Friday, September 18, 2026

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် နိုင်ငံရေးပါတီ(၃၂)ပါတီမှကိုယ်စားလှယ်များက ယခင်လက်မှတ်ရေးထိုးခဲ့သည့် Bilateral ပါကိစ္စရပ်များ၊...

တိုက်လေယာဉ် ၄၈ စင်း ဆော်ဒီအာရေးဗျကိုရောင်းဖို့...

​အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ...

ယူကရိန်းစစ်ပွဲ မပြီးဆုံးခင်မှာပဲ ရုရှားနဲ့ သဘောတူညီမှုတွေလုပ်ဖို့...

The New York Times သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ မော်စကိုနဲ့ စေ့စပ်ဆွေးနွေးမယ့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...
HomeCelebrities' Newsဖြိုးပြည့်စုံနဲ့ အတွဲခွေက အောင်ထက်အတွက်...

ဖြိုးပြည့်စုံနဲ့ အတွဲခွေက အောင်ထက်အတွက် ဘာတွေ ထူးခြားလေမလဲ . . .

ဖြိုးပြည့်စုံကလည်း သီချင်းဆိုပြိုင်ပွဲကနေ တက်လာသူတစ်ယောက်၊ အောင်ထက်ကလည်း သီချင်းဆိုပြိုင်ပွဲကနေ တက်လာသူတစ်ယောက်။ နှစ်ယောက်စလုံးက သီချင်းဆိုတဲ့အပိုင်းမှာ တော်တော်ပါရမီပါတဲ့ အဆိုတော်တွေလည်း ဖြစ်ကြ တယ်။ သူတို့နှစ်ယောက်ရဲ့ အတွဲခွေကို စောင့်စားနေကြတဲ့ ပရိသတ်တွေရဲ့ ဆန္ဒက မကြာမီအချိန်အတွင်းမှာ ဆန္ဒပြည့်ဝ ပါတော့မယ်။ ဘာတွေထူးခြားလေမလဲဆိုတာကိုတော့ အောင်ထက်က…

“ဖြိုးပြည့်စုံနဲ့ အခွေ ဒီလကုန်လောက်တော့ ထွက်ဖြစ်ဖို့ ကျွန်တော်တို့ တိုင်ပင်ထားကြပါတယ်။ သီချင်းတွေ ကတော့ အားလုံး ၁၁ ပုဒ်ပါမယ်။ သူတစ်ခြမ်း၊ ကျွန်တော်တစ်ခြမ်း တစ်ယောက် ၅ ပုဒ်စီပေါ့နော်။ ပြီးတော့ နှစ်ယောက် စုံတွဲသီချင်းလေး တစ်ပုဒ်ပါမယ်။ ဝေကြီးရေးတဲ့သီချင်း လေးတစ်ပုဒ်ပေါ့နော်။ ‘သား နားလည် ပါတယ်’ဆိုတဲ့ သီချင်းလေးပါ။ အဲဒီသီချင်းလေးက ထူးခြားမယ်ထင်တယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ဖျော်ဖြေခဲ့တဲ့ NUAC ပွဲ အတွေ့အကြုံကိုလည်း အောင်ထက်က…

“ဒီလိုပုံစံမျိုးကတော့ ဒါဟာ ပထမဆုံးအကြိမ် စခဲ့တာဆိုတော့ တော်တော်အခက်အခဲရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အပြင်မှာ အခေါက်ပေါင်းများစွာ သီချင်းတွေတိုက်ပြီး ကြိုတင်ပြင်ဆင်ရတယ်။Rehearsal ခဏခဏ လုပ်ရတယ်။ အပြင်မှာတော့ ကျွန်တော်တို့ တစ်သားတည်းဖြစ်အောင်လို့ ပြင်ဆင်ကြတယ်ပေါ့နော်။ တကယ်ဖျော်ဖြေတဲ့ အခါမှာလည်း လိုအပ်ချက်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်” လို့ ပြောပြပါတယ်။ နီနီခင်ဇော်နဲ့ အတွဲအစပ်ကလည်း တကယ့်စုံတွဲတွေလိုပဲဖြစ်ခဲ့ တယ်နော်လို့ဆိုတော့ ..

“ကျွန်တော်တို့က အိုက်တင်လုပ်တဲ့ နေရာမှာတော့မတော်ပါဘူး။ ဒါပေမဲ့လည်း လုပ် ကိုလုပ်ရတော့မယ်ဆိုတဲ့အခါမှာတော့ ကြိုးစားပြီးလုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့Rehearsal ခဏ ခဏတိုက်ထားသလောက်တော့ တစ်သားတည်းကိုယ်နဲ့မဖြစ်ခဲ့ဘူးပေါ့။ ဒါပေမဲ့လည်း အကောင်းဆုံးကြိုးစားခဲ့ တယ်လို့ပဲပြောပါရစေ။ အားလုံးအတူတူပေါ့”လို့ အောင်ထက်က ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ- မျိုးမောင်

Ads Space Available


Continue reading

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် နိုင်ငံရေးပါတီ(၃၂)ပါတီမှကိုယ်စားလှယ်များက ယခင်လက်မှတ်ရေးထိုးခဲ့သည့် Bilateral ပါကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု၊ တိုင်းနှင့် ပြည်နယ်များတွင် ငြိမ်းချမ်းရေးစကားဝိုင်းများကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မီဒီယာများ၏အခန်းကဏ္ဍအရေးပါပုံ၊ အငြင်းပွားမှုများကို ဥပဒေနှင့်အညီဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများပေးအပ်နိုင်ရေး၊ နိုင်ငံရေးပါတီများပါဝင်မှုနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက်များသတ်မှတ်ပေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်လာနိုင်ရေး၊ နိုင်ငံရေးပါတီများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်မည့်နည်းလမ်းများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင် ဆင်ဆောင်ရွက်နိုင်သည့်အချက်များ၊...

တိုက်လေယာဉ် ၄၈ စင်း ဆော်ဒီအာရေးဗျကိုရောင်းဖို့ အမေရိကန်ကြိုးပမ်းနေ

​အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ ၂၄.၃ ဘီလီယံတန်ဖိုးရှိတဲ့ F-35 Lightning II Joint Strike Fighter(ဘက်စုံသုံး တိုက်လေယာဉ်) တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ​တိုက်လေယာဉ် တစ်စင်းစီအတွက် အမေရိကန်က Pratt & Whitney F135-PW-100 အင်ဂျင်တစ်လုံးစီ တပ်ဆင်ပေးမှာဖြစ်ပြီး အပိုအင်ဂျင်တစ်လုံးစီကိုလည်း ထည့်ပေးမှာပါ။ ဒါ့အပြင် လုံခြုံရေးအဆင့်မြင့်...

ယူကရိန်းစစ်ပွဲ မပြီးဆုံးခင်မှာပဲ ရုရှားနဲ့ သဘောတူညီမှုတွေလုပ်ဖို့ အိမ်ဖြူတော် စဉ်းစားနေ

The New York Times သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ မော်စကိုနဲ့ စေ့စပ်ဆွေးနွေးမယ့် ချဉ်းကပ်မှု အသစ်တစ်ရပ်အနေနဲ့ ယူကရိန်းစစ်ပွဲ မပြီးခင်မှာတောင် ရုရှားနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အမေရိကန် အရာရှိတစ်ဦးကတော့ ဒီလို သဘောတူညီချက်တွေ လုပ်တာဟာ ရုရှားနဲ့ ဆက်ဆံရေးကို အသစ်ကနေ ပြန်စဖို့ ဝါရှင်တန်ဘက်က တကယ်ကို လေးလေးနက်နက် ရည်ရွယ်ထားတယ်ဆိုတာကို ပြသနိုင်တယ်လို့ သတင်းစာကို ပြောခဲ့ပါတယ်။ ဒီချဉ်းကပ်ပုံက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071