံ့နှံ့နေတာ တော်တော် များများကို တွေ့မြင်နေရတယ်။ ဒါက ဖြစ်မှာပဲလေ။ ကျွန်တော်တို့ နိုင်ငံ မှာက ပညာရေးနဲ့ ပတ်သက်ရင် ဥပဒေကို လေးစား လိုက်နာရမယ် ဆိုတဲ့ ပညာရေးကို ကောင်းကောင်း မသင်ထားဘူး။ အဲဒါက အဆိုးဆုံး ဖြစ်ရပ်ပဲ။ ဥပဒေကို လေးစား လိုက် နာတယ် ဆိုတာ ကျင့်ဝတ်ပဲ။ အဲဒီ ကျင့်ဝတ် ရှိတယ်ဆိုရင် ဒါတွေ ဘာမှဖြစ်စရာ မလိုဘူး။ အဲဒီ တော့ ပညာရေးကို ချ မှတ်တဲ့သူ တွေကိုပဲဝေဖန်ရမှာပါ။ အဲဒါ အမှန်တရားပဲ”လို့ ပြောပါ တယ်။လူ့အသိုင်းအဝိုင်း မှာ ကိုယ်ချင်းစာတရား ထား ရှိဖို့ကလည်း အရေးကြီး တယ်လို့ ဒေါင်းက ဆက် လက်ပြောပါတယ်။

 

“ကိုယ် ချင်းစာ တရားရှိဖို့တော့လို တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဇာတ်ကား တစ်ကား ရိုက်ကူးဖို့ အများကြီးရင်းနှီး မြှုပ် နှံပြီး ရိုက်ကူးကြရတာပါ။ စိတ် တွေရော၊ အချိန်တွေ ရော အများကြီးစိုက်ထုတ်ထား ရတာ။ ကျွန်တော်တို့က ဘဝတွေလည်း ရှိတယ်။ ကျွန် တော်တို့ ဘာမှမရှိဘဲနဲ့ ဘာမှ လုပ်ပြလို့ မရဘူး။ အဲဒီတော့ လူတစ် ယောက်က ထမင်းမစား ဘဲနဲ့ လမ်းလျှောက်လို့ မရဘူး လေ။ အဲဒီသဘောပဲ။ တစ် ယောက်ကို တစ်ယောက် Professional ဆိုတဲ့ အရာတွေ၊Life ဆိုတဲ့ အရာတွေ၊ တစ်ယောက်အကျိုးစီးပွားကို နား လည်တဲ့ ကိုယ်ချင်းစာတရား ထားရမယ်ဆိုတဲ့ အရာတွေက လူ့လောက၊ လူ့အသိုင်း အဝိုင်း မှာ အရေးကြီးတယ်။ အဲဒါမရှိရင် ဘာမှ လုပ်လို့ မရဘူး။ ဥပဒေတွေ ဘယ်လောက်ပဲ ထားထား၊ အဲဒီ ဥပဒေတွေက အလကားဖြစ် မှာပဲ။ အဲဒီတော့ ကျွန်တော်တို့ ကြိုးစားရမှာ ပေါ့။ ဆိုးပြီဆိုတော့ ကောင်းဖို့ပဲ ကျန်ပါတော့ တယ်”လို့ ဒေါင်းက ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ လေ့လာနိုင်ရန် အသိပေး

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။ အဆိုပါ ဥပဒေနှင့် ပတ်သက်သည့် အကြံပြုစာများကိုလည်း ပြည်ထောင်စုလွှတ်တော်ရုံးသို့ လိပ်မူပေးပို့နိုင်ကြောင်းလည်း အသိပေးဖော်ပြထားသည်။ အွန်လိုင်းလိမ်လည်မှုကို နိုင်ငံအတွင်း အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် ရည်ရွယ်ချက်အပါအဝင် ရည်ရွယ်ချက်(၇)ချက်ကို လည်း ဥပဒေကြမ်းတွင် ထည့်သွင်းဖော်ပြထားသည်။ ထိုပြင် ဥပဒေတွင် အခန်း(၁၃)ခန်းပါဝင်ပြီး တားမြစ်ချက်များ၊ပြစ်ဒဏ်များ ၊နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်လက်ဖလှယ်ခြင်း ၊ တားဆီးကာကွယ်ခြင်းစသည့်အချက်များ လည်းပါဝင်ကြောင်း သိရသည်။ ပြီးခဲ့သည့်...

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်မြင့်တက်

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပြီးနောက် မြို့တော်တေရန်တွင် အင်အားပြင်း ငလျင်ကြီးတစ်ခု ဖြစ်ပွားလာနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ တေရန်မြို့နှင့် အနီးတစ်ဝိုက်ဒေသများသည် တက်ကြွသော ပြတ်ရွေ့ကြောများစွာအနီးတွင် တည်ရှိနေပြီး မြေအောက်၌ စုပုံနေသော ငလျင်ဖိအားများကြောင့် အနာဂတ်တွင် ပိုမိုပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ အဆိုပါဒေသတွင် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်လေ့ရှိသော်လည်း တစ်ညအတွင်း ဆက်တိုက်အများအပြား ဖြစ်ပွားခြင်းမှာ...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071