ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai” ကို မကြာမီ ဖြန့်ချိတော့မည်ဖြစ်ကြောင်း မိတ်ဆက်လိုက်သည်။
ထူးခြားသည့် ပူးပေါင်းမှုနှင့် ဗီဒီယိုရို-က်ကူးမှု
အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်သော ရှာကီရာသည် ယခုသီချင်းသစ်တွင် နာမည်ကြီး နိုင်ဂျီးရီးယားအဆိုတော် Burna Boy နှင့် တွဲဖက်သီဆိုထားခြင်းဖြစ်သည်။ သူမသည် အဆိုပါသီချင်းအတွက် ဘရာဇီးလ်နိုင်ငံ၏ သမိုင်းဝင် မာရာကာနာ (Maracanā) အားကစားကွင်းတွင် ရို-က်ကူးထားသည့် ဗီဒီယိုအမြည်း (Teaser) တစ်ခုကို Instagram လူမှုကွန်ရက်စာမျက်နှာပေါ်တွင်တင်ကာ ပရိသတ်များကို အသိပေးခဲ့ခြင်းဖြစ်သည်။
ဖြန့်ချိမည့်ရက် ဘောလုံးပရိသတ်များနှင့် တေးချစ်သူများ စောင့်မျှော်နေသည့် ဤ “Dai Dai” သီချင်းကို လာမည့် မေလ ၁၄ ရက်နေ့တွင် တစ်ကမ္ဘာလုံးသို့ တရားဝင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။
ရှာကီရာသည် ယခင်ကလည်း ၂၀၁၀ ကမ္ဘာ့ဖလားအတွက် ‘Waka Waka’ နှင့် ၂၀၁၄ ကမ္ဘာ့ဖလားအတွက် ‘La La La’ စသည့် အောင်မြင်ကျော်ကြားသော ကမ္ဘာ့ဖလားသီချင်းများကို သီဆိုခဲ့ဖူးသူ ဖြစ်သည်။
Dai Dai သီချင်းစာသားထဲမှာ ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံ စုစည်းမှုကို အလေးပေးထားပြီး ဘောလုံးအားကစားဟာ နယ်နိမိတ်တွေကို ကျော်ဖြတ်ကာ လူသားအားလုံးကို တစ်သားတည်း ဖြစ်စေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ထားသည်။
နိုင်ဂျီးရီးယားအဆိုတော် Burna Boy သီဆိုထားတဲ့ အပိုင်းတွေမှာတော့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်ပွဲဆီသို့ ဦးတည်သွားကြဖို့နဲ့ ကိုယ့်ရဲ့ အိမ်မက်တွေကို လက်မလျှော့ဖို့ တိုက်တွန်းတဲ့ စာသားတွေ ပါဝင်ကြောင်းသိရသည်။