Friday, May 29, 2026

မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများ တိုင်းဝန်ကြီးချုပ်ကြည့်ရှု

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လုပ်ကိုင်လျက်ရှိသည့် MSME များလုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဝန် ကြီးချုပ်ဦးကိုလေးက ယနေ့ မေ ၂၈ ရက်နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။ ချမ်းမြဝတီရပ်ကွက်ရှိ တစ်ရက်လျင် ဆန်(၁)တင်းခွဲ...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၆)အတွက် ရန်ပုံငွေလွှဲပြောင်းလက်...

မြန်မာ-တရုတ်နှစ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်းများ(၂၀၂၆) အလတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို မေ ၂၈ ရက်ကလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ ရှေ့...

MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန် ကြီး၏...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ကလျာဏ ဝိဖတ်သိဖွန် ပရတ်ထေ့ တို့ ယနေ့ မေ ၂၈ ရက်က...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်သည့် တရုတ်နိုင်ငံသားနှင့်...

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၈ ရက်ညနေပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့်...
HomeCelebrities' Newsကောင်းတာဖြစ်စေ၊ ဆိုးတာဖြစ်စေ Energy...

ကောင်းတာဖြစ်စေ၊ ဆိုးတာဖြစ်စေ Energy အဖြစ် ပြောင်းလဲလိုက်တဲ့ နီနီခင်ဇော်

Ni-Ni-Khin-Zaw_2368ဂီတသက်တမ်း ၈နှစ်ကျော် ၉နှစ် နီးပါး အတွင်းမှာ ပထမဦး ဆုံးပြုလုပ်မယ့် တစ်ကိုယ်တော် ဖျော်ဖြေပွဲ အတွက် နီနီခင်ဇော်က အစွမ်းကုန် ကြိုးစား ပြင်ဆင်နေသလို ရှိုးနဲ့ ပတ်သက်လို့ ရင်ခုန်စိတ် လှုပ်ရှားမှုတွေ ကလည်း နေ့စဉ်ရက် ဆက်ဆိုသလိုပါပဲ လို့ သူမက ဆို ပါတယ်။ Ni Ni Khin Zaw Redvolution Show Solo Concert လို့အမည်ပေးထားတဲ့ သူမရဲ့တစ်ကိုယ်တော်ရှိုးပွဲ ကို ကြေညာ ထားတဲ့ အတိုင်း ဧပြီလ ၁ရက်နေ့၊ ည၇နာရီ၊ ပြည်သူ့ ဥယျာဉ်မှာ ကျင်းပဖို့ သေချာသွား ပြီဖြစ်ပြီး ရှိုးနဲ့ ပတ်သက်တဲ့ အသေး စိတ် အချက် အလက်တွေ ကိုတော Redvolution Show By Ni Ni Khin Zaw Facebook Page  မှာ ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း ကိုလည်း နီနီခင်ဇော် ကပြောပါတယ်။ သူမက…

Show Time  ကတော့ ၂နာရီပါ။ ၂နာရီမှာ လုံးဝ Compact ဖြစ်အောင် ဖျော်ဖြေပါမယ်။ စကားတွေ အများကြီးပြောမနေတော့ဘဲ နဲ့ ပရိသတ် နားထောင်ချင်တဲ့ သီချင်းတွေ၊ တကယ် နားထောင်ချင်တဲ့ အစိတ်အပိုင်းတွေ ကို ဆွဲနုတ်ယူပြီးတော့ အားလုံး ဆက်စပ်ပြီး နီနီဖျော်ဖြေ သွားမှာ ဖြစ်ပါတယ်။ Show Management ပိုင်းမှာ နိုင်ငံခြားက  Show Director နဲ့ အတူတူပူး ပေါင်းပြီးတော့ နီနီတို့ လုပ်သွားမှာ ဖြစ်ပါတယ်။ အကြီးစား ခွဲခြားရမယ် ဆိုရင် ၃ပိုင်း ရှိပါတယ်။ အရင်ဆုံး နီနီတို့ အကနဲ့ဆိုမယ့် သီချင်းတွေ၊ ပြီးသွားလို့ရှိရင် Orchestra နဲ့ဆိုမယ့် သီချင်းတွေ၊ ပြီးတော့ Band နဲ့ဆိုမယ့် သီချင်းတွေ ဆိုပြီး ၃ပိုင်း ရှိပါတယ်။ အသေးစိတ် ပြန်ခွဲမယ် ဆိုရင်တော့ Opening Dance  တွေရှိမယ်။ အကတွေ ရှိမယ်။ အဆိုတွေ ရှိမယ်။ အချစ်သီချင်းတွေ ရှိမယ်။ ခွန်အားဖြစ်စေမယ့် သီချင်းတွေရှိမယ်။ အကပိုင်းတွေ ရှိမယ်ဆိုတော့ အသေးစိတ် ခွဲထုတ်လိုက် မယ် ဆိုရင်တော့ ၆ပိုင်းလောက် ရှိပါ တယ်။ အဲဒါကို Compact ဖြစ်အောင် နီနီတို့ အကောင်းဆုံး တင်ဆက်ထားပါတယ်” လို့ ပြောပါတယ်။ ထူးခြားတဲ့ အသံပါရမီ ရှိတဲ့ နီနီခင်ဇော်က သူမရဲ့ အနုပညာပိုင်းနဲ့ ပတ်သက်လို့ အပြည့်အဝ အာမခံထားပါတယ်။

“ဟိုး ဂီတဘဝကနေ စပြီးတော့ ဆိုခဲ့တဲ့ သီချင်းတွေ ကနေ ယခုဒီနေ့ အချိန်အထိတိုင် ဆိုခဲ့တဲ့ သီချင်း တွေအားလုံး အသေးစိတ် ကစပြီး ပါပါတယ်။ အွန်လိုင်းကနေ တောင်းဆိုကြတဲ့ သီချင်းတွေ အကုန် လုံးနီးပါးရအောင် နီနီဆိုပေးပါမယ်။ နီနီ စပြီးတော့ ဖြစ်တည်ခဲ့တဲ့ Melody World ပြိုင်ပွဲက သီချင်း လေးတွေကနေ စပြီးတော့ အခုချိန် အထိ သီချင်းတွေ အားလုံး၊ အားလုံး ရှိုးတစ်ခုတည်း မှာ ကြည့်နိုင်ဖို့ အတွက် နီနီ့ရဲ့ ထာဝရ အားပေးနေတဲ့ ပရိသတ်တွေ၊ ထာဝရ Fan  တွေကို ဖိတ်ခေါ် ချင်ပါတယ်။ ပရိသတ်တွေ နဲ့ တွေ့ဆုံတဲ့ ပွဲလေး ဖြစ်သလို နီနီ့ ဘဝအတွက် ပထမဦးဆုံး မှတ်တိုင်ကို အကောင်းဆုံး စိုက်ထူမယ့် ပွဲလေးပါ။ ဒါကြောင့်မို့လို့ ယုံယုံကြည်ကြည် နဲ့ လာခဲ့စေချင်ပါ တယ်” လို့ သူမက ပြောပါတယ်။ နီနီခင်ဇော်ကို ဘဝနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခု ကိုလည်း မေးခဲ့ ပြန်ပါတယ်။ အနုပညာ ရှင် တစ်ယောက် အဖြစ် ရပ်တည် လာတဲ့အခါ ပရိသတ်တွေရဲ့လက်ခုပ်သံတွေ ကြောင့် စိတ်ပျော်ရွှင် ကြည်နူး ရသလို ဝေဖန် မှုတွေ နဲ့ ကြုံရတဲ့အခါ မှာလည်း စိတ်မောပန်းမှုတွေ ဆိုတာ ရှိမှာပါ။ ဒါတွေကို ဘယ်လိုမျိုး စိတ်ဓာတ်ခွန်အားတွေနဲ့ ဖြတ်ကျော် အနိုင်ယူသလဲလို့ မေးတဲ့အခါ

“ဘယ်အရာမဆို ကိုယ့်ဆီ ရောက်လာရင် ကိုယ်ကဒါကို ပြောင်းလဲယူနိုင်ဖို့ပဲ အရေးကြီးပါတယ်။ ကိုယ်က ဒါကို မကောင်းဘူးလို့ မြင် လိုက်ရင် မကောင်းဘူး လို့ပဲ တွေးသွားမိတယ်။ ကောင်းတယ်လို့ မြင်လိုက်ရင် ကောင်းတာလို့ပဲ တွေးသွားမိတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ဆီလာ တဲ့ Import  မှန်သမျှကို ကိုယ့်အတွက်  Positive Energy  အဖြစ် ပြောင်းလဲလိုက်တယ် ဆိုရင် ကိုယ့် ဘဝအတွက်က အကောင်းဆုံးတွေပဲ ရှိလာပါလိမ့်မယ်။ ဒါကြောင့်မို့လို့ နီနီ့ဘဝ အတွက်က ခွန်အားတွေ ဖြစ်ပါတယ်။ Energy အဖြစ် ပြောင်းလဲ လိုက်ပါ တယ်။ ဘယ်အရာမဆို ကောင်းတာဖြစ်စေ၊ ဆိုးတာ ဖြစ်စေ Energy အဖြစ်ပြောင်းလဲလိုက်တဲ့ အတွက် အခုလိုမျိုး ရှိုးပွဲကြီး တစ်ခု ဖြစ် လာနိုင်လောက်တဲ့ အထိ ခွန်အားတွေပေး ခဲ့ခြင်းဖြစ်ပါတယ်” လို့ သူမကပြောပါတယ်။

One Lady Show အတွက်ကိုပဲ စိတ်အား ထက်သန်နေတဲ့ နီနီခင်ဇော် က ပရိသတ်တွေကို…

“နေ့ရက်တိုင်းက နီနီ့ရဲ့ ရှိုးလို့ အခုကစပြီး သတ်မှတ်နေပါပြီ။ ပင်ပန်းတဲ့ နေ့ရက်တွေမှာလည်း အရမ်းလည်း ပင်ပန်းပါတယ်။ အရမ်း ပင်ပန်းနေတဲ့ ကြားထဲ ကမှ ဒီနေ့ည သီချင်းဆိုရမယ် ဆိုရင် အရင်ဆုံး ပွဲမဝင်ခင်မှာ စိတ်ဓာတ် အားဖြင့် စပြီး လေ့ကျင့်ရပါပြီ။ နေ့တိုင်းမှာ Show Practice မရှိနိုင် ဘူးလေ။ ဒါကြောင့်မို့လို့ စိတ်နဲ့ နေ့တိုင်း လေ့ကျင့်တယ်။ တကယ် Practice Day ရှိလာတဲ့ အခါကျရင် ခွန်အား နဲ့ပါ ပေါင်းပြီး လေ့ကျင့်ရတဲ့ အပိုင်းတွေ ပါရှိပါတယ်။ နီနီ တရား ထိုင်တယ်။ ဒါကလည်း တစ်ပိုင်း ပါဝင်ပါတယ်။ ပြီး သွားပြီဆိုရင် အားကစား ပိုင်းပါ။ နီနီတို့ ကကျတော့ သက်လုံကောင်းဖို့ အတွက် အခုနောက်ပိုင်း ဆိုရင် Boxing  ထိုးပြီးတော့ လေ့ကျင့် တာတွေ၊ ပြေး ပြီးလေ့ ကျင့် တာတွေလည်း လုပ်နေပါတယ်” လို့ စကား လက် ဆောင်ပါး လိုက် ပါလေရဲ့။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071