Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesကျောင်းဆရာ၊ရာထူး၊ စီးပွားရေး နှင့်...

ကျောင်းဆရာ၊ရာထူး၊ စီးပွားရေး နှင့် ငြိမ်းချမ်းရေး

ကျွန်တော်က ကျောင်းဆရာ။ အလုပ်ဝင်စ မူလတန်းပြဘဝမှာ လူ ပျိုပေါက်ကလေးပေါ့။ ကျောင်းသွား ရင် အမေထည့်ပေးတဲ့ အသားဆီပြန် ထမင်းဘူးလေးနဲ့။ ကျောင်းဝတ်စုံဆို တာလည်း မီးပူကျ၊ ကျပ်ချွတ်။

တစ်ခါတလေ …ပညာရေး မှူး ကျောင်းစစ်လာမှာမျိုး၊ ပြပွဲပြိုင်ပွဲ လုပ်မှာမျိုး၊ စုံညီပွဲတော်လုပ်မှာမျိုးလို တစ်ခုခုရှိလာရင် အမေ့ထမင်းဘူးကို မစောင့်အားတော့ဘူး။ ကျောင်းကို စောစောသွား၊ လုပ်စရာရှိတာတွေ ကြိုတင်ပြင်ဆင်လုပ်ပေါ့။

နေ့လယ်စာ စားချိန်ကျ ကော် ဖီဆိုင်သွား ကော်ဖီတစ်ခွက်သောက် လိုက်တယ်။ ဒါဆို …ဗိုက်က တင်း တိမ်သွားပြီလေ။

x x x x

ကျွန်တော် အလယ်တန်းပြရာ ထူးတိုးတော့ အိမ်ထောင်ကျသွားပြီ။ မိဘတွေလည်း မရှိရှာတော့ဘူး။ တစ်ဦးတည်းသောသားမို့ ဝိုင်းနဲ့အိမ် အမွေရတော့ နေရေးအတွက် မပူရ ဘူး။ စားရေးနဲ့ဝတ်ရေး ဒီနှစ်ရေးပဲ ကိုယ့်ပခုံးပေါ်ရှိတော့ သိပ်မပူမိဘူး။ အိမ်ထောင်သက်လေးရလာတော့ မိန်းမထည့်ပေးတဲ့ ထမင်းဘူးက ငါးပိ ချက်ပဲ ရက်ဆက်လာတယ်။ ကျောင်း ဝတ်စုံကလည်း လူပျိုဘဝကလောက် မသားနားတော့ဘူး။ အိမ်ထောင်က လည်း ကြီးလာပြီလေ။

တစ်ခါတလေ …ကျောင်းမှာ အထက်ပါဆိုခဲ့တဲ့ ပွဲတွေထဲက တစ် မျိုးမျိုးနဲ့ ကြုံလာရင် မိန်းမထမင်းဘူး ကို မစောင့်အားတော့ဘူး။ ကျောင်း ကို စောစောသွား၊ လုပ်စရာရှိတာ တွေ ကြိုတင်ပြင်ဆင်လုပ်ပေါ့။

နေ့လယ်စာ စားချိန်ရောက်ရင် ကော်ဖီဆိုင်သွားပြီး ကော်ဖီသောက် လိုက်တယ်။ အရင်က ကော်ဖီတစ် ခွက်ကို ဗိုက်ပြည့်ပေမယ့် အခုနှစ်ခွက် သောက်မှ ဗိုက်ပြည့်တော့တာ။ ခွက် က ငယ်သွားတာကိုး။

မိဘတွေ ထားခဲ့တဲ့ ငါးပင်လေး ခန်း အိမ်လေးက အိုဟောင်းယိုင်နဲ့ လာပြီ။ ရတဲ့လစာနဲ့ မိသားစုတိုင်း ထွာစားရင်း လောက်ငှတယ်မရှိတော့ အိမ်ကို ပြန်မပြင်နိုင်ဘူး။ နေလို့မဖြစ် တဲ့အဆုံး ငွေသက်သာမယ့်နည်းကို လက်သမားဆရာနဲ့တိုင်ပင်ပြီး ငါးပင် လေးခန်းအိမ်ကြီးကို လေးပင်သုံးခန်း ပြန်ပြင်လိုက်တယ်။ အိမ်ကကောင်း သွားပေမယ့် တစ်ခန်းလျော့ပြီး ငယ် သွားတာပေါ့။

x x x x

ကျွန်တော် အထက်တန်းပြဆရာ ဘဝရောက်တော့ သမီးက မီးဖိုချောင် ဝင်တတ်နေပြီ။ ကျောင်းသွားရင် သမီးထည့်ပေးတဲ့ ပဲပြုတ်ထမင်းဘူး လေးနဲ့ပေါ့။ ကျောင်းဝတ်စုံကလည်း ဇနီးသည်ရဲ့ အပ်စောင်းထိုးချုပ်ရိုး တွေ၊ အပ်ပြန်ပေါက်တွေပါလာပြီ။

တစ်ခါတလေကျောင်းမှာ အ ထက်ပါဆိုခဲ့တဲ့ ပွဲတွေထဲက တစ်မျိုး မျိုးနဲ့ ကြုံလာရင် သမီးထည့်ပေးမယ့် ထမင်းဘူးကို မစောင့်အားတော့ဘူး။ ကျောင်းကို စောစောသွား၊ လုပ်စရာ ရှိတာလုပ်ပေါ့။

နေ့လယ်စာ စားချိန်ရောက်ရင် ကော်ဖီဆိုင်သွားပြီး ကော်ဖီသောက် လိုက်တယ်။ အရင်ကနှစ်ခွက်ဆို ဗိုက် ပြည့်ပေမယ့် အခုသုံးခွက် သောက်မှ ဗိုက်ပြည့်တော့တာ။ ခွက်က ပိုငယ် သွားတာကိုး။

x x x x

ကျွန်တော် အလယ်တန်း ကျောင်းအုပ်ရာထူးတိုးတဲ့နေ့မှာပဲ အိမ်ထောင်ဦးက ပြင်ခဲ့တဲ့ လေးပင် သုံးခန်းအိမ်လေးက ကျွန်တော့်ကို ကျောင်းအုပ်ဆရာကြီးမို့ လေးစား တယ်ထင်ပါရဲ့ ဦးညွှတ်ပြီး အလေးပြု လာတယ်။ တစ်နည်းအားဖြင့် ပြောရ ရင် မျက်နှာစာဘက်ကို ယိုင်လာတာ ပေါ့။ ငွေပိုငွေလျှံနဲ့ မဟာမိတ်မဟုတ် တဲ့ ကျောင်းဆရာဆိုတော့ အရင်လို ပဲ ငွေသက်သာမယ့်နည်းကို လက်သ မားဆရာနဲ့တိုင်ပင်ပြီး လေးပင်သုံး ခန်းအိမ်ကို သုံးပင်နှစ်ခန်းပြန်ပြင် လိုက်တယ်။ အိမ်က ကောင်းသွားပေ မယ့် နဂိုထက်ပိုပြီး ငယ်သွားပြန် တာပေါ့။ အိမ်ငယ်သွားလို့ သမီး လေး စိတ်အားငယ်သွားတော့ ”အ ဖေတို့က ဝိုင်းအကျယ်ကြီးနဲ့နေတာ ကွ”လို့ ပြောပြီး အားပေးလိုက်ရသေး တယ်။ အမှန်တော့ ဝိုင်းက နဂိုအ တိုင်းပါပဲ အိမ်ငယ်လို့ ကျယ်လာတာ ကို ကြံဖန်ဂုဏ်ယူရရှာတာ။

ကျောင်းဆရာဝန်ထမ်းဘဝကို သမင်လည်ပြန်ငဲ့ကြည့်လိုက်တော့ ရာထူးက တစ်ဆင့်ချင်းမြင့်လာပါရဲ့။ ဒါပေမဲ့ ဘဝကပိုပိုပြီး နိမ့်နိမ့်သွား တယ်။ စီးပွားရေးက ထန်းလျက်ကို ခွေးလျက်သလို။ ရာထူးနဲ့ စီးပွား ဓား ချင်းယှဉ်ခုတ်ရင်း ငြိမ်းချမ်းရေးမရတဲ့ ရန်သူတွေဖြစ်၊ ဒီလိုနဲ့ ပင်စင်သွား။

ကျွန်တော် ကျောင်းဆရာ။ ဝတ် စုံရယ်၊ ထမင်းဘူးရယ်၊ နေအိမ်ရယ်၊ ကော်ဖီပန်းကန်ရယ်၊ ဘဝရယ်က တော့ ချစ်ရည်တူမျှကြတဲ့ အâမွှာညီ အစ်ကိုတွေဖြစ်လို့ …။

ညောင်ဦးသန်းဌေး

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071