Saturday, July 25, 2026

ဖလမ်းမြို့ နေရပ်ပြန် ဒေသခံပြည်သူများအား နိုင်ငံတော်မှ...

ဖလမ်း၊ ဇူလိုင် ၂၅ချင်းပြည်နယ်၊ ဖလမ်းမြို့ ရပ်ကွက်များသို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများ၏ နေအိမ်များသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင်...

ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယာဥ်တို-က်မှုဖြစ် ယာဥ်မောင်း‌ေ-သဆုံး

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ယနေ့ ဇူလိုင် ၂၅ ရက်ညနေ ၅ နာရီခွဲခန့်က ပြင်းထန်သည့်ယာဥ်တို-က်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပျော်ဘွယ်မြို့နယ်၊ ဝါးရင်းတုတ်ကျေးရွာအနီးရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင်...

ကျောင်းသားများ၏ Mobile Phone အသုံးပြုမှုနှင့်ပတ်သက်၍...

နေပြည်တော်၊ ဇူလိုင် ၂၅ ကျောင်းသား၊ ကျောင်းသူများ၏ Mobile Phone နှင့် Online Platform အသုံးပြုမှုကို လုံခြုံစိတ်ချပြီး အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက်...

လှော်ကား ရေတွန်းစက်ရုံ နှစ်နာရီခန့် ပြုပြင်မည်ဖြစ်၍...

ရန်ကုန်၊ ဇူလိုင်-၂၅ လှော်ကားရေလှောင်ကန်ရှိ ရေတွန်းစက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် လာမည့် ဇူလိုင် (၂၇) ရက် (တနင်္လာနေ့) နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြို့နယ်...
HomeNewsLocal Newsဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ပွဲပြီးချိန်တွင်...

ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ပွဲပြီးချိန်တွင် မြန်မာအသင်း ၂-၁ ဂိုးဖြင့် ရှုံးနိမ့်

ရန်ကုန်၊ ဇူလိုင် ၂၅
​AFF Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာနှင့် မလေးရှားတို့၏ ပွဲစဉ်တွင် မြန်မာအသင်းက ပထမပိုင်း၌ ဦးဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း ပွဲပြီးဆုံးချိန်တွင် ၂-၁ ဂိုးရလဒ်ဖြင့် မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သည်။

​အဆိုပါပွဲစဉ် ပထမပိုင်း စတင်ပြီး ၁၀ မိနစ်တွင် မြန်မာအသင်းအတွက် ကွင်းလယ်လူ မြတ်ကောင်းခန့်က ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့သဖြင့် မြန်မာအသင်း ပွဲကို အသာစီးရရှိခဲ့ပြီး ပထမပိုင်းကို ၁-ဂိုး ၀-ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

​သို့သော်လည်း ဒုတိယပိုင်း ပွဲချိန် ၅၁ မိနစ်နှင့် ၅၆ မိနစ်တို့တွင် မလေးရှားအသင်းမှ တိုက်စစ်မှူး Paulo Josue က ၅ မိနစ်အတွင်း ချေပဂိုးနှင့် အနိုင်ဂိုး ၂ ဂိုး ဆက်တိုက် သွင်းယူသွားခဲ့သည့်အတွက် မြန်မာအသင်း ပွဲအပြီးတွင် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

​မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် လာမည့် ဩဂုတ် ၄ ရက်နေ့တွင် လာအိုအသင်းကို အိမ်ရှင်အဖြစ် ဧည့်ခံယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖလမ်းမြို့ နေရပ်ပြန် ဒေသခံပြည်သူများအား နိုင်ငံတော်မှ ထောက်ပံ့မှု အခြေအနေများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

ဖလမ်း၊ ဇူလိုင် ၂၅ချင်းပြည်နယ်၊ ဖလမ်းမြို့ ရပ်ကွက်များသို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများ၏ နေအိမ်များသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၂၄ ရက်တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းကြည့်ရှုစဉ် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အခြေခံဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားရေရိက္ခာများ ဒေသခံများထံ အပြည့်အဝ ရရှိရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ထို့ပြင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များကို ဒေသခံပြည်သူများက မိသားစုအလိုက် ဝိုင်းဝန်း ပြန်လည်ပြုပြင်နေမှုများကိုလည်း...

ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယာဥ်တို-က်မှုဖြစ် ယာဥ်မောင်း‌ေ-သဆုံး

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ယနေ့ ဇူလိုင် ၂၅ ရက်ညနေ ၅ နာရီခွဲခန့်က ပြင်းထန်သည့်ယာဥ်တို-က်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပျော်ဘွယ်မြို့နယ်၊ ဝါးရင်းတုတ်ကျေးရွာအနီးရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ပြင်းထန်သည့်ယာဉ်တို-က်မိမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ကြောင့် ကားမောင်းသူ‌ေ-သဆုံးသွားခဲ့၍ ယင်းတော်ရွာမပရဟိတကြယ်ပွင့်လေးများအသင်းက ပျော်ဘွယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျောင်းသားများ၏ Mobile Phone အသုံးပြုမှုနှင့်ပတ်သက်၍ Digital Safety အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဟု ပညာရေးဝန်ကြီးဌာန ပြော

နေပြည်တော်၊ ဇူလိုင် ၂၅ ကျောင်းသား၊ ကျောင်းသူများ၏ Mobile Phone နှင့် Online Platform အသုံးပြုမှုကို လုံခြုံစိတ်ချပြီး အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် Digital Safety အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ဘက်ပေါင်းစုံမှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားခဲ့သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့တွင် ပုသိမ်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၏ မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071