Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesရွှေကူ မြတ်စွာဘုရား

ရွှေကူ မြတ်စွာဘုရား

ကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ မြို့လယ်၌ သပ္ပရွှန်းစည်ကိန်း ဝပ်တော်မူလျက်ရှိသော ရွှေကူမြတ် စွာဘုရားထီးတော်တင်လှူပွဲကို သြ ဂုတ်လ ၁၅ ရက်၊ ၂ဝ၁၈ ခုနှစ်(မြန်မာ သက္ကရာဇ် ၁၃၈ဝ၊ ဝါခေါင်လဆန်း ၄ ရက်) ဗုဒ္ဓဟူးနေ့တွင် မြို့လုံးကျွတ် စည်ကားသိုက်မြိုက်စွာကျင်းပ ပူဇော် ခဲ့ကြသည်။

ရွှေကူမြတ်စွာဘုရားကြီး၏ မူလဒါယကာသည် အမျိုးဘာသာ၊ သာသနာအကျိုးများစွာ ကျင့် ဆောင်တော်မူခဲ့သည့် ပုဂံပြည့်ရှင် အလောင်းစည်သူမင်းတရားကြီး ဖြစ်သည်။

အလောင်းစည်သူမင်းတရား ကြီးသည် တိုင်းခန်းလှည့်လည်ရင်း ပခုက္ကူမြို့နယ်၊ ပခန်းမြို့ရှိ စည်သူရှင် သရက္ခန်ဆင်းတုတော်၊ ရွှေတန့်တစ် သရက္ခန်ဆင်းတုတော်၊ ဆင်ကျိုး(ဆင် ကြို့)ရွာရှိ သရက္ခန်ဆင်းတုတော်၊ ရှင်မ တောင်ရှိ သရက္ခန် ဆင်းတုတော်၊ အညာသီဟတောအရပ်ရှိ သရက္ခန် ဆင်းတုတော်မြတ်တို့ကို ဂူသွင်းကိုး ကွယ်တော်မူပြီးနောက် သက္ကရာဇ် ၄၈၆ ခုနှစ်ဝန်းကျင် တော်သ လင်းသီတင်းကျွတ်လခန့်တွင် မင်းညီ မင်းသား၊ မင်းဆွေ မင်းမျိုး၊ မှူးကြီး မတ်ရာ သေနာပတိများစွာတို့ ခြံရံ လျက် ဖောင်စကြာဖြင့် ဧရာဝတီ မြစ်ရိုးတစ်လျှောက် ဝဲယာမြို့များကို လှည့်လည်ကြည့်ရှုစစ်ဆေးတော်မူခဲ့ သည်။ ပေါက်အင်းဒေသ ပခုက္ကူမြို့ အနောက်ဘက်သို့ ဆိုက်ရောက်ရန် နားတော်မူသည်။

မင်းကြီးသည် ပေါက်အင်းဒေသရှိ ရွာများကို စစ် ဆေးစုံစမ်းတော်မူစဉ်ကာလတွင် ကိုယ်ဝန်အရင့်အမာနှင့် ကိုယ်လုပ် တော် ‘မယ်စိမ့်ညို’သည် တံငါအမျိုး သားတစ်ဦးကို မြင်တွေ့လေရာ ဣအိနြေ္ဒ္ဒပျက်နေသည်ကို မင်းတရား ကြီး တွေ့မြင်သဖြင့် ကြိမ်ဖြင့်ရိုက် နှက်ဆုံးမသည်။ လက်လွန်သဖြင့် ကိုယ်လုပ်တော် မယ်စိမ့်ညိုကွယ်လွန် ခဲ့သည်။ ထိုစဉ်အခါက ရွှေကူ ဘုရား တည်ရာ အနီးလှေလုပ် အသက်မွေး သူတို့ရွာ၏ ကျယ်ဝန်းညီညာသည့် နေရာ၌ မယ်စိမ့်ညိုရုပ်အလောင်းကို ဂူသွင်းသင်္ဂြိုဟ်စေသည်။ မယ်စိမ့်ညို ၏ ဝမ်းဗိုက်တွင်းမှ တွေ့ရှိရသော သားသူငယ်အလောင်းကို ယခုရွှေ ကူဘုရားစေတီ၏ အနောက်တွင် ဂူ တည်သွင်းစေသည်။ မယ်စိမ့်ညို၏ ဂူအနီးတွင် စေတီတစ်ဆူလည်း တည်ခဲ့သည်။

ရေလုပ်သားရွာကလေးသည် သားသူငယ်၏ဂူသား ထုတ် ဂူ၏အနီး၌ တည်ရှိသည်ဖြစ်၍ သား ထုတ်ဂူရွာဟုတွင်လေသည်။ နောင် အခါ သားထုတ်ဂူ၊ ပထုတ်ဂူ၊ ပခုက္ကူ ဟု အဆင့်ဆင့် ပြောင်းလဲလာသည်ဟု အဆိုရှိပေသည်။

မယ်စိမ့်ညို၏သားသူငယ် မြှုပ် နှံထားရာ အုတ်ဂူသည် ကာလကြာ မြင့်သည်နှင့်အမျှ ယိုယွင်းပြိုပျက်ခဲ့သည်။ အုတ်ပုံငယ်မျှသာ ကျန်ရှိတော့ချိန် တွင် ပခုက္ကူရွာမှ လှေသူကြီးတစ်ဦးက မတည်၍ အုတ်ဂူကို ပြုပြင်၍ စေတီ တော်ကို ဆင်းတုတော်မြတ်ကြီးနှင့် တကွ မုခ်လိုဏ်ပါရှိသော စေတီတော် ကြီးအဖြစ် တည်ထားကိုးကွယ်ခဲ့ သည်။ စေတီတော်တစ်ဆူလုံး ရွှေ သင်္ကန်းများ ကပ်လှူပူဇော်ကြပြီး အူတ်ဂူအနီး ရွှေရှိသော စေတီတော် ဖြစ်၍ ‘ရွှေရှိသော ဂူဘုရား’၊ ‘ရွှေဂူ ဘုရား’၊ ‘ရွှေကူဘုရား’ဟု တွင်လေ သည်။

သက္ကရာဇ် ၁၃၃၇ ခုနှစ်၊ ဝါဆို လဆန်း ၁ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်တွင် မြန်မာပြည် အထက် ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ပြင်းထန် လှသော ငလျင်ကြောင့် ရွှေကူဆင်း တုတော်မြတ်ကြီး ကိန်းဝပ်ရာ ဂန္ဓ ကုဋီစေတီတော်မြတ်ကြီးလည်း ကွဲ အက်ယိုယွင်းခဲ့သည်။ ရွှေကူမြတ်စွာ ဘုရား ဂေါပကအဖွဲ့ဝင်တို့ ဦးဆောင် ကာ လက်ရှိစေတီတော်ကို ပြန်လည် တည်ဆောက်ကြသည်။ စေတီ ဟောင်းကိုငုံ၍ စေတီတော်သစ်တည် ဆောက်ရန် နာယကဆရာတော်ကြီး များ၏ သြဝါဒနှင့်အညီ တည်ဆောက် ခဲ့သည်။ စေတီရံ ၄ဝ ဆူနှင့် ရှစ်မျက် နှာလိုဏ်မုခ် ၂ ဆင့်၊ ၄ မျက်နှာမုခ် ၁ ဆင့်၊ ပေါင်း ၃ ဆင့်ပါဝင်ပြီး ဥညဏ် တော် ၁၂ဝ ပေရှိ စေတီတော်ကြီးကို ၁၃၄၇ ခုနှစ်တွင် အောင်မြင်စွာ တည်ထားပြီးစီးခဲ့သည်။ ၁၃၄၇ ခုနှစ်၊ တပေါင်းလတွင်ထီးတော်တင် လှူပွဲကျင်းပခဲ့သည်။ ၁၃၄၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက်နေ့၊ နံနက် ၉ နာရီတွင် ရွှေကူစေတီတော် ကြီးနှင့် ရုပ်ပွားတော်မြတ်ကြီးကို ကြာသင်္ကန်းကပ်လှူပူဇော်ပြီး မဟာ ဝိသုတာရာမ တိုက်ဆရာတော်ဘုရား ကြီး အမှူးပြုသည့် သံဃာတော်များ သည် ဘုရားအနေကဇာတင်ခဲ့သည်။ ရွှေကူမြတ်စွာဘုရား မီးပူဇော်ကန် တော့ခံနှင့် ဆွမ်းချပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့မှ လပြည့်ကျော် ၁ ရက်နေ့အထိ ကျင်းပလေ့ရှိသည်။

ရွှေကူမြတ်စွာဘုရားကြီး၏ ဂန္ဓ ကုဋီတိုက်တွင် သီတင်းသုံးလျက်ရှိ သော ဥာဏ်တော်လေးတောင်ခန့် ရှိ ရွှေကူမြတ်စွာဘုရား ဆင်းတုတော် မြတ်စံပယ်ရာ တံကဲတော်မှာလည်း ထူးခြားအံ့ချီးဖွယ်ရာဖြစ်သည်။ ပခုက္ကူသားပန်းပုသမားတို့၏ အထူး ဂုဏ်ယူထိုက်သော လက်ရာဖြစ် သည်။

တံကဲတော်မှာ အမြင့် ၁၂ ပေ၊ ၁ဝ လက်မရှိ၍ အမြင့် ၅ ပေ၊ ၁ဝ လက်မရှိသည်။ တံကဲတော်၏ ထုမှာ ၈ လက်မရှိပြီး ပန်းရှစ်ထပ်နှင့် ကျွန်း သားငါးတုံးပေါ်တွင် ရုပ်လုံးဖော် ထု လုပ်ထားခြင်းဖြစ်သည်။ တံကဲတော် ၌ အခန်း ၉ ခန်း ပါဝင်သည်။

အခန်း (၁) ဘုရားရှင် ခုနှစ်ဝါ မြောက်တွင် တာဝတိံသာ နတ်ပြည်၌ ဝါကပ်တော်မူပြီး မယ်တော်နတ်သား အား အမှူးထားသည့် တစ်သောင်း သောစကြဝဠာမှ ရောက်လာကြ သောနတ်၊ ဗြဟ္မာတို့အား ပဋ္ဌာန်းဟူ သော အဘိဓမ္မာ ၇ ကျမ်းကို ဟော တော်မူပြီး သီတင်းကျွတ်လပြည့်နေ့ တွင် မြ၊ ရွှေ၊ ငွေလျှမ်းသည့်စောင်းတန်း သုံးသွယ်ဖြင့် လူ့ပြည်သင်္ကဿန ဂို ရာနဲ့မြို့တောင်တံခါးသို့ ဆင်းကြွတော် မူပုံဖြစ်သည်။

အခန်း(၂)စောင်းတန်း အဆုံး၌ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်အား များစွာသော လူထုပရိ သတ်ကြီးက နတ်ပြည်မှ လူ့ပြည်သို့ မြတ်စွာဘုရားဆင်းကြွတော်မူမည့် နေ့ရက်၊ အချိန်ကို မေးမြန်းနေပုံဖြစ် သည်။

အခန်း(၃)ယာဘက်တံကဲ နံ ရွက်တွင် မာတလိနတ်သားက မြင်း လေးကောင်က သောရထားဖြင့် နေမိမင်းကြီးအား တရားဟော တော် မူရန် နတ်ပြည်သို့ ပင့်ဆောင်သွားပုံ ဖြစ် သည်။

အခန်း (၄) ဝဲဘက်တံကဲ နားရွက်တွင် သာဓိနဘုရင်းမင်းမြတ် အား မြင်းသုံးကောင်ကသောရထား ဖြင့် တရားဟောတော်မူရန် နတ်ပြည် သို့ ပင့်ဆောင်သွားပုံဖြစ်သည်။

အခန်း(၅) တံကဲတော်၏ ယာဘက် အောက်ဆုံးတွင် ဒေဝဒတ်က အဇာ တသတ်မင်းအား ဖခင်ဗိမ္မိသာရ မင်း ကြီးကို လုပ်ကြံသတ်ဖြတ်ပြီး ဘုရင် လုပ်ရန် အကြံပေးပုံဖြစ်သည်။

အခန်း(၆) ယာဘက်နိပါတ်ပုံ၏ အထက်တွင် အဇာတသတ်မင်းက ဖခင်ဗိမ္မိသာရမင်းကြီးအား နန်းမှ ချပုံဖြစ်သည်။

အခန်း (၇) ဝဲဘက် တံကဲအလယ်တွင် ဗိမ္မိသာရမင်းကြီး အား ထောင်တွင်း၌ ဝေဒေဟီမိဖု ရားက မြတဘက်တွင် စတုမတူသုတ် ၍ ဆက်ရာမင်းကြီး မြတဘက်ကို ထုပ်နေပုံဖြစ်သည်။

အခန်း (၈) အ ဇာတသတ်မင်း၏ လက်မရွံ့ ဘက် တော်သားများက ဗိမ္မိသာရမင်းကြီး ၏ ခြေမကို ဓားဖြင့်ခွဲနေပုံဖြစ် သည်။

အခန်း (၉) အဇာတသတ် မင်း သားကလေးဖွားမြင်ကြောင်း သဝဏ်လွှာနှင့် ဖခင်ကြီး ထောင် တွင်း၌ နတ်ရွာစံကြောင်း သဝဏ် လွှာကို တစ်ပြိုင်တည်း ရရှိပုံဖြစ် သည်။ မိမိ၏ လက်ဝဲမှ လက်ယာ အတိုင်း ကြည့်ရှုနိုင်ရန် အခန်းစဉ် နံပါတ်များ တပ်ပေးထားသည်။ ယင်း တံကဲကို ရွှေကူမတ်ရပ်ဆင်းတုတော် မြတ်စွာဘုရား သီတင်းသုံးရန် သက္က ရာဇ် ၁၂၆၉ ခုနှစ်၊ တပေါင်းလဆုတ် ၃ ရက်နေ့တွင် ပခုက္ကူမြို့ ဈေး ဟောင်းရပ်နေ ကျောင်းဒါယိကာမ ဒေါ်ဇီး(ဆီး)ဆံက လက်ခကြေးငွေ ၄ဝဝဝ ကျပ် (လေးထောင်) ဖြင့် ပခုက္ကူမြို့ ရွှေကူရပ်နေ ပန်းပုဆရာ ကြီး ဦးကံကြီးနှင့် သားကိုတေတို့က ကျွန်းသားငါးတုံးပေါ် ထုလုပ်စေကာ လှူဒါန်းထားခြင်းဖြစ်သည်။

ရွှေကူမြတ်စွာဘုရား ဂေါပက အဖွဲ့အဆက်ဆက်သည် နာယက ဆရာတော်ကြီးများ၏ သြဝါဒနှင့်အ ညီ ပခုက္ကူမြို့သူမြို့သားတို့ ပါဝင် ထိန်းသိမ်းစောင့်ရှောက် ပြုပြင်မှု ကြောင့် ရွှေကူမြတ်စွာဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း ၉ဝဝ ကျော် မှ လပြည့်နေ့တိုင် ပခုက္ကူမြို့လယ်၌ သပ္ပယ်ရွှန်းစည်စွာ ပခုက္ကူမြို့၏ ကျက်သရေဆောင်အဖြစ် ကိန်းဝပ်စံ ပယ်တော်မူလျက်ရှိခြင်း ဖြစ်သည့် အပြင် ကမ္ဘာ့အံ့ဖွယ်တံကဲကိုလည်း လေ့လာခွင့်ရရှိနေကြခြင်းဖြစ်သည်။

မြတ်မင်းလှိုင်

မှီငြမ်း။

အရှင်ကေလာသ (ဓမ္မာစ ရိယ၊ ဂထာစတာ၊ B.A,Hons ၊ ဝိဇ္ဇာဂုဏ်ထူး (သီရိလင်္ကာ)၏ ရွှေကူ မြတ်စွာဘုရားကြီးသမိုင်း)

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071