၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း မကြီး၌ ယာဥ်မတော်တဆမှုပေါင်း ၂၄၀ မှုဖြစ်ပွားခဲ့ ၈၄ ဦးသေဆုံး
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ၂၀၂၁ ခုနှစ်အတွင်း ယာဥ်မောင်းများ၏ပေါ့ဆမှုများကြောင့် ယာဥ်မတော်တဆမှုပေါင်း ၂၄၀ မှုဖြစ် ပွားခဲ့ကာ ၈၄ ဦးသေဆုံးပြီး ၃၉၄ ဦးထိခိုက်ဒဏ် ရာများရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲမှူးရုံးမှ သိရသည်။
“ရာသီဥတုကြောင့် လူကြောင့် ယာဥ်ကြောင့် လမ်းကြောင့် အစရှိသလိုဘယ်လိုအကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် ယာဥ်မောင်းတွေရဲ့ပေါ့ဆမှုကြောင့် အခုလို ယာဥ်မတော်တဆမှုတွေဖြစ်တာပါ ယာဥ်မောင်းတွေနဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်”ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲမှူးရုံးမှ ဒုရဲမှူးမျိုးလင်းသန့်ကပြောသည်။
၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးပေါ်၌ ဖြစ်ပွားခဲ့သည့် ယာဥ်မတော်တဆမှုများကြောင့် ပျက်စီးဆုံးရှုးမှုတန်ဖိုးမှာ ကျပ်သိန်းနှစ်ထောင်ကျော်ရှိခဲ့သည်။
အမြန်လမ်းမကြီးပေါ်၌ ယာဥ်မတော်တဆမှုများဖြစ်ပွားမှုလျော့နည်းစေရန် အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်နေသည့်ယာဥ်မောင်းများအနေဖြင့် ယာဥ်မောင်းနှင်ခြင်းမပြုမီ သွားရမည့်ခရီးအကွာအဝေး၌ ရှိသင့်ရှိထိုက်သည့် ယာဥ်၏လေပေါင်များအား သေချာစွာစစ်ဆေးပြီးမှဂရုစိုက်မောင်းနှင်သင့်သည်ဟု ဒုရဲမှူးမျိုးလင်းသန့်ကပြော သည်။
“ယာဥ်ကြောင့်ဆိုတဲ့ခေါင်းစဥ်အောက်မှာသက် တမ်းကျော်နေတဲ့တာယာတွေကိုသုံးတာကြောင့် မောင်းနေရင်းတာယာပွင့်ထွက်တာတွေပါတယ် လမ်းကြောင့်ဆိုတဲ့ခေါင်းစဥ်အောက်မှာ ယာဥ်မောင်းကလမ်းအကွေ့တွေမှာအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တက်သွားတာရှိတယ် လမ်းဘေးမှာရှိတဲ့ကပ်တုံးတွေကိုဝင်တိုက်မိပြီးတော့ ယာဥ်မတော်တတမှုဖြစ်တာတွေရှိတယ်”ဟု ၎င်းကဆက်ပြောသည်။
အလားတူ မိုးရာသီတွင် မိုရွာသွန်းမှုများချိန်၌ လမ်းမြင်ကွင်းပျောက်စေသဖြင့် ယာဥ်မောင်းများအနေဖြင့် ယာဥ်အားထိန်းသိမ်းနိုင်သည့်အရှိန်နှုန်းဖြင့်သာမောင်းနှင်သင့်သည်ဟု ဒုရဲမှူးမျိုးလင်းသန့်ကပြောသည်။
Zaw Gyi
၂၀၂၁ ခုႏွစ္အတြင္း ရန္ကုန္-မႏၲေလးအျမန္လမ္း မႀကီး၌ ယာဥ္မေတာ္တဆမႈေပါင္း ၂၄၀ မႈျဖစ္ပြားခဲ့ ၈၄ ဦးေသဆုံး
ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးေပၚတြင္ ၂၀၂၁ ခုႏွစ္အတြင္း ယာဥ္ေမာင္းမ်ား၏ေပါ့ဆမႈမ်ားေၾကာင့္ ယာဥ္မေတာ္တဆမႈေပါင္း ၂၄၀ မႈျဖစ္ ပြားခဲ့ကာ ၈၄ ဦးေသဆုံးၿပီး ၃၉၄ ဦးထိခိုက္ဒဏ္ ရာမ်ားရရွိခဲ့ေၾကာင္း အျမန္လမ္းမႀကီးရဲတပ္ဖြဲမႉး႐ုံးမွ သိရသည္။
“ရာသီဥတုေၾကာင့္ လူေၾကာင့္ ယာဥ္ေၾကာင့္ လမ္းေၾကာင့္ အစရွိသလိုဘယ္လိုအေၾကာင္းအရာေၾကာင့္ပဲျဖစ္ျဖစ္ ယာဥ္ေမာင္းေတြရဲ႕ေပါ့ဆမႈေၾကာင့္ အခုလို ယာဥ္မေတာ္တဆမႈေတြျဖစ္တာပါ ယာဥ္ေမာင္းေတြနဲ႔တိုက္႐ိုက္သက္ဆိုင္ပါတယ္”ဟု အျမန္လမ္းမႀကီးရဲတပ္ဖြဲမႉး႐ုံးမွ ဒုရဲမႉးမ်ိဳးလင္းသန္႔ကေျပာသည္။
၂၀၂၁ ခုႏွစ္အတြင္း ရန္ကုန္-မႏၲေလးအျမန္လမ္း မႀကီးေပၚ၌ ျဖစ္ပြားခဲ့သည့္ ယာဥ္မေတာ္တဆမႈမ်ားေၾကာင့္ ပ်က္စီးဆုံးရႈးမႈတန္ဖိုးမွာ က်ပ္သိန္းႏွစ္ေထာင္ေက်ာ္ရွိခဲ့သည္။
အျမန္လမ္းမႀကီးေပၚ၌ ယာဥ္မေတာ္တဆမႈမ်ားျဖစ္ပြားမႈေလ်ာ့နည္းေစရန္ အျမန္လမ္းမႀကီးေပၚတြင္ ေမာင္းႏွင္ေနသည့္ယာဥ္ေမာင္းမ်ားအေနျဖင့္ ယာဥ္ေမာင္းႏွင္ျခင္းမျပဳမီ သြားရမည့္ခရီးအကြာအေဝး၌ ရွိသင့္ရွိထိုက္သည့္ ယာဥ္၏ေလေပါင္မ်ားအား ေသခ်ာစြာစစ္ေဆးၿပီးမွဂ႐ုစိုက္ေမာင္းႏွင္သင့္သည္ဟု ဒုရဲမႉးမ်ိဳးလင္းသန္႔ကေျပာ သည္။
“ယာဥ္ေၾကာင့္ဆိုတဲ့ေခါင္းစဥ္ေအာက္မွာသက္ တမ္းေက်ာ္ေနတဲ့တာယာေတြကိုသုံးတာေၾကာင့္ ေမာင္းေနရင္းတာယာပြင့္ထြက္တာေတြပါတယ္ လမ္းေၾကာင့္ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ ယာဥ္ေမာင္းကလမ္းအေကြ႕ေတြမွာအရွိန္မထိန္းႏိုင္ဘဲ လမ္းလယ္ကြၽန္းေပၚတက္သြားတာရွိတယ္ လမ္းေဘးမွာရွိတဲ့ကပ္တုံးေတြကိုဝင္တိုက္မိၿပီးေတာ့ ယာဥ္မေတာ္တတမႈျဖစ္တာေတြရွိတယ္”ဟု ၎ကဆက္ေျပာသည္။
အလားတူ မိုးရာသီတြင္ မို႐ြာသြန္းမႈမ်ားခ်ိန္၌ လမ္းျမင္ကြင္းေပ်ာက္ေစသျဖင့္ ယာဥ္ေမာင္းမ်ားအေနျဖင့္ ယာဥ္အားထိန္းသိမ္းႏိုင္သည့္အရွိန္ႏႈန္းျဖင့္သာေမာင္းႏွင္သင့္သည္ဟု ဒုရဲမႉးမ်ိဳးလင္းသန္႔ကေျပာသည္။


