Thursday, May 21, 2026

နှစ်စဉ်လျှပ်စစ်ဓာတ်အား (၃၄ ဒသမ ၆၈)သန်းကီလိုဝပ်နာရီပျဉ်းမျှထုတ်လုပ်နိုင်မည့်...

နှစ်စဉ်လျှပ်စစ်ဓာတ်အား (၃၄ ဒသမ ၆၈)သန်းကီလို ဝပ်နာရီပျဉ်းမျှထုတ်လုပ်နိုင်မည့် "နမ့်ပင"အသေးစားရေအားလျှပ်စစ်စီမံကိန်းကို စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင်တည်ဆောက်လျက်ရှိသည်။ အဆိုပါ စီမံကိန်း၏ တမံအမျိုးအစားမှာ Concrete...

မိုင်းခတ်မြို့နယ်မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့်...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၆၂)ဦးတို့ကို အဆောက်အအုံများ၊ လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မေ ၂၀...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် နည်းပညာအထက်တန်းကျောင်းများ ဝင်ခွင့်လျှောက်လွှာ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် Grade-9 အောင်မြင်ပြီးသူများအား ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။ အဆိုပါကျောင်းများတွင်...

အိမ်ရှင်မလေးရှားနှင့် မြန်မာအသင်းအုပ် စုဗိုလ်လုပွဲ ယနေ့...

အမျိုးသား (၃) ယောက်တွဲ ပိုက်ကျော်ခြင်း (Regu Event) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ယနေ့ မေ (၂၁) ညနေ (၆)...
HomeMovies၂၀၂၆ နှစ်ကုန်ပိုင်းတွင် အားကောင်းသော...

၂၀၂၆ နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုဖြစ်ပေါ်နိုင်ဟု မိုးဇလထုတ်ပြန်

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များအရ အယ်လ်နီညိုဖြစ်ပေါ်နိုင်သည့် အခြေအနေများကို တွေ့ရှိရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၆ ခုနှစ် မေလ ၂၁ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ် ခန့်မှန်းချက်များအရ လာမည့် ဇွန်လမှစတင်၍ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း ယင်းဖြစ်စဉ်ကြောင့် ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန် မြင့်မားလာခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းနှင့် မိုးခေါင်ရေရှားမှုများ အပါအဝင် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

သို့ဖြစ်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ကြရန် အသိပေးထားပြီး အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်စဉ်လျှပ်စစ်ဓာတ်အား (၃၄ ဒသမ ၆၈)သန်းကီလိုဝပ်နာရီပျဉ်းမျှထုတ်လုပ်နိုင်မည့် ဟုမ္မလင်းမြို့နယ်မှ “နမ့်ပင”အသေးစားရေအားလျှပ်စစ်စီမံကိန်း

နှစ်စဉ်လျှပ်စစ်ဓာတ်အား (၃၄ ဒသမ ၆၈)သန်းကီလို ဝပ်နာရီပျဉ်းမျှထုတ်လုပ်နိုင်မည့် "နမ့်ပင"အသေးစားရေအားလျှပ်စစ်စီမံကိန်းကို စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင်တည်ဆောက်လျက်ရှိသည်။ အဆိုပါ စီမံကိန်း၏ တမံအမျိုးအစားမှာ Concrete Gravity Dam ဖြစ်ပြီး တပ်ဆင်စက်အင်အား(၆)မဂ္ဂါဝပ်ဖြစ်၍ နှစ်စဉ်လျှပ်စစ်ဓာတ်အား(၃၄ ဒသမ ၆၈) သန်းကီလိုဝပ်နာရီပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်သည်။ ယင်း စီမံကိန်းဖော်ဆောင်နေသည့် လုပ်ငန်းခွင်အတွင်း ဖိအားမြင့်သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်နေမှုနှင့် ရေယူအဆောက်အဦးတည်ဆောက်နေမှုတို့ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးကိုလေးနှင့် တာဝန်ရှိသူများက မေ ၂၀ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ဒေသခံများလိုအပ်သည့် လျှပ်စစ်မီးအမြန်ရရှိရန် ယခု စီမံကိန်းအား အမြန်ပြီးစီးအောင်ကြိုပမ်းဆောင်ရွက်ရန်၊ ရရှိထားသည့်ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင်သုံးစွဲရန်တို့ကို...

မိုင်းခတ်မြို့နယ်မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၆၂)ဦးဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၆၂)ဦးတို့ကို အဆောက်အအုံများ၊ လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မေ ၂၀ ရက်တွင် မိုင်းခတ်မြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ ဖားငင်ကျေးရွာအနီးမှ တရားမဝင်အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများနှင့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆက်လက်စစ်ဆေးရှာဖွေမှုကြောင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများ၊ မြန်မာနိုင်ငံသားများ၊ ဗီယက်နမ်နိုင်ငံသား (စုစုပေါင်း ၆၂ ဦး)ကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး စစ်ဆေးပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကာ သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် နည်းပညာအထက်တန်းကျောင်းများ ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် Grade-9 အောင်မြင်ပြီးသူများအား ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။ အဆိုပါကျောင်းများတွင် Building Technology၊ Electrical Technology၊ Electronics Technology၊ Automotive Technology၊ Information Technology နှင့် Machining Technology အပါအဝင် နည်းပညာသင်တန်းများကို အထက်တန်းပညာရေးနှင့် တွဲဖက်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၃) နှစ်ကြာမြင့်မည်ဖြစ်သည်။ သင်တန်းပြီးဆုံးအောင်မြင်သူများအနေဖြင့် အခြေခံပညာအထက်တန်းအောင်လက်မှတ် ရရှိမည့်အပြင် သက်ဆိုင်ရာ နည်းပညာကောလိပ်များနှင့် တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်မည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071