Friday, April 24, 2026

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပြင်ဦးလွင်မြို့တွင် နေအိမ်မီးလောင်မှုဖြစ် အမျိုးသား (၁)ဦးမီးလောင်ဒ_ဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဧပြီ ၂၃ ရက်ညနေ ၄ နာရီကျော်ခန့်က နေအိမ်တစ်လုံး၌မီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ နေအိမ်တစ်လုံးတွင်မီးလေ_ာင်မှုဖြစ်ပွား၍...
HomeEntertainmentမောင်သစ်လွင် (လူထု) အသက်...

မောင်သစ်လွင် (လူထု) အသက် ၈၄ နှစ်ပြည့်နဲ့ စာနယ်ဇင်းသမားသက် ၆၁ နှစ်ပြည့် အခမ်းအနားကျင်းပ

စာရေးဆရာ၊ သတင်းစာဆရာ မောင်သစ်လွင်(လူထု)ရဲ့ အသက် ၈၄ နှစ်ပြည့် မွေးနေ့နဲ့ စာနယ်ဇင်း သမား သက် ၆၁ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ ၃၁ ရက်မွန်းလွဲ ၁ နာရီက မန္တလေး၊ အောင်မြေ သာစံမြို့နယ် ၆၂ လမ်းနှင့် ၁၄ လမ်းထောင့်ရှိ ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံကြီးမှာ ကျင်းပခဲ့ရာ မန္တလေးစာပေအနုပညာရပ်ဝန်းမှ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်း ဆရာ၊ပန်းချီဆရာများ၊ သတင်းမီဒီယာများနဲ့ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။

ဆရာမောင်သစ်လွင်(လူထု)က မွေးနေ့ အထိမ်းအမှတ်နဲ့စာနယ်ဇင်းသမားသက် ၆၁ နှစ်ပြည့် အထိမ်း အမှတ်အဖြစ် ဆရာရရှိခဲ့သမျှ စာမူခများ စုဆောင်းထားတဲ့ငွေကျပ် ၁ဝ သိန်းနဲ့ စာအုပ်များကို ဇီဝိတဒါန သာသနာ့ဆေးရုံမှာ လှူဒါန်းခဲ့ပြီး လာရောက်တဲ့မိတ်ဆွေအပေါင်းကို စာအုပ်များ ပေးဝေခဲ့ပါတယ်။ ဆရာ မောင်သစ်လွင်(လူထု) ဟာ ၁၉၅၆ ခုနှစ်ထုတ် သွေးသောက်မဂ္ဂဇင်းမှာ ထင်လတ်ကလောင် အမည်နဲ့ ဝတ္တုတို၊ဆောင်းပါး၊ စာညွန့်များရေးသားခဲ့ပြီး၁၉၅၇ ခုနှစ်မှာ မန္တလေးမြို့က ထုတ်ဝေတဲ့ လူထုသတင်းစာ တိုက်မှာ အယ်ဒီတာအဖြစ် သတင်း စာရပ်စဲသွားတဲ့အထိ လုပ်ကိုင်ခဲ့ပါ တယ်။

သတင်းစာပညာကို လူထု ဦးလှ၊ လူထုဒေါ်အမာ၊ အယ်ဒီတာ သူရ (ရှမ်းပြည်)နဲ့ စာပြင်ဆရာကြီး ဦးလေးဟန်တို့ထံမှ သင်ကြားခဲ့ပြီး လူထုသတင်းစာမှာ ခေါင်းကြီး၊ နိုင်ငံ တကာရေးရာ ဆောင်းပါးနဲ့ အခြား ဆောင်းပါးများကို ရေးသားခဲ့ပါ တယ်။ ကလောင်ခွဲများမှာ ထင်လတ်၊ မောင်ဝတ်ရည်၊ မောင်ချစ်ခင်၊ အေး အေးမွန်၊ ထွန်းလင်း၊ မောင်စာတို့ဖြစ် ပါတယ်။ ၁၉၈၉-၉ဝ ခုနှစ်မှာ မန္တလေး မြို့က ထုတ်ဝေတဲ့ ရွှေဝတ်ရည် မဂ္ဂဇင်းမှာ တာဝန်ခံအယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့ပြီး အခုချိန်ထိ စာနယ်ဇင်းများမှာ ဝတ္တုတိုနဲ့ ဆောင်းပါးများရေးသားနေဆဲ ဖြစ် ပါတယ်။

ချမ်းသာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်မြတ်ကြီးရေရှည်တည် တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွင်းလှိုင်ခေါင်းကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီ အ ချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီး ကြပ်ရမည်ဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရာတွင် အများပြည်သူ၏ လှူဒါန်းငွေများဖြင့်ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျသုံးစွဲရန် ရင်ပြင်တော်ပေါ်ရှိတည်ဆောက်ပြီးလုပ်ငန်းများအား လုံး ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း...