ကွင်းလုံးပြည့် တစ်ခဲနက် လာရောက်အားပေး
မြန်မာအမျိုးသမီးလိဂ် (Myanmar Wom en’s League 2026-27) ပြိုင်ပွဲဝင်လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီ (Ayeyawady FC) အသင်းသည် ယမန်နေ့ က ကျင်းပပြုလုပ်ခဲ့သည့် ၎င်းတို့၏ အိမ်ကွင်း ပထ မဆုံးပွဲစဉ်တွင် Young Lionesses FC အသင်းကို (၃) ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိသွားခဲ့သည်။
ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ကျင်းပခဲ့သည့် အဆိုပါပွဲစဉ်သို့ ဧရာဝတီအက်ဖ်စီအသင်းအား အားပေးရန်အ တွက် ဒေသခံဘောလုံးဝါသနာရှင် ပရိ သတ်များ ကွင်းလုံးပြည့် တစ်ခဲနက် လာရောက်အားပေးခဲ့ကြသည်။
ဧရာဝတီအက်ဖ်စီအသင်းသည် အမှတ် ပေးပွဲစဉ်(၃)အဖြစ် ချန်ပီယံဟောင်း ISPE FC အသင်းနှင့် ဇွန်(၃၀)ရက်တွင် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ပင် ထိပ် တိုက်ရင်ဆိုင်သွားရဦးမည်ဖြစ်သည်။
လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီအ သင်းနှင့် ချန်ပီယံဟောင်း ISPE FC အ သင်းတို့သည် ဇွန်(၃၀)ရက်၌ ပွဲစဉ် (၃) အဖြင့် အဆိုပါ ကိုးသိန်းအားကစားကွင်း ၌ပင် ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ ဘောလုံးဝါသနာရှင်များအကြား စိတ် ဝင်စားမှု မြင့်တက်လျက်ရှိနေသည်။
ဓာတ်ပုံ – ဧရာဝတီအက်ဖ်စီအသင်း၏ အိမ်ကွင်း ပထမဆုံးပွဲစဉ်၌ ကွင်းလုံးပြည့်လာရောက်အားပေးခဲ့သော ပရိသတ်ပုံရိပ်များ
