Thursday, August 6, 2026

YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့နယ်...

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV...

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ ဩဂုတ်-၆ ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍...

ဗန်ကောက်၊ ဩဂုတ် ၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official...

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်...

နေပြည်တော်၊ ဩဂုတ် ၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူလျက်ရှိကြောင်း အသိပေး...
HomeInternational၂၀၂၄ ခုနှစ်တွင် RCEP...

၂၀၂၄ ခုနှစ်တွင် RCEP နိုင်ငံများနှင့် ကမ္ဘောဒီးယား၏ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃၄ ဒဿမ ၅၂ ဘီလျံ ရှိခဲ့

၂၀၂၄ ခုနှစ်တွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၃၄ ဒဿမ ၅၂ ဘီလျံအထိရောက်ရှိခဲ့ကာ ၂၀၂၃ ခုနှစ်က ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၂၉ ဒဿမ ၃၂ ဘီလျံထက် ၁၇ ဒဿမ ၇ ရာခိုင်နှုန်း ပိုခဲ့သည်ဟု တနင်္လာနေ့က တရားဝင်သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ကမ္ဘောဒီးယားက အဖွဲ့ဝင် RCEP နိုင်ငံများသို့ ပို့ကုန်တင်ပို့ခဲ့မှု တန်ဖိုးသည် ၉ ဒဿမ ၀၆ ဘီလျံရှိခဲ့ကာ ယင်းမတိုင်ခင်နှစ်က ပို့ကုန်တန်ဖိုး ၈ ဒဿမ ၀၄ ဘီလျံထက် ၁၃ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့သည်ဟု အကောက်ခွန်နှင့် စည်းကြပ်ခွန်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

တစ်ချိန်တည်းမှာပင် RCEP နိုင်ငံများထံမှ နိုင်ငံ၏ သွင်းကုန်စုစုပေါင်းသည် ဒေါ်လာ ၂၅ ဒဿမ ၄၆ ဘီလျံရှိပြီး ယခင် ဒေါ်လာ ၂၁ ဒဿမ ၂၈ ဘီလျံရှိခဲ့ရာမှ ၁၉ ဒဿမ ၆ ရာခိုင်နှုန်း တိုးမြှင့်တင်သွင်းခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

RCEP အောက်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက် ငါးနိုင်ငံသည် တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ ဂျပန်နှင့် စင်ကာပူတို့ဖြစ်ကြသည်။

၂၀၂၂ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သော RCEP တွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ၎င်းတို့၏ ကုန်သွယ်ဖက်ငါးနိုင်ငံဖြစ်သော တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နူးဇီလန်နိုင်ငံတို့ ပါဝင်သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့နယ် ၁၂ ခုတွင် ရေပေးဝေရေး ယာယီပြတ်တောက်မည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV Auto Recloser တပ်ဆင်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ရာ ရန်ကုန်မြို့နယ် ၁၂ ခု တွင် ရေပေးဝေရေး ယာယီပြတ်တောက်ခြင်း သို့မဟုတ် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထုတ်ပြန်သည်။ အဆိုပါလုပ်ငန်းကို ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ လေးနာရီကြာ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းကာလအတွင်း...

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ ဩဂုတ်-၆ ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အသိပေးထားသည်။ အဆိုပါချေးငွေများကို ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့် လုပ်ငန်းလိုအပ်ချက်အရ စက်ပစ္စည်းများ ဖြည့်ဆည်းဝယ်ယူတပ်ဆင်ခြင်းတို့အတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ချေးငွေအဆိုပြုလွှာများကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုဂုဏ်ပြု

ဗန်ကောက်၊ ဩဂုတ် ၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071