Thursday, May 21, 2026

နှစ်စဉ်လျှပ်စစ်ဓာတ်အား (၃၄ ဒသမ ၆၈)သန်းကီလိုဝပ်နာရီပျဉ်းမျှထုတ်လုပ်နိုင်မည့်...

နှစ်စဉ်လျှပ်စစ်ဓာတ်အား (၃၄ ဒသမ ၆၈)သန်းကီလို ဝပ်နာရီပျဉ်းမျှထုတ်လုပ်နိုင်မည့် "နမ့်ပင"အသေးစားရေအားလျှပ်စစ်စီမံကိန်းကို စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင်တည်ဆောက်လျက်ရှိသည်။ အဆိုပါ စီမံကိန်း၏ တမံအမျိုးအစားမှာ Concrete...

မိုင်းခတ်မြို့နယ်မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့်...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၆၂)ဦးတို့ကို အဆောက်အအုံများ၊ လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မေ ၂၀...

၂၀၂၆ နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုဖြစ်ပေါ်နိုင်ဟု...

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များအရ အယ်လ်နီညိုဖြစ်ပေါ်နိုင်သည့် အခြေအနေများကို တွေ့ရှိရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၆ ခုနှစ် မေလ ၂၁...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် နည်းပညာအထက်တန်းကျောင်းများ ဝင်ခွင့်လျှောက်လွှာ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် Grade-9 အောင်မြင်ပြီးသူများအား ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။ အဆိုပါကျောင်းများတွင်...
HomeMovies(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ...

(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သံဃာတော်များအား ချီးကျူးပူဇော်ပွဲ အတွက် လှူဒါန်းနိုင်

သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသော သာသနာ့အာဇာနည် အရှင်မြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ချီးကျူးပူဇော်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မေလ ၂၉ ရက် နံနက် ၈ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများနှင့် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ အပါအဝင် ပင့်သံဃာ ၃၃ ပါး ကြွရောက်တော်မူမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုနှစ် စာမေးပွဲတွင် အောင်မြင်တော်မူကြသော တိပိဋကဓရ တိပိဋကကောဝိဒ တစ်ပါး၊ မူလအာဘိဓမ္မိက သုံးပါး၊ ဒီဃဘာဏက တစ်ပါး၊ ဝိနယကောဝိဒ ခုနစ်ပါး၊ ဝိနယဓရ ၂၈ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ၁၁ ပါးနှင့် ဥဘတောဝိဘင်္ဂဓရ ၄၆ ပါး စုစုပေါင်း သံဃာတော် ၁၃၃ ပါးအား လှူဖွယ်ပစ္စည်းများဖြင့် ချီးကျူးပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

အလှူရှင်များအနေဖြင့် လှူဖွယ်ပစ္စည်းများကို သာသနာရေးဦးစီးဌာန စာမေးပွဲဌာနခွဲသို့ ကြိုတင်လှူဒါန်းနိုင်ပြီး ဆက်သွယ်လှူဒါန်းလိုပါက ညွှန်ကြားရေးမှူး ဖုန်း ၀၉-၄၄၂၂၂၂၄၈၄ နှင့် ဒုတိယညွှန်ကြားရေးမှူး ဖုန်း ၀၉-၄၃၀၆၇၁၆၈ သို့ ဆက်သွယ်နိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်စဉ်လျှပ်စစ်ဓာတ်အား (၃၄ ဒသမ ၆၈)သန်းကီလိုဝပ်နာရီပျဉ်းမျှထုတ်လုပ်နိုင်မည့် ဟုမ္မလင်းမြို့နယ်မှ “နမ့်ပင”အသေးစားရေအားလျှပ်စစ်စီမံကိန်း

နှစ်စဉ်လျှပ်စစ်ဓာတ်အား (၃၄ ဒသမ ၆၈)သန်းကီလို ဝပ်နာရီပျဉ်းမျှထုတ်လုပ်နိုင်မည့် "နမ့်ပင"အသေးစားရေအားလျှပ်စစ်စီမံကိန်းကို စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင်တည်ဆောက်လျက်ရှိသည်။ အဆိုပါ စီမံကိန်း၏ တမံအမျိုးအစားမှာ Concrete Gravity Dam ဖြစ်ပြီး တပ်ဆင်စက်အင်အား(၆)မဂ္ဂါဝပ်ဖြစ်၍ နှစ်စဉ်လျှပ်စစ်ဓာတ်အား(၃၄ ဒသမ ၆၈) သန်းကီလိုဝပ်နာရီပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်သည်။ ယင်း စီမံကိန်းဖော်ဆောင်နေသည့် လုပ်ငန်းခွင်အတွင်း ဖိအားမြင့်သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်နေမှုနှင့် ရေယူအဆောက်အဦးတည်ဆောက်နေမှုတို့ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးကိုလေးနှင့် တာဝန်ရှိသူများက မေ ၂၀ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ဒေသခံများလိုအပ်သည့် လျှပ်စစ်မီးအမြန်ရရှိရန် ယခု စီမံကိန်းအား အမြန်ပြီးစီးအောင်ကြိုပမ်းဆောင်ရွက်ရန်၊ ရရှိထားသည့်ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင်သုံးစွဲရန်တို့ကို...

မိုင်းခတ်မြို့နယ်မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၆၂)ဦးဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၆၂)ဦးတို့ကို အဆောက်အအုံများ၊ လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မေ ၂၀ ရက်တွင် မိုင်းခတ်မြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ ဖားငင်ကျေးရွာအနီးမှ တရားမဝင်အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများနှင့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆက်လက်စစ်ဆေးရှာဖွေမှုကြောင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများ၊ မြန်မာနိုင်ငံသားများ၊ ဗီယက်နမ်နိုင်ငံသား (စုစုပေါင်း ၆၂ ဦး)ကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး စစ်ဆေးပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကာ သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း...

၂၀၂၆ နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုဖြစ်ပေါ်နိုင်ဟု မိုးဇလထုတ်ပြန်

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များအရ အယ်လ်နီညိုဖြစ်ပေါ်နိုင်သည့် အခြေအနေများကို တွေ့ရှိရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၆ ခုနှစ် မေလ ၂၁ ရက်တွင် ထုတ်ပြန်သည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ် ခန့်မှန်းချက်များအရ လာမည့် ဇွန်လမှစတင်၍ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း ယင်းဖြစ်စဉ်ကြောင့် ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန် မြင့်မားလာခြင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071