Friday, May 1, 2026

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ...
HomeNewsFootball၂၀၂၄ အာဆီယံ အမျိုးသမီး...

၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု နည်းပြချုပ်ဦးဌေးမြင့်ဆို

ဖီလစ်ပိုင်နိုင်ငံမှ နိုဝင်ဘာ ၁၆ ရက်မှ ၂၁ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဦးဌေးမြင့်ကပြောသည်။

ပြိုင်ပွဲအကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းက ဖီလစ်ပိုင်နိုင်ငံရှိ ပြိုင်ပွဲဝင်အသင်းများတည်းခိုသော Marcopolo Hotel ၌ကျင်းပစဉ်ပြောကြားခဲ့ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့ ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်အသင်းများမှ နည်းပြနှင့် အသင်းခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

“အာဆီယံ အမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဟာ အတွေ့အကြုံကောင်းတွေရရှိစေမယ့် ပြိုင်ပွဲဖြစ်ပါတယ်။ ပွဲတိုင်းခက်ခဲမှာပါ။ ဒီပြိုင်ပွဲမတိုင်ခင် ထိုင်းမှာလေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲကစားခဲ့ပါတယ်။ ဒါ့ကြောင့် ရလဒ်ကောင်းရဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ”ဟု နည်းပြချုပ်ဦးဌေးမြင့်ကပြောသည်။

ထို့ပြင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းခေါင်းဆောင် ဖူးပွင့်ခိုင်ကမှလည်း ” ဒီပြိုင်ပွဲဝင်ရောက်ကစားခွင့်ရလို့ကျေနပ်မိပါတယ်။ ဒီပြိုင်ပွဲဟာ လာမယ့် ဇန်နဝါရီလမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် အာရှဖလားအမျိုးသမီးဖူဆယ်ခြေစစ်ပွဲအတွက် အထောက်အကူဖြစ်စေပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံ အမျိုးသမီးဖူဆယ်ချန်ပီ ယံရှစ်ပြိုင်ပွဲအဖြစ် နိုဝင်ဘာ ၁၆ ရက်မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် အိမ်ရှင် ဖိလစ်ပိုင်အသင်း၊ နိုဝင်ဘာ ၁၇ ရက်မြန်မာစံတော်ချိန်မွန်း လွဲ ၂ နာရီခွဲတွင် ဗီယက်နမ်အသင်း၊ နိုဝင်ဘာ ၁၈ ရက်မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ထိုင်းအသင်း၊ နိုဝင်ဘာ ၁၉ ရက်မွန်းလွဲ ၂ နာရီခွဲတွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန် သောကြာနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ Milli Majlis ဟု သိကြသော ပါလီမန်သည် ဥရောပပါလီမန်နှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန်နှင့် အီးယူ-အဇာဘိုင်ဂျန် ပါလီမန်ချင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင် ပါဝင်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုသည်။ နွေဦးကာလ ပါလီမန်အစည်းအဝေး ဖွင့်လှစ်ချိန်တွင် ပါလီမန် ဥက္ကဋ္ဌ ဆာဟီဘာ ဂါဖာရိုဗာ က ဥရောပပါလီမန်၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071