Sunday, August 9, 2026

ရေဘေးအန္တရာယ်ကို တုံ့ပြန်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျဆောင်ရွက်ရန်...

ပုသိမ်၊ ဩဂုတ် ၈ သဘာဝဘေးအန္တရာယ်များကို ရှောင်လွှဲ၍မရနိုင်သော်လည်း လူတို့၏ စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများဖြင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သဖြင့် ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရုံသာမက...

ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ...

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၈ ရက်တွင်...

လေးမျက်နှာမြို့နယ် ရေဘေးအတွက် အလှူရှင်များ ၏လှူဒါန်းငွေကျပ်(၂၃)...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ကြုံတွေ့နေရသည့် ရေဘေးဒဏ်အ တွက် ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ယနေ့ သြဂုတ် ၈ ရက်မွန်းလွဲပိုင်းက...

ရေကြီးရေလျှံမှုကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက် ပျိုးချိန်အခက်အခဲရှိပါက...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကိုစိုက်ပျိုးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မှာကြားသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ်...
HomePopular Academy၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။

မကြာမီ အချိန်အတွင်း ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအနက်မှ ဆန်ကာတင် ဇာတ်ကား (၁၈) ကားထဲမှ ထူးချွန်ဆု ရရှိကြသည့် အနုပညာရှင်၊ အတတ်ပညာရှင်များကို ရွေးချယ်ကာဆုချီးမြှင့်ပေးသွားတော့မည် ဖြစ်သည်။

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ) ရရှိနိုင်သူများအနေဖြင့် နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ မြင့်မြတ်၊ ဟိန်းဝေယံ၊ မင်းဦး၊ အေးချမ်းမောင်၊ အလင်းရောင် ၊ ဝတ်မှုန်ရွှေရည်၊ မိုးဟေကို၊ မေမီကိုကို၊ စိုးမြတ်သူဇာ၊ မျိုးသန္တာထွန်း၊ ခိုင်နှင်းဝေ၊ မယ်လိုဒီ၊ ခင်ဝင့်ဝါ၊ ခြူးလေး၊ ပိုးမမှီသာ စသည့် အနုပညာရှင်များမှာ လတ်တလော ရေပန်းစားလျက်ရှိသည်။

အကယ်ဒမီ ဆုပေးပွဲတွင် ပါဝင်အားဖြည့်ရန်အတွက် ရွှေကြိုမောင်မယ် အယောက် (၄၀) ကိုလည်း မြတ်မာ့ရုပ်ရှင်အစည်းအရုံးက ရွေးချယ်ထားပြီး ကြိုတင်စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ပေးလျက်ရှိနေသည်။

ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ (၁၅) ‌ဆုအထိ ရွေးချယ်ချီးမြှင့်သွားရန် လျာထားပြီး အကယ်ဒမီ ပွဲတက်ဝတ်စားဆင်ယင်မှုဆု (၄) ဆုကိုလည်း ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်အစည်းအရုံထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေဘေးအန္တရာယ်ကို တုံ့ပြန်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ပြောကြား

ပုသိမ်၊ ဩဂုတ် ၈ သဘာဝဘေးအန္တရာယ်များကို ရှောင်လွှဲ၍မရနိုင်သော်လည်း လူတို့၏ စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများဖြင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သဖြင့် ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်ရေးအစီအမံများကိုပါ စနစ်တကျ လေ့လာဖော်ထုတ် အကောင်အထည်ဖော်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတသည် ယနေ့ ဩဂုတ် ၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပြုလုပ်သည့် ငဝန်မြစ်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ရေကျော်စီးဝင်၍ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “လူသားတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ကို ရှောင်လွှဲလို့မရနိုင်ပေမယ့် လူတွေရဲ့လုပ်ဆောင်ချက်တွေနဲ့...

ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၈ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်ပြုလုပ်သည့် ငဝန်မြစ်ရေကာ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရှေးယခင်က ပုသိမ်မြစ်အတွင်းသို့သင်္ဘောကြီးများ ဝင်ထွက်သွားလာဆိုက်ရောက်နိုင်ခဲ့သော်လည်း ယခုအခါ Bed Level များမြင့်တက်လာ၍ သင်္ဘောကြီးများဝင်ရောက်နိုင်မှုနည်းပါးလာသည်ဟု ပြောသည်။ ထို့ပြင် ဧရာဝတီတိုင်းအတွင်းမှထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများကို ပုသိမ်မြစ်ကြောင်းကတစ်ဆင့် သင်္ဘောကြီးများဖြင့် သယ်ယူပို့ဆောင်နိုင်သည့်နည်းတူ ပြည်တွင်းအတွက်လိုအပ်သည့်ပစ္စည်းများကိုလည်း ပုသိမ်မြို့ဆိပ်ကမ်းမှတစ်ဆင့်ဆောင်ရွက်နိုင်သဖြင့် မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန်လိုသည်ဟု နိုင်ငံတော်သမ္မတက...

လေးမျက်နှာမြို့နယ် ရေဘေးအတွက် အလှူရှင်များ ၏လှူဒါန်းငွေကျပ်(၂၃) ဘီလီယံကျော်ရရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ကြုံတွေ့နေရသည့် ရေဘေးဒဏ်အ တွက် ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ယနေ့ သြဂုတ် ၈ ရက်မွန်းလွဲပိုင်းက ပုသိမ်မြို့တွင်ကျင်းပသည့် အလှူငွေပေးအပ်ပွဲ၌ အလှူငွေကျပ်(၂၃ ဒသမ ၃၂၄) ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ တိုင်းနှင့် ပြည်နယ်များ၊ စေတ နာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များ၏ အလှူငွေများ ပေးအပ်လှူဒါန်းမှုကိုလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် စေတနာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များကပေးအပ်လှူဒါန်းသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071