Monday, February 2, 2026

အက်ပ်စတိန်း ၏ ကျွန်းသို့ သွားရောက်ခဲ့သည်ဆိုသည့်...

ကာမရာဇဝတ်မှုများဖြင့် စွပ်စွဲခံခဲ့ရသူ ဂျက်ဖရီအက်ပ်စတိန်း ၏ ပုဂ္ဂလိကပိုင်ကျွန်းသို့ တစ်ကြိမ်တစ်ခါမျှ မသွားရောက်ခဲ့ဖူးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်လောင်းပြောကြားလိုက်သည်။ ထရမ့် နှင့် သမ္မတဟောင်း ဘီလ်ကလင်တန်...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃ (တရုတ်၊ဂျပန်၊ကိုးရီးယား) ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉...

YBS ယာဉ် မတော်တဆမှုကြောင့် တနှစ်တာအတွင်း...

ပြီးခဲ့သည့်နှစ်အတွင်း YBS ယာဥ်မတော်တဆမှုကြောင့် အသ-က်ဆုံးရှုံးသူ (၃၂) ဦး ရှိခဲ့ကာ ထိခိုက်ဒ-ဏ်ရာရသူ (၅၄) ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ယခုဘဏ္ဍာနှစ် မတိုင်ခင်အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။ ရန်ကုန်-ပုသိမ်လမ်းပိုင်းသည် ရန်ကုန်တိုင်းနှင့်ဧရာ၀တီတိုင်းအစပ်ဖြစ်သည့် မိုင်တိုင် ၁၇/၄...
HomeEntertainmentစာပေ Eventဦးဝင်းဖေ ပြောပြတဲ့ ကဗျာဆရာကြီး...

ဦးဝင်းဖေ ပြောပြတဲ့ ကဗျာဆရာကြီး တင်မိုး အကြောင်း

dsc_0095ကဗျာဆရာကြီး တင်မိုး ကွယ် လွန်ခြင်း၁ဝနှစ်ပြည့် လွမ်းဆွတ်ခြင်း အမှတ်တရပွဲ ကိုတော့ ဇန်နဝါရီလ ၁ရက်နေ့ က ရွှေဂုံတိုင် လမ်း ရှိ တော်ဝင်နှင်းဆီ မှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။ ဆရာကြီးတင်မိုးရဲ့ ၁ဝနှစ် ပြည့် အမှတ်တရပွဲမှာတော့ ဆရာ တင်မိုးရဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများဖြစ်ကြတဲ့ ဆရာဂုဏ်ထူးဦးသိန်းနိုင်၊ ဆရာ မောင်မိုးသူ၊ ဆရာ မောင်ခင်မင် (ဓနုဖြူ)၊ ဆရာဦးဝင်းဖေ (ပန်းချီ) စတဲ့ ပညာရှင်ကြီးများက အမှတ်တရ စကားအသီးသီး ပြောကြား ခဲ့ကြသလို ဆရာစောလူ၊ ဆရာချစ်ဦးညို၊ ဦးကျော်သူ၊ ဆရာမ သန်းမြင့်အောင်၊ ဆရာအော်ပီကျယ်၊ ဆရာစောဝေ၊ ဆရာမ မသီတာ (စမ်းချောင်း)၊ မုံရွာ အောင်ရှင် စတဲ့ စာပေအနုပညာရှင်များ၊ ဆရာတင်မိုးကို ချစ်မြတ်နိုးသူ များ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ အခမ်းအနားမှာ ဆရာတင် မိုးနဲ့ မန္တလေးက တက္ကသိုလ်မှာ အတူ တက်ရောက်ခဲ့သူ ဆရာဦးဝင်း ဖေက အမှတ် တရ ပြောကြားရာမှာ တော့ “သူ့ကို သတိရ ကြတော့မယ် ဆိုတဲ့ အချက်ကလေးတွေ လိုက်ရှာ လိုက်တော့ အများကြီးရှိနေတယ်။ အဲဒီထဲ မှာ ထိပ်ဆုံးက ဘာတုံးဆို တော့ “ဆေးလိပ်လည်း တို နေလည်းညိုပြီ ငါ့ကိုပြန်ပို့ကြပါ လေ” သိပ် နာမည်ကြီးတယ်။ သိပ်လည်း သတိ ရကြတယ်။ ကိုဘဂျမ်း (ဆရာတင်မိုး) လို့ ပြောတာ နဲ့ပတ် သက်လို့ အမှတ်တရ ကျွန်တော်ပြော ပါရစေ။ အမေရိကန်ပြည်၊ ဝါရှင်တန် ဒီစီမှာ ကျွန်တော်နဲ့ ကိုဘဂျမ်းနဲ့ရှိစဉ် တုန်းကပေါ့ ကိုအောင် ဆိုတဲ့သူလာတယ်။ လာတဲ့ အခါ သူက ဘာပြော တုံး ဆိုတော့ “ဆေးလိပ်လည်း တို နေလည်းညို” ဒါ အလွန်ကို နက်နဲ ခက်ခဲတယ်။ ဘယ်လို အတွေးအခေါ်တွေနဲ့ ရေးပြီး နောက်ပိုင်း ဘယ်လိုများ ဆက်ဆက်နေလဲပေါ့ မေးတော့ ကိုဘဂျမ်းက ကြည့်နေ တယ်။ ဘဂျမ်း ကတောသားဗျ။ သိပ်ရိုးတာ။ ခင်ဗျားထင်တာတွေ လွဲနေပြီ။ ဒီကဗျာကို တွေးကြခေါ်ကြ မြော်မြင်ကြ၊ သုံးသပ်ကြ၊ အဖြေ တွေ ထုတ်ကြနဲ့။ ဒါကျွန်တော် သိပ် ဝမ်းသာပါတယ်။ ဂုဏ်လည်းယူ ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရေးတုန်းက အဲဒီလို ရည်ရွယ်ချက်တွေ ဘာတွေ မရှိတာ အမှန်ပါဗျာ။ သူငယ်ချင်းတွေ စုပေါင်းထိုင်နေပြီးတော့ အချိန်ကုန်ညနေရောက်တဲ့ အခါကျ တော့ ကျွန်တော်က ပြန်ကြတော့ မယ်ဆိုတဲ့ အခါကျတော့ “ဆေးလိပ်လည်းတိုနေလည်းညိုပြီ” ဆိုပြီး ကျွန်တော်ပြောလိုက်တာပါ။ အမှတ်တမဲ့ပါတဲ့ဗျာ။ ကျွန်တော် အရိုးသားဆုံးပြော တာ။ ကျွန်တော့် ရည်ရွယ်ချက် မရှိပါဘူးတဲ့။ အလွန် ကို ရိုးရိုးကြီး ငြင်းတယ်ဗျာ။ ကျွန်တော်က မနေသာဘူးဗျ။ ကျွန်တော်က ကြားကနေ သူငယ်ချင်းအတွက် ဝင်ကြွားလိုက်တာတော့ မဟုတ်ပါ ဘူး။ ကိုဘဂျမ်း ခင်ဗျား အဲဒီလို ပြောလို့ မရဘူး။ ကျွန်တော်တို့ ပန်းချီ လောက မှာ ပြောရိုးဆိုရိုး စကားတစ် ခုရှိတယ်။ ဥရောပက ပန်းချီကျော် ကြီး တစ်ယောက်ပုံကြမ်း တစ်ခုကို နာရီဝက်အတွင်း အတော် ပြောင် မြောက် အောင်ဆွဲပြတယ်။ ဒီပုံလေး ဆွဲလိုက် တာ ဘယ်လောက်ကြာလဲလို့ ပရိသတ် ကိုမေးတော့ နာရီဝက်ပေါ့ ဆရာကြီး အတော် ကောင်းပါတယ်လို့ ပြောကြတယ်။ ခင်ဗျား တို့ မှားနေပြီ။ ဒီပုံဆွဲဖို့ ကျုပ်က အနှစ်၆ဝ ကျော် ကြာတယ်။ ကျုပ်တစ်သက်လုံး တွေ့ကြုံထားတဲ့ အတွေ့အကြုံတွေနဲ့ အရင်းအနှီး လုပ်ပြီး ဒီစွမ်းအား စိတ်ကူးတွေနဲ့ လှမ်းခဲ့တာတဲ့။ ကိုဘဂျမ်း ခင်ဗျားကတော့ ကဲ ကဲ အချိန်လည်း ကုန်ပြီ၊ ပြန်ကြစို့ဆိုတဲ့ အပေါက် မျိုး ပြောတာပဲ။ သို့သော် လည်း လူကနေပေမယ့် ပညာက မနေဘူး။ အလို လို အော်တိုမစ်တစ် ထွက်သွားတာ။ ဒါပညာ၊ ဒါကဗျာ၊ ဒါခင်ဗျား ရဲ့ ပြဋ္ဌာန်းချက်၊ ခင်ဗျား အနုပညာ ဝိညာဉ်ပဲလို့ ကျွန်တော် ကပြောတော့ “ဟေ့ကိုဝင်း ဖေ ဟုတ်ရဲ့လားဗျာ” တဲ့ဗျာ။ အဲဒီလို လူဗျ” လို့ ဦးဝင်းဖေက ဆရာတင်မိုး နဲ့ ပတ်သက်တဲ့ အမှတ်တရကို ပြော ပြခဲ့ပါတယ်။ ဆရာ တင်မိုးက ကလေးငယ်များ အ တွက် မြန်မာ စာ သင်ပုန်း ကြီး အက္ခရာ သင်ခန်းစာ ကဗျာလေး ဖြစ်တဲ့ “က” ကလေးငယ်ချစ်စဖွယ် အပါအဝင် ရွတ်ဆိုရ လွယ်ကူချို သာတဲ့ ကလေး ကဗျာများနဲ့ မြန်မာ စာကို ကလေးများ ရင်းနှီးကျွမ်းဝင် အောင် ပြုစုခဲ့သလို ဧည့်သည်ကြီး၊ တံခါးပိတ်၊ မပိုင်ပန်း အပါအဝင် ကဗျာပေါင်း မြောက်မြား စွာကို ပြောင်မြောက်အောင် ရေးစပ်ခဲ့တဲ့ ကဗျာ ဆရာကြီးလည်း ဖြစ်ပါတယ်။ ဆရာတင်မိုးက အမေရိ ကန် လော့စ် အိန်ဂျလိစ်မြို့မှာ ၂ဝဝ၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့မှာ ကွယ်လွန် ခဲ့တာဖြစ်ပြီး ကွယ်လွန်ခြင်း  ၁ဝနှစ် ပြည့်မြောက် ခဲ့ပြီဖြစ်ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071