Monday, May 4, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeNewsFootball၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ်...

၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅)အပြီး နိုင်ပွဲရလဒ်ပေါ်မူတည်၍ အမှတ်ပေးဇယားရပ်တည်မှုများ အပြောင်းအလဲများဖြစ်လာ

၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅)အပြီး နိုင်ပွဲရလဒ်များအပေါ်မူတည်၍ အမှတ်ပေးဇယားရပ်တည်မှုများ အပြောင်းအလဲများဖြစ်လာသည်ကို ယမန်နေ့ ဩဂုတ် (၅)ရက်တွင် မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ အသိပေးချက်အရ သိရသည်။

ပွဲစဉ်(၅)နှင့် ပွဲစဉ်(၄)အပြီး အသင်းအလိုက် အမှတ်ဇယားရပ်တည်မှုအဆင့် မြင့်တက်ခဲ့သည့် အသင်းရှိသလို အဆင့်ပြန်လည်ကျဆင်းခဲ့သည့် အသင်းများလည်းရှိနေသည်ကို တွေ့ရသည်။

ပွဲစဉ်(၄)အပြီး အမှတ်ပေးဇယားအဆင့်ထိပ်ဆုံးတွင်ရပ်တည်နေသော ရှမ်း၊ ရန်ကုန် ၊ ဟံသာဝတီ အသင်းတို့ကို ကြည့်လျှင် အဆင့် (၂)အဖြစ်ရပ်တည်နေသော ရန်ကုန်ယူနိုက်တက်အသင်းသည် အဆင့် (၃)နေရာသို့ ကျဆင်းခဲ့ရပြီးအဆင့် (၃)နေရာတွင် ရပ်တည်နေသော ဟံသာဝတီသည် အဆင့် (၂) နေရာသို့ ရောက်ရှိခဲ့သည်ကိုတွေ့ရသည်။

အလားတူ အဆင့်(၄)နေရာတွင် ရပ်တည်နေသော ဒဂုံစတား အသင်းမှာ အဆင့်(၆)နေရာသို့ ကျဆင်းသွားပြီး အဆင့် (၁၀) နေရာတွင်ရပ်တည်သော ဧရာဝတီအသင်းမှာ အဆင့်(၈) နေရာသို့တက်လှမ်းနိုင်ခဲ့သည်ကို တွေ့ရသည်။

ထို့နည်းတူ မြဝတီအသင်းသည် အဆင့် (၈)နေရာမှ အဆင့် (၁၀)နေရာသို့ ကျဆင်းခဲ့ပြီး ချန်ပီယံ အသင်းဖြစ်သည့် ရှမ်းအသင်းမှာမူ ပွဲစဉ်တစ်လျှောက် အဆင့်(၁)နေရာကို ဆက်လက်ပိုင်ဆိုင်ထားသည်။

၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲအား နိုင်ငံတကာဘောလုံးပြက္ခဒိန်နှင့်အညီ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ပြိုင်ပွဲအား ဇူလိုင် (၆)ရက်မှစတင်ခဲ့ကာ ဘောလုံးကလပ်အသင်း (၁၂)သင်းပါဝင်ကစားနေကြခြင်းလည်းဖြစ်သည်။

ယခုနှစ် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက် ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071