ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myan mar CDC)၏ စက်တင်ဘာလ(၁၅) ရက်၊ ည (၈)နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင်လည်း မြန်မာနိုင်ငံ၌ ကိုဗစ် (၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၇) ရက် ၊ ည (၈) နာရီမှ စက်တ င်ဘာလ (၁၄) ရက် ၊ ည (၈) နာရီအထိ ဓာတ်ခွဲနမူနာ(၆၂၁)ခုအား စစ်ဆေးခဲ့ရာမှ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့သည့်အပြင် ပြင်းထန်လူနာ၊ အထူးကြပ် မတ်ကုသမှု ပေးရသောလူနာနှင့် ကိုဗစ် (၁၉)ရောဂါဖြင့် ေ- သဆုံးလူနာမရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုးနိုင်ခြေမြ င့်မားသည့် အသက်အရွယ်ကြီးသူများ(အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင် ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန် ဆောင်ကာလ (၃) လနှင့်အထက်)ကို ဦးစားပေးအစီအစဉ်အဖြင့် ကိုဗစ်(၁၉)ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
လတ်တလောတွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ကူးစက်ဖြစ်ပွား/ေ-သဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
