Home Movies ၅ပတ်တာ Foundation Course in ASEAN Studies သင်တန်း ဝန်ကြီးများရုံး၌ ဖွင့်လှစ်မည်

၅ပတ်တာ Foundation Course in ASEAN Studies သင်တန်း ဝန်ကြီးများရုံး၌ ဖွင့်လှစ်မည်

0
110

ယနေ့ ဧပြီလ ၂၄ ရက်တွင် UMFCCI ၌ Southeast Asia and the Pacific (SEAP) STUDIES CENTRE MYANMAR မှ Foundation Course in ASEAN Studies သင်တန်းဖွင့်လှစ်မည့်အကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် အာဆီယံနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို အဓိကထားဆွေးနွေးသင်ကြားပေးမည်ဖြစ်ကာ သင်တန်းအား ဇွန်လ ၆ ရက်မှ ဂျူလိုင် ၅ ရက်ထိ အပတ်စဉ် စနေနှင့် တနင်္ဂနွေတွင် ညနေ ၃ နာရီမှ ၅ နာရီထိ ဝန်ကြီးများရုံး၌ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ အခမ်းအနားတွင် သင်တန်းပို့ချဆွေးနွေးမည့်ဆရာ/မများဖြစ်သည့် ဒေါက်တာတင်မောင်မောင်အုန်း (PhD, University of Yangon)၊ ဦးကျော်ဒေဝ (M.A. in Southeast Asia & the Pacific Studies, University of Yangon) နှင့် ဒေါ်ခိုင်ဆုရည်ဇော် (Master of Law in IR, Jilin University, China), M.B.A. တို့မှ ပို့ချမည့် သင်ခန်းစာ အကြောင်းအရာများနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်းကို ဆက်လက်ဆွေးနွေးပြောကြားခဲ့သည်။

သင်တန်းအား စဦးပိုင်းတွင် Certificate course ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် Diploma Program များဖွင့်လှစ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း (SEAP) STUDIES CENTRE MYANMAR ၏ Founder ဦးကျော်ဒေဝမှ ပြောသည်။

ကျွန်တော်တို့က ASEAN Family member ဖြစ်ပြီး ကဏ္ဍပေါင်းစုံနဲ့ အားလုံးကပတ်သက်ဆက်နွယ်နေပါတယ်။ ASEAN နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ လေ့လာသိရှိထားခြင်းအားဖြင့် နောင်ကိုယ်ပါဝင်ဆောင်ရွက်မယ့်အခန်းကဏ္ဍမှာ အထောက်အကူပြုစေမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်‌တော်တို့အနေနဲ့ ဘာသာရပ်ရှုထောင့်ပေါင်းစုံကို ပိုမိုထိရောက်မယ့် Teaching Method တွေနဲ့ ဆွေးနွေးသင်ကြားသွားမည်ဟု ဒေါက်တာတင်မောင်မောင်အုန်းက ပြောသည်။

ထို့နောက် သင်တန်းနှင့်ပတ်သက်သည့် သိရှိလိုသည့် မေးခွန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးချင်းစီအလိုက် ပြန်လည်ဖြေကြားရှင်းလင်းကာ အခမ်းအနားပြီးမြောက်ခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here