Saturday, June 27, 2026

မြန်မာလူငယ်တွေ အတွက်နည်းပညာကျွမ်းကျင်မှုဖွံ့ဖြိုးရေး အခွင့်အလမ်း တွေကို...

“လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကိုပြောင်းလဲပေးနိုင်သည့်ပညာသင်ဆုတစ်ခု” HVD Scholarship Program ကနေတစ်ဆင့်မြန်မာကျောင်းသား၊ ကျောင်းသူ တွေဟာ ထိုင်းနိုင်ငံရှိIRPC Technological Collegeမှာ အဆင့်မြင့်နည်းပညာဘာသာရပ်တွေကို PTT Group...

ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆–၂၀၂၇ ပညာသင်နှစ် မဟာဘွဲ့နှင့်...

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း တက္ကသိုလ်မှ ထုတ်ပြန်ကြေညာထားသည်။ ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများတွင် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု (MBA, EMBA)၊...

မော်လမြိုင် တောင်ဝိုင်းရထားသံလမ်းတွင် Hijet ယာဉ်နှင့်...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ဝိုင်းလမ်းမကြီးရှိ ရထားသံလမ်းဖြတ်ဂိတ်တွင် ယနေ့ ဇွန် (၂၇) ရက်) နံနက် (၅) နာရီ (၅၅) မိနစ်ခန့်က...

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့်...
HomeMoviesငွေလိမ်ခံရသော ဆရာဝန်လောင်းများ Bairavaa

ငွေလိမ်ခံရသော ဆရာဝန်လောင်းများ Bairavaa

Vijay-Bairavaa-Movie-Postersဇာတ်ကားက ဒီနှစ်သစ်ရဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်ထဲ မှာ ထွက်ရှိလာခဲ့တဲ့ အိန္ဒိယရုပ်ရှင် ဇာတ်ကား အသစ်စက်စက် တစ်ကား ဖြစ်ပါတယ်။ အခု နိုင်ငံတကာ ရုပ် ရှင်ရုံတွေ နဲ့ တစ်ပြေးညီ မြန်မာနိုင်ငံရဲ့ ရုံကြီးတွေမှာလည်း ပြသတော့မှာဖြစ် ပါတယ်။

အိန္ဒိယ ရုပ်ရှင်ရဲ့ ဘောလိဝုဒ် ဒါရိုက်တာ “ဘာရာသန်” က ရိုက်ကူးပြီး မင်းသားဂျိုးဇက်ဗီဂျေးက အဓိကဇာတ်ကောင် “ဘာရန်” အဖြစ် သရုပ်ဆောင်ပြီး သူနဲ့တွဲဖက် ထားတဲ့ မင်းသမီး နှစ်ယောက်ကတော့ “ကာတီဆူရက်စ်” နဲ့ “ပက်ရီဂို့ရှ်” တို့ ပဲဖြစ်ပါတယ်။ ဘာသာစကား ကတော့ အင်္ဂလိပ် စကားပြော မဟုတ်ဘဲ အိန္ဒိယ (တမီးလ်) ဘာသာစကား ဖြစ်ပါတယ်။ ဇာတ်လမ်းက သည်းထိတ်ရင်ဖို အက်ရှင် ဇာတ်ကြမ်း တစ်မျိုးလို့ ပြောလို့ရပါတယ်။

အိန္ဒိယရဲ့ မြို့ကြီးပေါ်မှာ ငွေကြေးဥစ္စာ အတွက်ဆိုရင် လောဘရမ္မက် အလိုကြီးမှုတွေ နဲ့ ဘဝကို ဖြတ်သန်းနေတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်ကို ဦးတည်ထားပါတယ်။ အတ္တ အလွန်ကြီးပြီး မသမာတဲ့ လုပ်ငန်းရှင်ကြီး အဖြစ်နဲ့ ရပ်တည်နေတဲ့ ရက်စက် သူကြီးပေါ့။ အောက်ခြေ လူတန်းစားနဲ့ ရိုးသားသူ တွေကို ကယ်တင်ရှင်ကြီး ပုံဖမ်းပြီး လှည့်စားကာ စီးပွား ရှာနေသူကြီးပေါ့။

တဖြည်းဖြည်း နာမည်ဆိုးနဲ့ ကျော်ကြား နေပေမယ့်လည်း သူ့ကို အပြစ်ရှာ အရေးယူလို့ မရဘူးဖြစ်နေ တယ်။ ဒေသအတွင်း နာမည်ဆိုး နဲ့ ကျော်ကြားတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ အဲဒီပုဂ္ဂိုလ်ကြီး ရဲ့ ရက်စက် ယုတ်မာမှုတွေ၊ မကောင်းမှု ဖြစ်ရပ်မှန်တွေ ကို ဖော်ထုတ်မယ့်သူ တစ်ယောက် ရုတ်တရက် ပေါ်လာပါတယ်။ အဲဒီလူက အခြားမဟုတ်ဘဲ ကောလိပ် ကျောင်းသူဖြစ်နေပါတယ်။

ဒါကို ရိပ်မိသွားတဲ့ အဲဒီ အနှီပုဂ္ဂိုလ်ကြီးက ကောလိပ် ကျောင်းသူလေးကို နှုတ်ပိတ်ဖို့ အတွက် ကြိုးစား အားထုတ်ပါတော့တယ်။ ဒီကိစ္စကို ပဲလှော်ကြား ဆားညပ်သလို အကြင်နာ တရားရှိတဲ့ ဘဏ်ဝန်ထမ်း တစ်ဦးက လိုက်လံဖြေရှင်းရပြန်ပါတယ်။

အနာဂတ်အတွက် ရည်မှန်းချက် ကြီးမားစွာနဲ့ မရှိမဲ့ရှိမဲ့ ကုန်းရုန်းပြီး ကြိုးပမ်းနေကြ ရတဲ့ ဆေးကျောင်း သားတွေနဲ့ သူတို့ရဲ့မိဘတွေဆီ ကနေ ဒေါ်လာငွေတွေ သန်းနဲ့ ချီလောက်တဲ့အထိ လိမ်လည်ပြီး အကျင့်ပျက် စိတ်ဓာတ် အောက်တန်းကျလှတဲ့ စီးပွားရေး လုပ်ငန်း ရှင်ကြီးကို တိုက်ခိုက်ကြတဲ့ နေရာမှာ ဘဏ်ဝန်ထမ်း အေးဂျင့်နဲ့ သူ့ရဲ့ချစ်သူ မိန်းကလေး နဲ့အတူ သည်းထိတ်ရင်ဖို တိုက်ကွက်တွေနဲ့ ရင်ဆိုင် ကြရပုံကို ကြည့်ရှု ကြ ရမှာဖြစ်ပါတယ်။

သူတို့နေထိုင်တဲ့မြို့က “ချန်နိုင်း” လို့ အမည်ရှိတဲ့ မြို့ဖြစ်ပါတယ်။ ဘဏ်ဝန်ထမ်း အေးဂျင့်ရဲ့ အမည်က “ဘိုင်ရာဗာ” ပါ။ ချန်နိုင်းမြို့မှာ ရှိတဲ့ ICCI ဘဏ်က ဝန်ထမ်းပါ။ ဘိုင်ရာဗာဟာ တာဝန်အရ ကြွေးရှင်တွေဆီက ချေးငွေတွေကို ပြန်တောင်းတဲ့အခါ မျိုးတွေမှာ ရိုင်းရိုင်း စိုင်းစိုင်း ဘယ်တော့မှ မပြုမူဘဲ ယဉ်ယဉ်ကျေးကျေး ချိုချို သာသာနဲ့ နားလည် သဘောပေါက်အောင် ပြောဆို ဆက်ဆံလေ့ ရှိပါတယ်။ သူ့ရဲ့ ရင်ထဲမှာ ခံယူထား တာကလည်း ဘယ်အရာမဆို အမှန်တရား ဘက်က ရပ်တည်သင့်တယ် ဆိုတာပါပဲ။

တစ်နေ့တော့ ဘဏ်က မန်နေဂျာရဲ့သမီး မင်္ဂလာ ဆောင်မှာ “တီရာနဲဘယ်လီ” ခရိုင်အတွင်းက ဆေး တက္ကသိုလ် ကျောင်းသူ တစ်ဦး ဖြစ် တဲ့ “မာလာဗစ်တီ” ဆိုတဲ့ မိန်း မချော လေးနဲ့ ဆုံမိပြီး စွဲလမ်း နှစ်သက်သွားပါတယ်။

ချန်နိုင်းမြို့က မထွက်ခွာခင် အချိန်အတွင်း မှာ ဒီမိန်းကလေး ကို အမိအရ ချစ်ရေး ဆိုထားမှ ဖြစ် မယ်ဆိုပြီး သွားတဲ့ အချိန်မှာတော့ သူ့ချစ်သူ မိန်း ကလေးကို သတ်ဖြတ်ဖို့ ကြိုးစားနေတဲ့ အဖွဲ့တစ်ဖွဲ့ကို တွေ့လိုက်ရပါတယ်။

အဲဒါနဲ့ အဲဒီအဖွဲ့ရဲ့ နောက်ကို ခြေရာ ခံ လိုက်ခဲ့ရာကနေ တဖြည်းဖြည်း နဲ့ နောက်ကွယ်မှာ အလွန်ရှုပ်ထွေး တဲ့ ငွေကြေးမှောင်ခို လုပ်ငန်း ကြီး တစ်ခုကို တွေ့ကြုံလိုက်ရပါတယ်။ ဒါနဲ့ပဲ အဲဒီ ဂိုဏ်းကြီးကို ဖော်ထုတ်ဖို့ အကြောင်းဖန်လာ ပါတော့တယ်။ အဲဒီနောက်တော့.. ပရိသတ် တွေ အလွန်သဘောတွေ့ ဇာတ်ကားဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး။ မကြာ ခင် ရုံပေါ်ရောက်ပါတော့မယ်။

ဝင်းကိုမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071