Monday, May 11, 2026

ထိုင်း၌မှောင်ခိုပစ္စည်းများလှောင်ထားသောမြန်မာပိုင်ဂိုဒေါင်တွေ့

ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်သည် မြန်မာနိုင်ငံသားတစ်ဦးပိုင်ဆိုင်သော ဘတ်ငွေ သန်း ၅၀ ဖိုးခန့်ရှိ မှောင်ခို လျှပ်စစ်ပစ္စည်းများ သိုလှောင်ထားရာ တရားမဝင် ဂိုဒေါင်တစ်ခုကို စစ်ဆေးရန်အတွက်...

ပုသိမ်မြို့တွင် ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား အခမဲ့ဆေးကုသပေး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းအစိုးရအ ဖွဲ့၏စီစဉ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ကူညီမှု၊ စေတ နာရှင်များ၏ပံ့ပိုးမှုတို့ဖြင့် ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား မေ ၁၀ ရက်က အခမဲ့ဆေးကုသပေးခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများက...

Fort Knox မှ ရွှေများ...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းအနေဖြင့် Fort Knox စစ်အခြေစိုက်စခန်းရှိ လုံခြုံရေးအဆင့်မြင့် အကာအရံများအတွင်းသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး နိုင်ငံတော်၏ ရွှေအရန်သင့်စုဆောင်းမှုများ အမှန်တကယ် ရှိ၊...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းပေါ်တွင်ယာဥ်တိုက်မှုဖြစ် (၁)ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်တွင် ယနေ့ မေ ၁၁ ရက်မွန်းတည့် ၁၂ နာရီခွဲကျော်ခန့်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ဧရာ...
HomeNewsLocal News၂၀၂၆ ပိုက်ကျော်ခြင်းကမ္ဘာ့ဖလား (ISTAF)...

၂၀၂၆ ပိုက်ကျော်ခြင်းကမ္ဘာ့ဖလား (ISTAF) အတွက် မြန်မာ့လက်ရွေးစင် အပြီးသတ်လူစာရင်း ထုတ်ပြန်၊ ဝါရင့်ထိပ်တန်းကစားသမားများနှင့် ခြေစွမ်းထက်လူငယ်ကစားသမားဖြင့် ဖွဲ့စည်း

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ လာမည့် မေလ (၁၆) ရက်မှ (၂၃) ရက်အထိ ကျင်းပမည့် Sepaktakraw World Cup 2026 (ISTAF) ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း၏ အပြီးသတ်ကစားသမား (၁၂) ဦးစာရင်းကို မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်လိုက်သည်။

အပြီးသတ် လူစာရင်း

ယခုလူစာရင်းတွင် ဝါရင့်ထိပ်တန်းကစားသမားများနှင့်အတူ ခြေစွမ်းထက်မြက်သည့် လူငယ်ကစားသမားများကို အချိုးကျ စုဖွဲ့ထားသည်ကို တွေ့ရပါသည် –

၁။ ဇင်မင်းဦး (အာဒစ်) ၂။ သန့်ဇင်ထွန်း (ဓာတ်လုံး) ၃။ အောင်အောင် (အောင်ကြီး) ၄။ အောင်မျိုးကျော် (မျိုးလေး) ၅။ ရှိန်းဝဏ္ဏဇော် (ရှိန်းလေး) ၆။ ရန်ပိုင်ဦး (ကျောင်းတိုက်) ၇။ ရဲထက် ၈။ ဟန်ဝင်းထွဋ် (အန့်ကူ) ၉။ သက်ပိုင်စိုး ၁၀။ မင်းသန့်သူ ၁၁။ ချစ်လွန်းပို ၁၂။ ရှင်းသန့်နောင်

အသင်းအုပ်ချုပ်မှုနှင့် နည်းပြအဖွဲ့
အဖွဲ့ခေါင်းဆောင်

ဦးအောင်မြင့်မြတ် (အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ)

အသင်းအုပ်ချုပ်သူ

ဦးမြင့်လွင်ဌေး

နည်းပြများ

ဦးကျော်မင်းစိုး နှင့် ဦးအောင်မျိုးဆွေ

မျှော်မှန်းချက်နှင့် ကတိကဝတ်

မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က “ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ မြန်မာ့အလံကို ထိပ်ဆုံးမှာ လွှင့်ထူနိုင်ရေးနဲ့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ အစွမ်းကုန် ကြိုးစားအားထုတ်သွားမယ်” ဟု အသိပေးထားသည်။ မြန်မာ့ပိုက်ကျော်ခြင်း ပရိသတ်များကလည်း အစဉ်အလာကောင်းသည့် မြန်မာအသင်းအနေဖြင့် ကမ္ဘာ့အဆင့်တွင် ဆုဖလားများ ဆွတ်ခူးနိုင်ရန် မျှော်လင့်အားပေးလျက် ရှိကြသည်။

ISTAF (International Sepaktakraw
Federation)အကြောင်း

ကမ္ဘာ့ပိုက်ကျော်ခြင်း အဖွဲ့ချုပ်က တိုက်ရိုက်ကြီးမှူးကျင်းပသောအမြင့်ဆုံးအဆင့် ပြိုင်ပွဲကြီး ဖြစ်သည်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်

ယခုပြိုင်ပွဲ တွင် ရရှိသော ရလဒ်များက နိုင်ငံတကာ ပိုက်ကျော်ခြင်း အဆင့်သတ်မှတ်ချက် (World Ranking) အတွက် အလွန်အရေးကြီးပါသည်။

မြန်မာ့ပိုက်ကျော်ခြင်း

မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ပိုက်ကျော်ခြင်းလောကတွင် ထိပ်သီး (Powerhouse) နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မလေးရှား၊ ထိုင်းနိုင်ငံများ နဲ့အတူ အမြဲတမ်း ဗိုလ်လုပွဲအဆင့်အထိ ရောက်ရှိလေ့ရှိသော အသင်းဖြစ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်း၌မှောင်ခိုပစ္စည်းများလှောင်ထားသောမြန်မာပိုင်ဂိုဒေါင်တွေ့

ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်သည် မြန်မာနိုင်ငံသားတစ်ဦးပိုင်ဆိုင်သော ဘတ်ငွေ သန်း ၅၀ ဖိုးခန့်ရှိ မှောင်ခို လျှပ်စစ်ပစ္စည်းများ သိုလှောင်ထားရာ တရားမဝင် ဂိုဒေါင်တစ်ခုကို စစ်ဆေးရန်အတွက် တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ဖူးခက်ခရီးစဉ်ကို ရွေ့ဆိုင်းခဲ့သည်။ မစ္စတာ အနူတင်သည် ညနေ ၃ နာရီခွဲတွင် မြောင်ခရိုင် ဘန်ရင်းမြို့နယ်ရှိ အမှတ် ၄၀၈၀ အဝေးပြေးလမ်းပေါ်ရှိ ၁၆၈ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ မှတ်ပုံမတင်ထားသော ဂိုဒေါင်သို့ သွားရောက်ခဲ့ကြောင်း အစိုးရအိမ်တော်က တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ၎င်း၏ ဖေ့စ်ဘုတ်ပေ့ချ်၌ သတင်းထုတ်ပြန်ခဲ့သည်။ ထိုဂို‌ဒေါင်တွေ့ရှိမှုကို “လုံခြုံရေးအန္တရာယ် ပုံစံအသစ်” ဟု အစိုးရအိမ်တော်က...

ပုသိမ်မြို့တွင် ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား အခမဲ့ဆေးကုသပေး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းအစိုးရအ ဖွဲ့၏စီစဉ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ကူညီမှု၊ စေတ နာရှင်များ၏ပံ့ပိုးမှုတို့ဖြင့် ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား မေ ၁၀ ရက်က အခမဲ့ဆေးကုသပေးခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ပေးခြင်း၊ သွေးစစ်ပေးခြင်း၊ အရေပြားအထူးကုဆရာဝန်ကြီး၊ အ ထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီး၊ အရိုးနှင့် ထိခိုက်ဒဏ်ရာအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာ ဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းအထူးကုဆရာ ဝန်ကြီးနှင့် မျက်စိအထူးကုဆရာဝန်ကြီးများက အခမဲ့ကုသပေးခဲ့ကြသည်။ ထိုသို့ ကုသပေးမှုအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာဝန်ရှိသူများကကြည့်ရှုပြီး ကုသမှုခံ ယူနေသူများကို အားပေးစကားပြောကြားကာ အထူးကုဆရာဝန်ကြီးများကို လက်ဆောင်ပစ္စည်းများ၊...

Fort Knox မှ ရွှေများ ရှိ၊ မရှိ စစ်ဆေးလိုကြောင်း ထရန့် ပြောကြား၊ “သူတို့တွေ အများကြီး ခိုးယူနေကြတယ်” ဟုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းအနေဖြင့် Fort Knox စစ်အခြေစိုက်စခန်းရှိ လုံခြုံရေးအဆင့်မြင့် အကာအရံများအတွင်းသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး နိုင်ငံတော်၏ ရွှေအရန်သင့်စုဆောင်းမှုများ အမှန်တကယ် ရှိ၊ မရှိ အတည်ပြုလိုကြောင်း ပြောကြားခဲ့သည်။ ထိုသို့စစ်ဆေးလိုရခြင်းမှာ "သူတို့တွေ အများကြီး ခိုးယူနေကြလို့" ဖြစ်ကြောင်း သူက ဆိုသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က သတင်းထောက် Sharyl Attkisson နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အသက် ၇၉ နှစ်အရွယ် ဘီလျံနာသမ္မတကြီးအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ပေးခဲ့သော ကတိနှင့်ပတ်သက်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071