Monday, January 5, 2026

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၆)...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတ ဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၆) ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းအစီအစဉ်၌ လာရောက်ပြသကုမည့်သူများအနေဖြင့်...

အမြန်လမ်းတွင် ရပ်ထားသောခရီးသည်တင်ကားကို ကုန်တင်ကားကဝင်တိုက် ကုန်တင်ကားမောင်းသူ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ရပ်ထားသောခရီးသည်တင်ကားကို ကုန်တင်ကားမှအရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိခဲ့မှု ယနေ့ ဇန်နဝါရီ ၅ ရက်နံနက် ၅ နာရီခွဲကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော ကုန်တင်ကသည် အုတ်ရှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင်...

မာဒူရိုနှင့်ဇနီးတို့ကို ချက်ချင်းပြန်လွှတ်ပေးရန် မလေးရှားဝန်ကြီးချုပ် တောင်းဆို

အမေရိကန်က ဖမ်းဆီးထားသော ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို "မဆိုင်းမတွဘဲ ချက်ချင်းပြန်လွှတ်ပေးရန်" မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တနင်္ဂနွေနေ့တွင် တောင်းဆိုလိုက်သည်။ "ဗင်နီဇွဲလားနိုင်ငံရဲ့...

ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်း သည် တပ်မတော်သားအဆင့်ဆင့်၏ ကျရာတာဝန်ကို...

ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်း သည် တပ်မတော်သားအဆင့်ဆင့်၏ ကျရာတာဝန်ကို ကျေပွန်ခဲ့မှုကြောင့်ဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်က အစဉ်အသိအမှတ်ပြုဂုဏ်ယူနေမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါ ရီ...
HomeNewsLocal News၂၀၂၅တွင်တရုတ်၏အကြီးဆုံးကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်မှတန်ချိန် ၄ ဒဿမ...

၂၀၂၅တွင်တရုတ်၏အကြီးဆုံးကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်မှတန်ချိန် ၄ ဒဿမ ၅ သန်း ထုတ်လုပ်နိုင်ခဲ့

ဟိုင်ကူး၊ ဇန်နဝါရီလ ၂

တရုတ်နိုင်ငံ၏ အကြီးဆုံး ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်ဖြစ်သော ပင်လယ်နက်အမှတ် (၁) သည် စတင်လည်ပတ်ချိန်မှစ၍ ရေနံစိမ်းအကြိမ်ရေ ၁၀၀ မြောက် တင်ပို့မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တရုတ်အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း (စီအင်န်အိုအိုစီ) က သောကြာနေ့တွင် ကြေညာခဲ့ပါသည်။

၂၀၂၅ ခုနှစ်အတွင်း အဆိုပါဓာတ်ငွေ့သိုက်၏ စုစုပေါင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုသည် ရေနံအလေးချိန်နှင့်ညီမျှသော တန်ချိန် ၄ ဒဿမ ၅ သန်းကျော်ရှိခဲ့ရာ အဆိုပါပမာဏမှာ ကုန်းတွင်းရှိ အလတ်စားရေနံမြေတစ်ခု၏ ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်နိုင်သည့် အတိုင်းအတာဖြစ်ပေသည်။ အဆိုပါ စီမံကိန်းကို အဆင့်နှစ်ဆင့်ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ထုတ်လုပ်မှုလုပ်ငန်းများကို ၂၀၂၁ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် အသီးသီး စတင်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်း၏ ဒုတိယအဆင့်သည် ပြည်တွင်းကမ်းလွန် ရှာဖွေရေးတစ်လျှောက် အမြင့်ဆုံး အပူချိန်နှင့် ဖိအားများအောက်တွင် လုပ်ဆောင်ရသဖြင့် ယနေ့အထိ နိုင်ငံ၏ စိန်ခေါ်မှုအများဆုံး ရေနက်ပိုင်း သဘာဝဓာတ်ငွေ့ ဖော်ထုတ်မှုလုပ်ငန်းလည်း ဖြစ်ပေသည်။ ထို့အပြင် ရေအနက် မီတာ ၁,၅၀၀ ကျော်တွင် လုပ်ဆောင်နေခြင်းဖြစ်သောကြောင့် တရုတ်နိုင်ငံ၏ အနက်ဆုံးသော သဘာဝဓာတ်ငွေ့ ဖော်ထုတ်မှုလုပ်ငန်းလည်း ဖြစ်ပါသည်။

ယခုအခါ ပင်လယ်နက်အမှတ် (၁) သဘာဝဓာတ်ငွေ့သိုက်သည် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၅ သန်းနှင့် ရေနံတန်ချိန် ၁,၆၀၀ ကျော်ကို ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၆) ကြိမ်မြောက် မျက်စိဒါနကုသမှုအတွက် ဇန်နဝါရီ ၂၇ ရက်မှစတင်ကာ စာရင်းပေးသွင်းနိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတ ဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၆) ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းအစီအစဉ်၌ လာရောက်ပြသကုမည့်သူများအနေဖြင့် ဇန်နဝါရီ ၂၇ ရက်မှစတင်ကာ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ ထိုသို့ စာရင်းပေးသွင်းခြင်းကို နံနက် ၇ နာရီမှစတင်ကာ လက်ခံပေးသွားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင် (၁,၅၀၀) ဦးကို လက်ခံကုသပေးသွားမည်ဖြစ်ပြီး သတ်မှတ်လူဦးရေပြည့်ပါက ကျန်ရှိသူများအား လာမည့် မတ်လတွင်ပြုလုပ်မည့် (၁၇) ကြိမ်မြောက် မျက်စိဒါနကုသမှုအစီအစဉ်တွင် ဦးစားပေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမြန်လမ်းတွင် ရပ်ထားသောခရီးသည်တင်ကားကို ကုန်တင်ကားကဝင်တိုက် ကုန်တင်ကားမောင်းသူ ပြင်းထန်ဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ရပ်ထားသောခရီးသည်တင်ကားကို ကုန်တင်ကားမှအရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိခဲ့မှု ယနေ့ ဇန်နဝါရီ ၅ ရက်နံနက် ၅ နာရီခွဲကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော ကုန်တင်ကသည် အုတ်ရှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင် မိုင်တိုင်အမှတ် ၇၀/၅နှင့် ၇၀/၆ ကြားတွင်ရပ်ထားသော ခရီးသည်ကားအား အရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်အား အုတ်ရှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များကကူညီမှုများပြုလုပ်ခဲ့ကြပြီး ထိခိုက်ဒ-ဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သည့် ကုန်တင်ကားမောင်းသူအား သုခဝေစည်လူမှုကူညီရေးအသင်းက မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ခရီးသည်တင်ကားပေါ်မှ ခရီးသည်များထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

မာဒူရိုနှင့်ဇနီးတို့ကို ချက်ချင်းပြန်လွှတ်ပေးရန် မလေးရှားဝန်ကြီးချုပ် တောင်းဆို

အမေရိကန်က ဖမ်းဆီးထားသော ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို "မဆိုင်းမတွဘဲ ချက်ချင်းပြန်လွှတ်ပေးရန်" မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တနင်္ဂနွေနေ့တွင် တောင်းဆိုလိုက်သည်။ "ဗင်နီဇွဲလားနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ကျွန်တော် အလွန်စိုးရိမ်တကြီး စောင့်ကြည့်နေပါတယ်။ ဗင်နီဇွဲလားခေါင်းဆောင်နဲ့ သူ့ရဲ့ဇနီးကို အမေရိကန်စစ်တပ်က ပုံမှန်မဟုတ်တဲ့ နယ်ပယ်နဲ့ ပုံစံမျိုးနဲ့ စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်" ဟု အန်ဝါက X လူမှုကွန်ရက် (ယခင် Twitter) တွင် ပြောကြားခဲ့သည်။ ထိုသို့သော ပြုလုပ်မှုသည် "အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖေ-ာက်ခြင်းဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071