Wednesday, June 17, 2026

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက်...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China...

နိုင်ငံတကာပါလီမန်ဆက်ဆံရေး မြှင့်တင်ရေး AIPA နှင့်...

နိုင်ငံတကာပါလီမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ (IPU) တို့ကို ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့...
HomeEducation၂၀၂၂ ခုနှစ် မေလတွင်...

၂၀၂၂ ခုနှစ် မေလတွင် တက္ကသိုလ်များ၊သင်တန်းများအားလုံး ပြန်လည်ဖွင့်လှစ်သွားမည်

၂၀၂၂ ခုနှစ် မေလတွင် တက္ကသိုလ်များ၊သင်တန်းများအားလုံး ပြန်လည်ဖွင့်လှစ်သွားမည်

ကိုဗစ်ကြောင့် ယာယီပိတ်ထားသည့် တက္ကသိုလ်များကို ပြီးခဲ့သည့်နှစ်မေ ၅ ရက်မှစတင်၍ နောက်ဆုံးနှစ် မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့သင်တန်းများ ဖွင့်လှစ်ခဲ့ကာ အဆင့်မြင့်တန်းများနှင့် အဝေးသင်သင်တန်းများကိုလည်း ဖွင့်လှစ်ခဲ့သည်။

ယခုဆက်၍ ကျန်ရှိသည့် တက္ကသိုလ်များ၊သင်တန်းများအားလုံးကို မေလလယ်မှစ၍ အားလုံးပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု နစကဥက္ကဋ္ဌ၏ မတ်လ၂၉ ရက်နှင့် မတ်လ ၃၀ရက် အစည်းအဝေးများအရသိရသည်။

ယင်းသို့ဖွင့်လှစ်ချိန်တွင် ၂၀၁၉ ပညာသင်နှစ်တွင် ၂၀၂၀ တက္ကသိုလ်ဝင် တန်းအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအားလုံး တက်ရောက် ကြရမည်ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။

တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊ကျောင်းသူများအား ကျောင်းမတက်ရန် ခြိမ်းခြောက်မှုမျိုးစုံရှိလာနိုင်သဖြင့် တာဝန်ရှိသူများအနေဖြင့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရှိရန် လိုကြောင်းလည်းမှာကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များအားလုံး အတန်းစုံ ကျောင်းပြန် ဖွင့်လှစ်မှုအား မေလ ၁၂ ရက်ဟု သတ်မှတ်ထားသည်။

ထိုသို့ဖွင့်လှစ်နိုင်ရေး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်ပါမောက္ခချုပ် များ၊ ဆရာအတတ် ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီး ဌာနရှိ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယခုရက်ထဲမှာပင်ကျင်းပခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများ၏ ပထမနှစ် သင်တန်း များကိုပါ မေ ၁၂ ရက်တွင် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း၊ ဝင်ခွင့်ရတက္ကသိုလ်များ စာရင်းကို သက်ဆိုင်ရာတက္ကသိုလ်အသီးသီးတွင် ဧပြီ ၁ ရက်၌ ကြေညာသွားမည်ဖြစ်ကာ၊ အဝေးသင်တက္ကသိုလ် သင်တန်းများသည် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် အနီးကပ်သင်တန်း တက်ရောက် ဖြေဆိုကြ မည်ဖြစ်သည်။

နိုဝင်ဘာလတွင် စာသင်နှစ်ဝက်အသစ်အတွက် တက္ကသိုလ်အတန်း များကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူ များလည်း တက်ရောက်ကာ ပုံမှန်စာသင်နှစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးနိုင်ရန် စီစဉ်ထားသည်ဟု ပညာရေးဝန်ကြီးဌာနမှသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက် ကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ပေးမည့် (၂)ထပ် ဆေးကုသဆောင်သစ် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံဝင်းအတွင်း ဇွန် ၁၆ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်ဦး၊ လူမှုရေးရာဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများသည် အဆောက်အဦသစ်အတွင်းရှိ လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် သွားနှင့်ခံတွင်းကုသရေးဌာနတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌတာဝန်ယူမည်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union - MPU) ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ MPU ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jang Phang နော်တောင် (ခ)...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော် CRCC သို့ နိုင်ငံတော်သမ္မတ သွားရောက်လေ့လာ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ CRCC သည် ၁၉၄၈ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ Railway Corps အဖြစ် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ကမ္ဘာ့ထိပ်တန်း အခြေခံအဆောက်အအုံ တည်ဆောက်ရေးကုမ္ပဏီများအနက် တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ လေ့လာရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် CRCC...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071