Sunday, May 17, 2026

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာ၏ လျှပ်စစ်မီးလိုအပ်ချက်အတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း သောက်သုံး ရေလုံလောက်စွာရရှိရေးနှင့် လျှပ်စစ်မီးလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ မေ ၁၆ ရက်တွင် မန္တလေးတိုင်း၊...

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတပြော

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၆ ရက်တွင် ပြင်ဦးလွင်မြို့ရှိ မြို့မိ/မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ်...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ‎ရန်ကုန်တိုင်းဒေ...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့သည်းထားသည့် ‎ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ (၄)ရပ်ကွက် ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသင်းကို...

စုစုပေါင်းအရှည်(၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော ပြင်ဦးလွင်မြို့မှ အဓိက...

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ စုစုပေါင်းအရှည် (၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော အဓိကလမ်းမကြီး(၅)လမ်းကို ယနေ့ မေ ၁၆ ရက်တွင် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeNewsLocal News၂၀၂၃ ခုနှစ်‌မတိုင်မီ တက္ကသိုလ်ဝင်စာမေးပွဲ၊...

၂၀၂၃ ခုနှစ်‌မတိုင်မီ တက္ကသိုလ်ဝင်စာမေးပွဲ၊ အခြေခံပညာအထက်တန်းစာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများထုတ်ယူနိုင်

၂၀၂၃ ခုနှစ်နှင့် ယင်းမတိုင်မီနှစ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲ၊ အခြေခံပညာအထက်တန်းစာမေးပွဲ အောင်လက် မှတ်နှင့် အမှတ်စာရင်းများကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို နေပြ ည်တော်နှင့် ရန်ကုန်ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ရုံးများတွင် နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီ ရုံးချိန်အတွင်း လျှော က်လွှာလက်ခံ၍ စနေ၊တနင်္ဂနွေရုံးပိတ်ရက်များမှအပ တိုက် ရိုက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အောင်လက်မှတ် ထုတ်ယူရန်အတွက် လိုအပ်သည့် အချက်များမှာ အမည်၊ ခုံအမှတ်၊ အောင်မြင်သည့်ခုနှစ် ၊မွေးသက္ကရာဇ်၊ စာစစ်ဌာန၊ ဖြေဆိုဘာသာတွဲ၊ အဖအမည်၊ အမိအမည်တို့ ပါဝင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင် သတ်မှတ်လျှောက်လွှာပုံစံ ဝယ်ယူ၍လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှောက်လွှာပုံစံတွင် အပြာနောက်ခံ (၁.၅” x ၂”) ဆိုဒ်ဓါတ်ပုံ (၃) ပုံနှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ တို့ဖြင့် ပူး တွဲ တင်ပေးရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

အထူး ‌သတိပြုရန် အချက်မှာ ဓာတ်ပုံသည် သတ်မှတ်အရွ ယ်အစားဖြစ်ရမည်ဖြစ်ပြီး မျက်နှာ၊ နားရွက် ထင်ရှားပြတ် သားရမည်ဖြစ်ပြီး ဓါတ်ပုံ အရည်အသွေး ကောင်းမွန်ရမည်ဖြစ်ကာ မူလမျက်နှာသွင်ပြင်ပျောက်ကွယ်စေနိုင်သည့် မိတ် ကပ်၊ သနပ်ခါး လိမ်းခြယ်ခြင်း မပြုရမည့်အပြင် အမြင်သင့်လျော်သည့် ဝတ်စားဆင်ယင်ထုံးဖွဲ့ မှုဖြစ်ရမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော ဓါတ်ပုံများဖြင့် လျှောက်လွှာတင်သွင်းပါက လက်ခံ ဆောင်ရွက်ပေးမည် မဟုတ်ကြောင်းလည်း သိရသည်။

လျှောက်ထားရန်နေရာများမှာမြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)ရုံးအမှတ် (၅၂)၊ သီရိမဏ္ဍိုင်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီး ဌာန(ရုံးခွဲ)အမှတ် (၄/၅)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တို့၌ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာ၏ လျှပ်စစ်မီးလိုအပ်ချက်အတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း သောက်သုံး ရေလုံလောက်စွာရရှိရေးနှင့် လျှပ်စစ်မီးလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ မေ ၁၆ ရက်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီး ရတနာပုံမြို့သစ်စီမံကိန်းနှင့် ရတနာပုံတယ်လီပို့အဆောက်အဦတို့အားကြည့်ရှုစစ်ဆေးစဥ် အထက်ပါအတိုင်းမှာ ကြားခဲ့ခြင်းဖြစ်သည်။ အဆောက်အဦများတည်ဆောက်ရာ၌ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်စေရန်၊ စီမံကိန်းဧရိယာအတွင်း စိမ်းလန်းစိုပြေရေး၊ ရေအရင်းအမြစ်များကို အပြည့်အဝနှင့်အကျိုးရှိရှိအသုံးချနိုင်ရေး စီမံဆောင် ရွက်ရန်၊ ရတနာပုံမြို့သစ်စီမံကိန်းအတွင်း ဒီဂျစ်တယ်၊ အိုင်တီနှင့် အေအိုင်နည်းပညာများ တိုးတက်စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။ ထို့ပြင် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများအနေဖြင့် ဒီဂျစ်တယ်၊...

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတပြော

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၆ ရက်တွင် ပြင်ဦးလွင်မြို့ရှိ မြို့မိ/မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ " ပြင်ဦးလွင်မြို့ဟာ သဘာဝကပေးထားတဲ့ ရာသီဥတုအေးချမ်းသာယာပြီး နေထိုင်ဖို့ကောင်းမွန်တဲ့မြို့တစ်မြို့ဖြစ်တာကြောင့် ကျန်းမာရေးမြို့တော်အဖြစ်ဆောင် ရွက်နိုင်ဖို့ မူဝါဒချမှတ်ဆောင်ရွက်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် စွန့်ပစ်အမှိုက်များကို အကျိုးရှိစွာပြန်လည်အ သုံးချ၍ မြို့အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရမည်ဖြစ်ကာ ခရီးသွားမြို့ဖြစ်၍ ပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပမှုများ ပိုမိုကောင်းမွန်လာပါက ပြည်တွင်း/ပြည်ပခရီးသွားများပိုမိုများပြားစွာလာရောက်ကြမည်ဖြစ်ပြီး ခရီးသွားလာလည်ပတ်ရန်ကောင်းမွန်သည့်မြို့အဖြစ် ပြင်ဦးလွင်၏ ဂုဏ်ဒြပ်ပိုမိုကောင်းမွန်လာမည်ဟု ပြောသည်။ ထို့ကြောင့် ခရီးသွားများစားသုံးရန်နှင့်...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ‎ရန်ကုန်တိုင်းဒေ သကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ဖွင့်လှစ် 

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့သည်းထားသည့် ‎ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ (၄)ရပ်ကွက် ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသင်းကို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအား အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ်လုပ်ကိုင်သူများ မြန်မာနိုင်ငံတစ်ဝှမ်းနေထိုင်သည့် နိုင်ငံသူ၊ နိုင်ငံ သားများ၏ လူနေမှုဘ၀ဖွံဖြိုးတိုးတက်ရေးအတွက်လည်း ရွည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071