ဧရာဝတီမြစ်ဆုံ အထက်ပိုင်းတွင် မိုးရွာသွန်းမှုအားကောင်းနေခြင်းကြောင့် မြစ်ကြီးနားမြစ်ရေမှာ ယခုရက်ပိုင်းအတွင်း အတက်ဘက်သို့သာ ဦးတည်နေမည်ဖြစ်သည်ဟုမြစ်ကြီးနားမြို့ မိုး/ဇလတာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြစ်ကြီးနားမြို့မြစ်ရေသည် ယနေ့ ဇွန်၂၂ ရက် နံနက်ပိုင်းအချိန်အထိ (၁၀)ပေခွဲကျော်မြင့်တက်လာခဲ့ပြီး၊ လက်ရှိ စိုးရိမ်ရေ မှတ်သို့ရောက်ရှိရန် (၁၅)ပေခန့် အလိုတွင် ရှိနေကြောင်း ဆိုသည်။
ထို့အပြင် ယနေ့ နံနက် (၆)နာရီအထိ အချိန်တစ်ခုတည်းတွင်ပင် (၁၀)လက်မခန့် မြင့်တက်လာသည်ကြောင်း သိရသည်။
အလားတူ ချင်းတွင်းမြစ်ရိုးတလျှောက် ဟုမ္မလင်း မြို့တစ်မြို့တည်းသာ စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်ပြီး ကျန်မြို့များအားလုံးတွင် စိုးရိမ်ရေအမှတ်အောက်တွင်သာ ဆက်လက်တည်ရှိနေမည်ဟုဆိုသည်။
လဝ်တလော ချင်းတွင်းမြစ်အထက်ပိုင်းတွင် မိုးရွာသွန်းမှု အားကောင်းနေခဲ့ပြီး ခန္တီးမြို့ မြစ်ရေသည်လည်း တရှိန်ထိုး မြင့်တက်လာသည့်အတွက် ချင်းတွင်းမြစ်ရိုးတလျှောက် မြို့များအားလုံး တွင် မြစ်ရေများမြို့အစဉ်လိုက် ပြန်တက်လာမာ်ဖြစ်ကြောင်း ၎င်းက ဆိုသည်
