Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeCelebrities' News၂၀၁၉ ခုနှစ် ရုပ်ရှင်အကယ်ဒမီ...

၂၀၁၉ ခုနှစ် ရုပ်ရှင်အကယ်ဒမီ ဆန်ခါတင် စာရင်းတွင် ကျော်သူ၊ မင်းမော်ကွန်း၊ ဒေါင်း၊ ပိုင်ဖြိုးသု ၊ ဇာဏ်ခီ၊ ရဲတိုက်၊ ဒါရိုက်တာ ကိုပေါက်တို့ ပါဝင်သည့် ဇာတ်ကားများ ပါဝင်

၂၀၁၉ ခုနှအတွက် ရုပ်ရှင်အကယ်ဒမီ ဆန်ကာတင်စာရင်းတွင် ပါဝင်သည့် ရုပ်ရှင်ဇာတ်ကားပေါင်း (၂၉) ကားကို အကယ်ဒမီရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ထားပြီး အဆိုပါ စာရင်းထဲတွင် ပုဒ်မ ၅၀၅ ဖြင့် တိမ်းရှောင်နေရသည့် သရုပ်ဆောင်များ ၊ ဒါရိုက်တာများနှင့် ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင်များ ၊ ဒါရိုက်တာများ၏ ဖန်းတီးမှု ဇာတ်ကားများ ပါဝင်နေကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့၏ ထုတ်ဖော်ပြောကြားလာသည့် အချက်အလက်များအရ ၂၀၁၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားပေါင်း (၉၇) ကားအနက်မှ ပထမအကြိမ် အကဲဖြတ် ကြည့်ရှုပြီး ဆန်ကာတင် (၂၉) ကားကို စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန်ကာတင် (၂၉) ကားတွင် အကယ်ဒမီ ကျော်သူ ပါဝင်သရုပ်ဆောင်ထားသည့် “ကျောမှာဂဠုန် ရင်မှာနဂါး” ၊ ” ၁၀၁၄” ၊ အကယ်ဒမီ မင်းမော်ကွန်း ပါဝင်သရုပ်ဆောင်ထားသည့် ” နိုင်ငံကြီးသား” ၊ ” ထာဝရထက် နှစ်ဆ” ၊ သရုပ်ဆောင် ဒေါင်း ပါဝင်သရုပ်ဆောင်ထားသည့် “၁၀၁၄”၊ ” လိပ်ပြာစံအိမ်” ၊ “ဒဏ္ဍာရီမိုး”၊ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ” ရိုးမပေါ် ကျတဲ့မျက်ရည်” ၊ သရုပ်ဆောင် ဇာဏ်ခီ ပါဝင် သရုပ်ဆောင်ထားသည့် ” ထာဝရ နှောင်ကြိုး” ၊ သရုပ်ဆောင်ဖွေးဖွေး ပါဝင် သရုပ်ဆောင်ထားသည့် ” သူစိမ်းအိမ်” ၊ ” လှပ်၍ – လွင့်သော” ၊ ” ပပဝတီ စီရင်ခန်း” ၊ ” ကြာတော့သည်လည်း မောင့်စကား” ၊ သရုပ်ဆောင် ပိုင်ဖြိုးသု ပါဝင်သရုပ် ဆောင်ထားသည့် ” ထာဝရ နှောင်ကြိုး” စသည့် ဇာတ်ကားများ ပါဝင်နေကြောင်း သိရသည်။

ထို့အပြင် ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင် ရဲတိုက် ပါဝင်သရုပ်ဆောင်ထားသည့် “ဒဏ္ဍာရီမိုး” ဇာတ်ကားသည်လည်း အကယ်ဒမီ ဆန်ကာတင် ဇာတ်ကား (၂၉) ကားစာရင်းတွင် ပါဝင်ကြောင်း မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆု ပြန်လည်ချီးမြှင့်မည့် အစီအစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒါရိုက်တာ ပန်းချီစိုးမိုးနှင့် ပေါ်ပြူလာနယူး(စ်) ၏ သီးသန့် မေးမြန်းခန်းတစ်ခုတွင် ၎င်းက ယခုလို ပြောကြားထားသည်။

” နိုင်ငံရေးက နိုင်ငံရေးသမားတွေ လုပ်လိမ့်မယ်။ ကျွန်တော်တို့ အလုပ်မဟုတ်ဘူး ။ ကျွန်တော်တို့က အနုပညာသမား ၊ အနုပညာအလုပ်ပဲ လုပ်မယ်။ အကယ်ဒမီပေးပွဲဟာ ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက်လို့ လုပ်ဖြစ်တာပါ။ ရုပ်ရှင်လောကရဲ့တိုးတတ်ရာ တိုးတတ်ကြောင်း ပျက်ပြီးပျောက်သွားတာမျိုး မဖြစ်အောင် ကျွန်တော်တို့မှာ တာ၀န်ရှိပါတယ်” ဒါရိုက်တာ ပန်းချီစိုးမိုး က ပေါ်ပြူလာနယူး(စ်) သို့ ပြောကြားထားသည်။

ပရိုဂျူဆာတဦးက”အနုပညာရှင်တွေအပြင်အတတ်ပညာရှင်တွေ လည်းမနစ်နာစေချင်လို့ အကယ်ဒမီစိစစ်ကြည့်ရှုဖို့သဘောတူခဲ့တာ”ဟုဆိုသည်။

လက်ရှိတွင် အကယ်ဒမီဆု ရွေးချယ်ရေးအဖွဲ့အနေဖြင့် ဆန်ကာတင်ဇာတ်ကား (၂၉) ကားကို ဒုတိယအကျော့အနေဖြင့် ကြည့်ရှု အကဲဖြတ်လျက်ရှိကြောင်းလည်း သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ (အကယ်ဒမီပေးပွဲ) အခမ်းအနားကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စတင်ကာ ကိုဗစ် ၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းများအရ ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြန်လည်ကျင်းပရန် ပြင်ဆင်နေကြခြင်းလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071