Sunday, February 1, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomeArticles၂၀၁၇ခုနှစ် အကယ်ဒမီ (၁၁)ဆုအတွက်...

၂၀၁၇ခုနှစ် အကယ်ဒမီ (၁၁)ဆုအတွက် စံချိန်စံညွန်း သတ်မှတ်ချက်များ(၃)

အကယ်ဒမီဆုပေးပွဲအခမ်းအနား ကျင်းပမည့် အချိန်နီးကပ်လာလေလေ ရုပ်ရှင်ချစ်ပရိသတ်များ၏ အကယ်ဒမီ တစ်ကြိုပေးခန့်မှန်းချက်များက အရှိန် မြှင့်လာကြသကဲ့သို့ အကယ်ဒမီဆုရွေး ချယ်ရေးဘုတ်အဖွဲ့မှ ရုပ်ရှင်အနုပညာ ရုပ်ရှင်အတတ်ပညာအကဲဖြတ်စိစစ် ရွေးချယ်မှုတို့၏ သမာသမတ်ကျကျစွမ်း ဆောင်မှုပေါ်ထွက်ဖြစ်တည်လာကာ ရုပ်ရှင်ချစ်ပရိသတ်တို့၏ အကယ်ဒမီ မျှော်လင့်ချက် ရင်ခုန်သံများနှင့်ထပ်တူ ကျမည်လားဆိုတာကလည်း အလွန် စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။

သို့ဖြစ်ပါ၍ ယခုနှစ်ကျင်းပပြုလုပ် မည့် ၂ဝ၁၇ ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပေးအပ်ပွဲကနေ ရုပ်ရှင်အနု ပညာအရည်အသွေးကောင်းမွန်ပြီး ရုပ် ရှင်အတက်ပညာ ရုပ်ရှင်အသိပညာ အရည်အသွေးပြည့်ဝကာ စံချိန်စံညွှန်း ပြည့်မီသော အကယ်ဒမီဆုရှင်များ ထိုက်ထိုက်တန်တန်ပေါ်ထွက်လာမည် ဖြစ်သလို အထူးခြားဆုံးမြန်မာ့ရုပ်ရှင် သမိုင်းအခန်းကဏ္ဍသစ်ရေးထိုးကမ္ဗည်း တင်ကျန်ထားရစ်မည့် အကယ်ဒမီစံချိန် စံညွှန်းအပြည့်မီဆုံးနှစ်တစ်နှစ်အဖြစ် စစ်မှန်သော ထူးချွန်သူအနုပညာရှင် များပင် ထိုက်တန်သော အကယ်ဒမီဆု များဆွတ်ခူးရရှိမည်ဟု ယုံကြည်မျှော် လင့်မိပါသည်။

ဇာတ်ဆောင်ဆု (အမျိုးသား၊အမျိုး သမီး) စံချိန်စံညွှန်း

၁။ သရုပ်ဆောင်၏ ပြင်ပ၊ ပင် ကိုယ်စရိုက်သဘာဝများ မပေါ်လွင် စေဘဲ ဇာတ်ကောင်စရိုက်ကို အရုပ်၊ အသံ၊ စိတ်တို့ဖြင့် ပီပီပြင်ပြင်သရုပ် ဆောင်နိုင်ရပါမည်။

၂။ အဝတ်အစား၊ ဆံပင်မိတ် ကပ်၊ စကားအပြောအဆို၊ သွားလာ နေထိုင်ပုံမှအစ(မူလသရုပ်ဆောင် ပုံစံပျောက်၍) ဇာတ်ကောင်ပုံစံ ဝင် နေရပါမည်။

၃။ ပူးတွဲသရုပ်ဆောင်ကြမည့် အခြားသရုပ်ဆောင်များနှင့် အပေး အယူညီညွှတ်မျှတ၊ သဘာဝကျ အောင် သရုပ်ဆောင်နိုင်သူ ဖြစ်ရ ပါမည်။

၎။ ဇာတ်ဆောင်အဖြစ် သရုပ် ဆောင်သူသည် ဇာတ်လမ်းကိုဦးဆောင် လှုပ်ရှားနိုင်သူဖြစ်ရပါမည်။ ဇာတ်ပို့ သရုပ်ဆောင်များကိုလည်း တွဲခေါ် သရုပ်ဆောင်နိုင်သူဖြစ်ရပါမည်။

အကောင်းဆုံး ဇာတ်ညွှန်းဆု စံချိန် စံညွှန်း

၁။ ပရိသတ်အများစုကြိုက်သလို အနုပညာမြောက်သည့် ဇာတ်ကား၏ ဇာတ်ညွှန်း၊ ဇာတ်လမ်း၊ ဇာတ်ကွက် ဖန်တီးရာတွင်

(က) Tension (စိတ်တင်းအား) ဖြစ်ပေါ်စေခြင်း၊

(ခ) Surprise (အံ့အားသင့် စရာ)ဖြစ်ပေါ်စေခြင်း၊

(ဂ) Suspence (မချင့်မရဲ)ဖြစ်ပေါ်စေခြင်း၊

၂။ ဇာတ်လမ်း၏ရည်ရွယ်ချက် ကိုဖော်ညွှန်းပေးနိုင်သည့် ဇာတ်ညွှန်း၊

၃။ ဇာတ်ကောင်စရိုက်များကို

(က) လိုက်ဖက်သော လှုပ်ရှား ဖြင့်လည်းကောင်း၊

(ခ) လိုက်ဖက်သော ပြောဆို သော စကားများဖြင့်လည်းကောင်း ပေါ်လွင်အောင် ရေးသားနိုင်သည့် ဇာတ်ညွှန်း၊

၎။ ဇာတ်လမ်း၏ အချိတ်အ ဆက်၊ အခန်းအကူးအပြောင်းများ ကောင်းမွန်သည့် ဇာတ်ညွှန်း၊

၅။ ရိုးရာယဉ်ကျေးမှု၊ လူမျိုး ရေး၊ ဘာသာရေးထိခိုက်စေနိုင်သော ဇာတ်ညွှန်းမျိုးထက် မိမိနိုင်ငံနှင့်လူမျိုး အတွက် ရည်ရွယ်ချက်ကောင်း မွန်သောဇာတ်ညွှန်း၊

၆။ ရုပ်ရှင်ဇာတ်ညွှန်း၏အခြေခံ လက္ခဏာပုံစံများပါရှိရပါမည်။

(က) ဇာတ်ဝင်ခန်း၏ ခေါင်းစဉ် (Scence Heading)
Ext.Location – Day
Int.Location – Night

(ခ) ဇာတ်ကောင်လှုပ်ရှားမှု ဖော်ပြချက် (Description)

(ဂ) ဇာတ်ကောင်တို့၏ ပြော စကား (Dialogue)

(ဃ) အခန်းစဉ်အကူးအပြောင်း (Transition – cut, mix, dis- solve, wipe …)

၇။ ရုပ်ရှင်မရိုက်ကူးမီ ရေးသား (ပြီးစီး)သော ရုပ်ရှင်ဇာတ်ညွှန်းဖြစ် ရပါမည်။ ရုပ်ရှင်အသံဆု စံချိန်စံညွှန်း

(၁) အသံဆုနှင့်ပတ်သက်ပြီး အကယ်ဒမီဆုချီးမြှင့်ရန် အသံပိုင်း ဆိုင်ရာဆုကို စလယ်ဆုံးတာဝန်ယူ ထားသူကိုသာ ဦးစားပေးရွေးချယ်ရ မည်ဖြစ်ပါသည်။ အဆင့်ဆင့်ခွဲခြား ၍

(၂) (Location Engineer) (ရိုက်ကွင်းအသံဖမ်း)

(၃) (Post Recording) နှင့် (Sound Design Engineer) (အသံပြန်လည်သွင်းယူခြင်းနှင့်လိုအပ် သော အသံများကို အထူးပြုလုပ်ပြီး Volume အနည်းအများ၊ အတိုးအ ကျယ်၊ အနီးအဝေးချိန်ဆခြင်း၊ စကား ပြောသံ၊ ပတ်ဝန်းကျင်အသံ၊ ဂီတသံ အပါအဝင် အသံအတိုးအကျယ်၊ အနီး အဝေးကို ချိန်ဆပေးရသောBala- ncing and Mixing Engineer စသည့် လုပ်ငန်းများရှိရာ ယခုအခါ အထက်ပါလုပ်ငန်းများကို အဓိက တာဝန်ယူပြီး ဦးဆောင်လုပ်သူဖြစ်ရ မည့်အပြင် အသံဖမ်းခြင်းကို လိုအပ် သလို ညွှန်ကြားပြီး ၄င်းဖမ်းလာသော အသံများကိုလည်း အဆင့်ဆင့်ပြုပြင် ခြင်း၊ ဦးဆောင်ဖန်တီးသည့် အသံ ပညာကို အဓိကဦးစားပေးရွေးချယ် ရပါမည်။)

(၄) လိုအပ်သော အသံများဖမ်း ယူရာတွင် အသံများကောင်မွန်ခြင်း မရှိပါကလည်း ပြန်လည်အသံသွင်း ရပါမည်။

(၅) ဇာတ်ဝင်အသံများကို ပြု ပြင်ရုံနှင့်မပြီးပါ။ ၄င်းအသံများကို Volume အနိမ့်အမြင့်၊ အတိုးအ ကျယ်အပါအဝင် ဇာတ်ဝင်ခန်းများ တွင် အထွေထွေအသံများ၊ ဇာတ်လမ်း ကို အထောက်အပံ့ ဖြစ်စေသော အသံများ၊ နောက်ခံတေးဂီတအသံ များကို ချိန်ဆပေးခြင်း၊ ရောနှောပေး ခြင်း (Balancing and Mixing) စသည်တို့ကိုပါ လုပ်ကိုင်ပေးသော အသံပိုင်းဆိုင်ရာပညာရှင်များကိုဦး စားပေးရပါမည်။

(၆) အသံပိုင်းဆိုင်ရာ ဆုချီးမြှင့် ရာတွင် ပြည်တွင်း၌ လုပ်ကိုင်သော ပညာရှင်များကိုသာ ဆုချီးမြှင့်ရပါ မည်။

အကယ်ဒမီဆုရွေးချယ်ရာတွင်

– ဇာတ်ကားတစ်ကားလုံးကို ခြုံ ၍ ဇာတ်ကောင်များ၏ စကားပြောသံ အရည်အသွေး၊

– မလိုလားအပ်သော အသံများ ထုတ်နုတ်မှုနှင့် သဘာဝအသံများ ထည့်သွင်းမှု အခြေအနေ၊

– ဇာတ်လမ်းနှင့် အံဝင်ခွင်ကျ ကိုက်ညီသောအသံဖန်တီးမှု၊

– အသံအနီးအဝေးအတိုးအကျယ် (အတိမ်အနက်)မှန်ကန်မှု၊

– အသံရောနှောမှုကောင်းမွန် ခြင်း

အထက်ပါ အကြောင်းအရာ အချက်အလက်များကို အခြေပြုခံ စားပြီး အသံအကယ်ဒမီဆုပေးရန် ဖြစ်ပါသည်။

ရုပ်ရှင်ဓာတ်ပုံဆု စံချိန်စံညွှန်း

(၁) အရုပ်ကြည်လင်ပြတ်သား ခြင်း

(၂) အရုပ်အထားအသိုမှန် ကန်ရခြင်း၊

(၃) ပြသသောအရုပ်သည် နေ ရာ၊ ဒေသ၊ အခြေအနေ၊ ဆင်းရဲချမ်းသာ၊ အချိန်အခါ၊ ရာသီဥတု၊Master Scene ကိုပြနိုင်ရမည်။ (အနှေးပြ၊ အမြန်ပြပြလျှင် အကြောင်းပြချက်ရှိ ရမည်။)

(၄) မြင်ကွင်းတိုင်း ဇာတ်လမ်း ကို အထောက်အကူပြုရမည်။

(၅) မည်သည့်အလှပြရိုက်ချက် ကောင်းမွန်သည်ဖြစ်စေ၊ ဇာတ်လမ်း ကို အထောက်အကူ မပြုလျှင် ရုပ်ရှင် ဓာတ်ပုံကောင်းမဖြစ်နိုင်ခြင်း။

(၆) ဇာတ်လမ်းအရ အရုပ်အ ရွယ်အစားအနိမ့်အမြင့်များကို ပြသ နိုင်ရမည်။ (C.S, M.S, L.S . . . စသည် High, Low Angle)

(၇) (Pan, Tilt, Dolly, Trolly, Tracking Shot) လှုပ်ရှားမှုရိုက်ချက် များကို ရိုက်သည့်အခါ နှေးသည်ဖြစ် စေ၊ မြန်သည်ဖြစ်စေ စီးဆင်းမှုညက် ညောရမည်။

(၈) ကင်မရာတစ်လုံးထက်ပို၍ ရိုက်လျှင် အရောင်ညီရန်လိုသည်။

(၉) Lens များကို မှန်ကန်စွာ ရွေးချယ်အသုံးပြုနိုင်ရမည်။ (မလို အပ် ဘဲ Zoom သုံးနေမှုများ)

(၁ဝ) အလင်း/အမှောင် အသုံးပြုသည့်အခါဇာတ်လမ်း သဘာဝ အတိုင်း သဘာဝကျကျသုံးရန်၊

(၁၁)FG,BG,MG မြင်ကွင်း များပြရာတွင် အာရုံဝင်စားစရာ ဗဟို ချက်ကိုဖမ်းယူနိုင်ရမည်။

(၁၂) အရေးကြီးသည့် အ ကြောင်းအရာကို သဲသဲကွဲကွဲပေါ် ပေါ်ထင်ထင်ဖော်ပြနိုင်ရမည်။

(၁၃) ဇာတ်ရှိန်အတိုင်း နုနု ကြမ်းကြမ်းလိုက်ဖက်သရုပ်ဖော်ရ မည်။

အယ်ဒီတာတစ်ဦး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071