Friday, May 1, 2026

ဘန်ကောက်၏ အပူညွှန်းကိန်း အလွန်အမင်း အန္တရာယ်များသော...

ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၏ အပူညွှန်းကိန်းသည် ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်းအန္တရာယ်ရှိသောဇုန်သို့ ဝင်ရောက်ခဲ့ပြီး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ထက်မြင့်မားခြင်း သို့မဟုတ် ယင်းပမာဏနှင့် ညီမျှသော...

ထိုင်း ၆၃၅ ဦးကို ဖနွမ်းပင်က...

ကမ္ဘောဒီးယား အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဘန်တေး မီးချေး ပြည်နယ်တွင် ထိုင်း နိုင်ငံသား ၆၃၅ ဦး ကို ကြာသပတေးနေ့တွင် တရားမဝင်...

ညောင်ရွှေမြို့နယ်တွင် မီတာယူနစ်များမှန်ကန်စေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပပျေ-ာက်ရေး ကွင်းဆင်းစစ်ဆေးမှုစတင်

​ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လစဉ်မီတာယူနစ်များတိကျမှန်ကန်စေရန်နှင့် ဓာတ်အားလေလွင့်မှုလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဖတ်ရှုခြင်းကို ယနေ့ မေ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊...

ရေပေးဝေသည့်ကိစ္စ စကားများရာမှ မောင်ဖြစ်သူက အစ်မအရင်းအား...

​ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ရေပေးဝေသည့်ကိစ္စဖြင့် မောင်နှမချင်းစကားများရာမှ မောင်ဖြစ်သူက အစ်မရင်းဖြစ်သူအား ပေါက်တူးဖြင့်ရို-က်နှ-က်သ-တ်ဖြ-တ်ခဲ့မှု ဧပြီ ၃၀ ရက်ည ၈ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျောက်တန်းမြို့နယ်၊...
HomeNewsLocal News၂၀၂၁ ခုနှစ် ၁၁...

၂၀၂၁ ခုနှစ် ၁၁ လအတွင်းမီးလောင်ဆုံးရှုံးမှုက ၂၀၂၀ ပြည့်နှစ်အတွင်းကမီးလောင် ဆုံးရှုံးမှုထက်ပိုများ

(Unicode)

၂၀၂၁ ခုနှစ် ၁၁ လအတွင်းမီးလောင်ဆုံးရှုံးမှုက ၂၀၂၀ ပြည့်နှစ်အတွင်းကမီးလောင် ဆုံးရှုံးမှုထက်ပိုများ

တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လအ တွင်းမှာလောင်ကျွမ်းခဲ့တဲ့ မီးလောင်ဆုံးရှုံးမှုက ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလကနေ ဒီဇင်ဘာလအ ထိ လောင်ကျွမ်းခဲ့တဲ့ မီးလောင်ဆုံးရှုံးမှုထက် ပိုများတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့စာရင်းတွေအရ သိရပါတယ်။

၂၀၂၀ ပြည်နှစ် တစ်နှစ်လုံးရဲ့မီးလောင်ဆုံးရှုံးမှုတန်ဖိုးက ငွေကျပ် ၆၄၇၆ သန်းရှိခဲ့ပြီး ၂၀၂၁ ခုနှစ်ရဲ့ ၁၁ လအတွင်း မီးလောင်ဆုံးရှုံးမှုတန်ဖိုးက ၃၂၈၂၆ ဒသမ ၂၈၃ သန်းရှိတာကြောင့် ဆုံးရှုံးမှုတန်ဖိုး အဆမတန်မြင့်တက်ခဲ့တာကို စာရင်းတွေအရသိရပါတယ်။

မီးလောင်မှုကြိမ်ရေကတော့ ဒီ ၁၁ လအတွင်းမှာ ၁၉၄၉ ကြိမ်ရှိထားပြီး ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးမှာတော့ ၁၉၉၀ ကြိမ်ရှိခဲ့ပါတယ်။ဒီမီးလောင်တဲ့ကြိမ်ရေနဲ့ဆုံးရှုံးမှုတန်ဖိုးက တိုင်းဒေသကြီးနဲ့ပြည် နယ်အသီးသီးကဖြစ်ပါတယ်။

” ၁၁ လအတွင်းမှာ မီးလောင်တာအများဆုံးက ရှို့မီး ၇၁၂ ကြိမ်ဖြစ်သလို လျှပ်စစ်ကြောင့်လောင်တာက ၄၂၇ ကြိမ်ဒုတိယအများဆုံးနဲ့ လူတွေရဲ့ပေါ့ဆမှုကြောင့်လောင်တာက ၄၀၃ ကြိမ်ရှိခဲ့ပါတယ် ပေါ့ဆမှုကြောင့်လောင်တာတွေကိုအရေး ယူမှုတွေရှိပါတယ်”လို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က လက်ထောက်ညွှန်ကြားရေးမှူးဦးသက်ထွေးအောင်ကပြောပါတယ်။

နှစ်စဥ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့ဟာ မီးလောင်မှုများတဲ့ကာလတွေဖြစ်တာကြောင့် မီးလောင်မှုမဖြစ်အောင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က တိုင်းဒေ သကြီးနဲ့ပြည်နယ်အလိုက် စီမံချက်တွေရေးဆွဲပြီး လုပ်ဆောင်နေပါတယ်။

“ကြိုတင်ကာကွယ်ရေးအပိုင်းအရ တစ်အိမ်တက်ဆင်းစစ်တာလုပ်တယ် အခုဆိုရင်စျေးတွေမီး လောင်မှုဖြစ်တယ် ဒါ့ကြောင့်စျေးတွေကိုမီးဘေးကြိုတင်ကာကွယ်မှုစစ်တာတွေ မီးငြိမ်းသတ်ရာမှာလိုအပ်တဲ့ရေအလွယ်တကူ ရဖို့ကြိုတင်ဆောင် ရွက်နေပါတယ်”လို့ဦးသက်ထွေးအောင်ကပြောပါတယ်။

မီးလောင်တာများတဲ့ကာလဖြစ်တာကြောင့် မီးဖိုသုံးမယ်ဆိုရင်လည်းအောက်ချပြီးသုံးဖို လျှပ်စစ်နဲ့သုံးမယ်ဆိုရင်လည်း ဝါယာကြိုးတွေကမိုးတွင်းကာလမှာမိုးရေထိမိတာတွေကြောင့် ဆွေးမြေ့ပေါက်ပြဲတာတွေရှိနိုင်တာကြောင့် ပြန်လည်စစ် ဆေးပြီးမှအသုံးပြုဖိုနဲ့ အိမ်တိုင်းမှာ ကနဦးမီးငြိမ်းသတ်ရေးပစ္စည်းတွေ လိုအပ်တဲ့ရေသိုလှောင်တာတွေဆောင်ရွက်ထားဖို့ ဦးသက်ထွေးအောင်က အ ကြံပြုပြောကြားခဲ့ပါတယ်။

(Zawgyi)

၂၀၂၁ ခုႏွစ္ ၁၁ လအတြင္းမီးေလာင္ဆုံးရႈံးမႈက ၂၀၂၀ ျပည့္ႏွစ္အတြင္းကမီးေလာင္ ဆုံးရႈံးမႈထက္ပိုမ်ား

တိုင္းေဒသႀကီးနဲ႔ျပည္နယ္အသီးသီးမွာ ၂၀၂၁ ခုႏွစ္၊ဇန္နဝါရီလကေန ႏိုဝင္ဘာလအထိ ၁၁ လအ တြင္းမွာေလာင္ကြၽမ္းခဲ့တဲ့ မီးေလာင္ဆုံးရႈံးမႈက ၂၀၂၀ ျပည့္ႏွစ္၊ဇန္နဝါရီလကေန ဒီဇင္ဘာလအ ထိ ေလာင္ကြၽမ္းခဲ့တဲ့ မီးေလာင္ဆုံးရႈံးမႈထက္ ပိုမ်ားတယ္လို႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ရဲ႕စာရင္းေတြအရ သိရပါတယ္။

၂၀၂၀ ျပည္ႏွစ္ တစ္ႏွစ္လုံးရဲ႕မီးေလာင္ဆုံးရႈံးမႈတန္ဖိုးက ေငြက်ပ္ ၆၄၇၆ သန္းရွိခဲ့ၿပီး ၂၀၂၁ ခုႏွစ္ရဲ႕ ၁၁ လအတြင္း မီးေလာင္ဆုံးရႈံးမႈတန္ဖိုးက ၃၂၈၂၆ ဒသမ ၂၈၃ သန္းရွိတာေၾကာင့္ ဆုံးရႈံးမႈတန္ဖိုး အဆမတန္ျမင့္တက္ခဲ့တာကို စာရင္းေတြအရသိရပါတယ္။

မီးေလာင္မႈႀကိမ္ေရကေတာ့ ဒီ ၁၁ လအတြင္းမွာ ၁၉၄၉ ႀကိမ္ရွိထားၿပီး ၂၀၂၀ ျပည့္ႏွစ္ တစ္ႏွစ္လုံးမွာေတာ့ ၁၉၉၀ ႀကိမ္ရွိခဲ့ပါတယ္။ဒီမီးေလာင္တဲ့ႀကိမ္ေရနဲ႔ဆုံးရႈံးမႈတန္ဖိုးက တိုင္းေဒသႀကီးနဲ႔ျပည္ နယ္အသီးသီးကျဖစ္ပါတယ္။

” ၁၁ လအတြင္းမွာ မီးေလာင္တာအမ်ားဆုံးက ရႈိ႕မီး ၇၁၂ ႀကိမ္ျဖစ္သလို လွ်ပ္စစ္ေၾကာင့္ေလာင္တာက ၄၂၇ ႀကိမ္ဒုတိယအမ်ားဆုံးနဲ႔ လူေတြရဲ႕ေပါ့ဆမႈေၾကာင့္ေလာင္တာက ၄၀၃ ႀကိမ္ရွိခဲ့ပါတယ္ ေပါ့ဆမႈေၾကာင့္ေလာင္တာေတြကိုအေရး ယူမႈေတြရွိပါတယ္”လို ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕က လက္ေထာက္ၫႊန္ၾကားေရးမႉးဦးသက္ေထြးေအာင္ကေျပာပါတယ္။

ႏွစ္စဥ္ ႏိုဝင္ဘာလနဲ႔ ဒီဇင္ဘာလတို႔ဟာ မီးေလာင္မႈမ်ားတဲ့ကာလေတြျဖစ္တာေၾကာင့္ မီးေလာင္မႈမျဖစ္ေအာင္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕က တိုင္းေဒ သႀကီးနဲ႔ျပည္နယ္အလိုက္ စီမံခ်က္ေတြေရးဆြဲၿပီး လုပ္ေဆာင္ေနပါတယ္။

“ႀကိဳတင္ကာကြယ္ေရးအပိုင္းအရ တစ္အိမ္တက္ဆင္းစစ္တာလုပ္တယ္ အခုဆိုရင္ေစ်းေတြမီး ေလာင္မႈျဖစ္တယ္ ဒါ့ေၾကာင့္ေစ်းေတြကိုမီးေဘးႀကိဳတင္ကာကြယ္မႈစစ္တာေတြ မီးၿငိမ္းသတ္ရာမွာလိုအပ္တဲ့ေရအလြယ္တကူ ရဖို႔ႀကိဳတင္ေဆာင္ ႐ြက္ေနပါတယ္”လို႔ဦးသက္ေထြးေအာင္ကေျပာပါတယ္။

မီးေလာင္တာမ်ားတဲ့ကာလျဖစ္တာေၾကာင့္ မီးဖိုသုံးမယ္ဆိုရင္လည္းေအာက္ခ်ၿပီးသုံးဖို လွ်ပ္စစ္နဲ႔သုံးမယ္ဆိုရင္လည္း ဝါယာႀကိဳးေတြကမိုးတြင္းကာလမွာမိုးေရထိမိတာေတြေၾကာင့္ ေဆြးေျမ့ေပါက္ၿပဲတာေတြရွိႏိုင္တာေၾကာင့္ ျပန္လည္စစ္ ေဆးၿပီးမွအသုံးျပဳဖိုနဲ႔ အိမ္တိုင္းမွာ ကနဦးမီးၿငိမ္းသတ္ေရးပစၥည္းေတြ လိုအပ္တဲ့ေရသိုေလွာင္တာေတြေဆာင္႐ြက္ထားဖို႔ ဦးသက္ေထြးေအာင္က အ ႀကံျပဳေျပာၾကားခဲ့ပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071