Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomeDhammaစောမွန်လှ တည်ခဲ့သော သစ္စာအဓိဌာန်...

စောမွန်လှ တည်ခဲ့သော သစ္စာအဓိဌာန် ရွှေစာရံဘုရား

ShweSarYanရွှေစာရံဘုရားသည် မန္တလေး တိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ရှိ၏။ အနော်ရထာမင်း၏ မိဖုရားတစ်ပါး ဖြစ်သော ရှမ်းမင်း သမီးစောမွန်လှ တည်ထား ခဲ့ခြင်းဖြစ်၏။ ထို့အပြင် ကျော်လေးဆူစာရင်းတွင် ပါဝင် ကြောင်း ကင်းဝန်မင်းကြီး၏ စခန်း စဉ်လင်္ကာတွင်ဖော်ပြထား၏။ “အရှေ့ရွှေစာရံ၊ ပုဂံအနောက်၊ တောင်မြောက်ယဉ်မျှော၊ သီဟတော” ဟုဆိုလေ၏။ ၄င်းကျော် လေးဆူမှာ အရှေ့တွင် ရွှေစာရံဘုရား၊ အနောက်တွင် ရွှေစည်းခုံ ဘုရား၊ တောင်ဘက်တွင် ရွှေယင်မျှော်ဘုရား၊ မြောက်ဘက်တွင် အ ညာသီဟ တော ဘုရားတို့ပင် ဖြစ်လေ၏။ ထို့အပြင် ရွှေစာရံဘုရားသည် ဝတ်မိုး၊ ဝတ်မြေဘုရား ၂၃ ဆူတွင်ပါဝင်၏။

ရှမ်းမင်းသမီး စောမွန်လှ သည် အနော်ရထာ ဘုရင်နှင့် ပုဂံ နေပြည်တော်သို့ လိုက်ပါသွားပြီးရှမ်း ပြည်သို့ အပြန်ခရီး တွင် ရွှေစာရံ ဘုရားအား တည်ထားခဲ့ခြင်းဖြစ်၏။ စောမွန်လှသည် ပုဂံပြည်မှ တစ်ဆင့် ညောင်ဦးရွာ၊ ညဥ့်ရွာ၊ ပလင်း၊ လက်ထုတ်၊ ကောင်းစည်ရွာ၊ တူရွင်းတောင်၊ ဂဝံတေ့မြို့သစ်စခန်း၊ ကျွန်း ဘားရွာ တို့ကို လွန်မြောက်ပြီး ပန်းချောင်း (ယခုနားတောင်းကျချောင်း) သို့ရောက်ရှိ၏။ မိဖုရားတွင် မြနားတောင်းပန်ဆင်ထား၏။ ထိုမြနားတောင်း တစ်ရံမှ ညာဘက် နားတောင်းတွင် ဓာတ်တော်၊ မွေတော်များ ကိန်းဝပ်နေသည် ဆို၏။ အဆိုပါ ပန်းချောင်း(နားတောင်းကျချောင်း)တွင် ရေသန့်စင်စဉ် မိဖုရားစောမွန်လှ နားမှနားတောင်း ကျွတ် ကျလေ၏။ ရေတွင် ကျသည် ထင်၍ ရေငုပ် ရှာဖွေသော်လည်း မတွေ့၊ ကောင်းကင်ယံ လေထဲတွင် စာသူငယ် အပေါင်း ဝန်းရံပြီး တည်နေ၏။ မွေတော် ဓာတ်တော်များ ပြာဋိဟာပြသည်ဆိုလေ၏။

ဤ အကြောင်းကို စောမွန်လှမြင်သော် ရှိခိုးပူဇော်ပြီး အဓိဌာန် ပြုလေ၏။ နားတောင်း လည်း စောမွန်လှနားဝယ်၊ ဝတ်မြဲအတိုင်း တည်လေ၏။ ပန်းချောင်း အားလည်း ထိုစဉ်မှစ၍ နားတောင်းကျ ချောင်းဟုခေါ်တွင် ခဲ့ကြလေ၏။ ထို့နောက်ဘုရား တည်ရန်နေရာ ကိုရှာဖွေ၏။ အဘယ ခေမာ ကုန်းတွင် ဓာတ်တော် ကိန်းဝပ်၍ မြနားတောင်းကို ဌာပနာပြီး ဥာဏ်တော်ငါး တောင် ပဏာမရှိသောဘု ရားလိုဏ်ဂူတည်၏။ ဘုရားဘွဲ့တော် အမည် အားလည်း ကောင်းကင် ၌မွေတော်ကို စာသူငယ် များဝန်း ရံလျက် တည်သည် ကိုစွဲ၍ ရွှေစာရံ ဘုရားဟု ဘွဲ့ဆက်ကပ်၏။ ရွှေစာရံ ဘုရား တည်ရာအရပ်သည် ဘုရား အလောင်းတော် မြွေငန်း ခုနှစ်ကြိမ် အဖြစ် နေထိုင်ခဲ့ဖူးသည် ဆိုလေ၏။ စောမွန်လှ ဘုရားတည် ကြောင်း အနော် ရထာမင်း ကြားသိသော် သက္ကရာဇ် ၄၁၆ ခု၊ တန်ဆောင်မုန်း လဆန်း ၁ဝ ရက်နေ့တွင် မြေတာ ၁ဝဝဝ ကျော်လှူ၏။ မြေးတော် အလောင်းစည်သူမင်းလက်ထက် သက္ကရာဇ် ၄၈၅ ခုတွင် သင်ပုတ်ဝတ် အဖြစ် “အရှေ့သမ္ဘာချောင်း၊ တောင်မြစ်ငယ်မြစ်၊ အနောက်ပန်းချောင်း (နားတောင်းကျချောင်း) တစ်ဖက် ယင်းမာပင်၊ မြောက်နကဲ့ ချောင်း၊ နကဲ့တောင်” တို့ကို သတ်မှတ် ပေးတော်မူ၏။ အတွင်းမြေကို ရွာနှင့်တကွ လှူပြန်သေး၏။ ဝတ်သိမ်၊ ဝတ်ချက်၊ ဝတ်မြတ်သိမ်း ရန်အတွက် ကျွန်၅ဝ အား အိမ်နှင့် အတူ လှူခဲ့၏။ မိုးညှင်းမင်းလက်ထက် တွင် ဥာဏ်တော်သံတောင် ၃ဝ၊ စဥ့်ကူး မင်းလက်ထက် မယ်တော် မိဖုရားခေါင်ကြီးက ထပ်မံပြင်ဆင်၍ ရွှေထီး တော်တင်ခြင်း၊ စေတီတစ်ဆူ လုံး ရွှေအပြည့် ချတော်မူ ၏။ နောက်ပိုင်းမင်း အဆက်ဆက် ခေတ်အ ဆက်ဆက်ပြုပြင်လာမှု ကြောင့် ယခုဖူးတွေ့ရသည့် စေတီတော်မြတ်ကြီး၏ ဥာဏ်တော် အထိ ဖြစ်လာခဲ့လေ၏။ သက္ကရာဇ် ၁၂၈ဝ ခုနှစ်တွင် ရသေ့ကြီး ဦးခန္တီသည် ဆရာတော်ကြီးများ၏ သြဝါဒ ခံယူပြီး အဘက် ဘက် မှပြု ပြင်ခဲ့ပြန် ၏။ ယခုအခါ အများပြည်သူ အလှူရှင်များ၏ ကောင်းမှုဖြင့် ၁၅ ပေ အခန်းပေါင်း ၁၆၈ ခန်းနှင့် တိုင် ၂၂၄ တိုင်တို့အား မှန်စီထား နိုင်ခဲ့ လေ၏။ မန္တလေးတောင် တော်ပြီးလျှင်မှန်စီ အခန်း၊ တိုက်များကို ကြည် နူးဖွယ်ရာ တွေ့မြင်နိုင်၏။ ရွှေစာရံ ဘုရား ပွဲတော်အား နှစ်စဉ် တပေါင်းလပြည့်နေ့မှ လပြည့်ကျော် ၉ ရက် နေ့အထိကျင်းပ၏။ ယခု အချိန်တွင် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် လာသဖြင့် ဘုရားပွဲချိန်တွင်မက နေ့စဉ်ပင် ဘုရားဖူးလာ သူများနှင့် စည်ကားလျက် ရှိနေလေ၏။

နိုင်ထွန်း (TGI)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071