Saturday, June 27, 2026

ဓာတ်အားဖြန့်ဖြူးမှု တည်ငြိမ်ရေးအတွက် ဓာတ်အားလိုင်းပြုပြင်မည်… ဒေသအချို့...

မိုးရာသီကာလအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတည်ငြိမ်ကောင်းမွန်စေရေးနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုမြှင့်တင်နိုင်ရေးအတွက် နေရာအချို့ရှိ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ထိန်းသိမ်းပြုပြင်မည်ဖြစ်ရာ ဒေသအချို့တွင် ယာယီဓာတ်အားပိတ်မှုများနှင့် ဓာတ်အားပြ-တ်တေ-ာက်မှုများ...

(၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့်ငြိမ်းချမ်းရေးအတွက်သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၂၆ ရက်တွင်ကျင်းပသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကွာဟမှုရှိနေသည့်နယ်မြေများ ကွာဟမှုမရှိအောင်လုပ်ပေးရန်မှာ မလွဲမသွေဆောင်ရွက်မည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ကာ ယင်းသို့...

မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံအဖြစ် တည်ဆောက်မည့်...

စားရေရိက္ခာမူဝါဒကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က မူဝါဒဆိုင်ရာ လမ်းညွှန်ချက်...

လူသားချင်းစာနာမှုအကူအညီများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် MOFA...

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စဉ်ဆက်မပြတ် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်နှင့် အကူအညီလိုအပ်နေသူများထံ ထိရောက်စွာရောက်ရှိစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘောဆောင်ပြီး နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိသည့် ကြားနေမူဝါဒဖြင့်...
HomeMoviesငွေကြေးအကျိုးအမြတ်ရရှိဖို့ထက် သမီးဖြစ်သူရဲ့ အနုပညာကို...

ငွေကြေးအကျိုးအမြတ်ရရှိဖို့ထက် သမီးဖြစ်သူရဲ့ အနုပညာကို ပံ့ပိုးပေးချင်တဲ့ ပိုင်ဖြိုးသုရဲ့မိခင် ဒေါက်တာနွယ်ဦး

 Paing Phyo bThu

Victoria ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “နေဝင်အိပ်တန်းတက်” ဇာတ်ကားကတော့ ဇွန်လ ၂ ရက်နေ့မှာ စတင်ပြသလိုက်ပြီဖြစ်ပါတယ်။ ထုတ် လုပ်သူတစ်ဦးအနေနဲ့ ငွေကြေးအကျိုးအမြတ်ထက် သမီးဖြစ်သူ သရုပ်ဆောင် ပိုင်ဖြိုးသုကို အနုပညာပိုင်း ထောက်ပံ့မှုပေးချင်တာပါလို့ မိခင် ဒေါက်တာ နွယ်ဦးကဆိုပါတယ်။ ပိုင်ဖြိုးသုအတွက် ဝယ်ယူပေးထားတဲ့ ဇာတ်လမ်းတွေနဲ့ Victoria ထုတ်လုပ်ရေးရဲ့ ရှေ့ဆက်ရိုက်ကူးမယ့်ဇာတ်ကားတွေအကြောင်းကို ..

” အန်တီက ဒီလောကအကြောင်းလည်း သိပ်တော့မသိဘူး။ သမီးသုသုက စာတွေတအား ဖတ်တယ်။ သူဖတ်ထားတဲ့စာအုပ်လေးတွေဆို မှတ်ထားပြီး မေမေသမီး ဒီကာရိုက်တာလုပ်ချင်တယ်။ သမီးကို ဝယ်ပေးပါဆိုရင် အန်တီက ဝတ္ထုဝယ်တာပါပဲ။ သမီးသုသုက ဇာတ်လမ်းအသားပေးတဲ့ ဇာတ်ကား မျိုးကိုကြိုက်တယ်။ နေဝင်အိပ်တန်းတက်ကတော့ အန်တီတို့ထုတ်လုပ်ရေးရဲ့ ပထမဆုံးကားကြီးပါပဲ။ အန်တီတို့အနေနဲ့လည်း နောက်ထပ် သြဂုတ်လမှာ စိုင်းစိုင်းနဲ့ မင်းမော်ကွန်းနဲ့ သုသုနဲ့အတူ ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်မယ်။ ဒီဇင်ဘာ လမှာလည်း ကိုနေတိုးနဲ့ ရိုက်မယ်။ ဒီဇာတ်ကားကတော့ ဆရာမကြီးကြည်အေးရဲ့ “မီ”ဆိုတဲ့ ဇာတ်ကားပါ။ ဒါရိုက်တာ ဏကြီးနဲ့ ရိုက်ကူးမှာပါ။ ဒါတွေက အန်တီတို့ ရှေ့ဆက်လုပ်မယ့် ဇာတ်ကားကြီးတွေပါ” လို့ ဒေါက်တာနွယ်ဦးက ပြောပါတယ်။ သမီးဖြစ်သူပိုင်ဖြိုးသုကို အစစအရာရာမှာ မိခင်တစ်ဦးအနေနဲ့ ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးသလို အနုပညာလောကထဲ ဝင်ရောက်တဲ့ အခါမှာလည်း တားမြစ်ချုပ်ချယ်တာတွေ မပြုလုပ်ခဲ့ဘူးလို့ ဒေါက်တာနွယ်ဦးက ဆိုပါတယ်။ ” အန်တီက သမီးတွေကို ဒါမလုပ်ရဘူး။ ဟိုဟာ မလုပ်ရဘူးဆိုပြီး တားမြစ်ထားတာမျိုးမရှိပါဘူး။ အန်တီက သမီးတွေနဲ့နေတာ အရမ်း Close ဖြစ်တယ်။ ညီအစ်မ တွေလိုပါပဲ။ ကိစ္စတိုင်းကို အကြောင်းပြချက်နဲ့ ရှင်းပြတယ်။ Guide ပဲ လုပ်တယ်။ သူသည် သင်မဟုတ်တဲ့အတွက် သူတစ်ပါးကို မလုပ်နဲ့လို့မရဘူး။ သင့်ကိုသင်ပဲ ထိန်းရမယ်။ အရာရာတိုင်းကို Pros နဲ့ Cons တွဲပြီး ပြောတယ်။ ဒီလောကထဲဝင်တော့လည်း အန်တီက ချုပ်ချယ်တာမျိုးမရှိပါဘူး” လို့ ဒေါက်တာနွယ်ဦးက ဆက်လက်ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071