ရက်ပေါင်း (၁၀၀)အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားရန် လမ်းညွှန်မှုအရတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် Football For School ဘောလုံးအားကစား သင်တန်းဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ကျ င်းပခဲ့ကြောင်းသိရသည်။
ယခုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသားများအနေဖြင့်လည်း နိုင်ငံတော်ရဲ့ ရည်မှန်းချက်များကို ခံယူချက်အပြည့်အဝနှင့် ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံကောင်းများကို သင်ကြားပေးမည်ဖြစ်သည့်အတွက် ကြိုးစားသင်ယူကြရန်မှာကြားလိုကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသ ည်။
ထို့ပြင် နောက်ပိုင်းတွင်လည်း ဘောလုံးအားကစားအပြင် အခြားအားကစားနည်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်ဆက်လက်ဆောင်ရွက်ပေးရန်လည်းရှိကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
