Friday, May 1, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeInternationalဥရောပ၌နျူကလီးယားဟန့်တား‌ရေးဆွေးနွေးရန်အသင့်--မက်ခရွန်

ဥရောပ၌နျူကလီးယားဟန့်တား‌ရေးဆွေးနွေးရန်အသင့်–မက်ခရွန်

ဥရောပဒေသ၌ နျူကလီးယားကို ဟန့်တားရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ စတင်ရန် အသင့်ရှိသည်ဟု ပြင်သစ် သမ္မတ အီမန်နျူလ် မက်ခရွန်က ပြောဆိုလိုက်ပြီး အခြား ဥရောပနိုင်ငံများအပေါ် ရုရှား၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများမှ ကာကွယ်ရာတွင် ပြင်သစ်က အကူအညီပေးနိုင်ကြောင်းကို အရိပ်အမြွက် ဖော်ပြခဲ့သည်။

ဥရောပခေါင်းဆောင်များသည် ယူကရိန်းငြိမ်းချမ်းရေး အစီအစဉ်ကို ဆွေးနွေးရန် မတ် ၂ ရက်တွင် လန်ဒန်၌ တွေ့ဆုံမည်ဖြစ်ပြီး မတ်လ ၆ ရက်‌နေ့တွင် ၎င်းတို့သည် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးကို တက်ရောက်ကြမည်ဖြစ်သည်။

ဥရောပသမဂ္ဂသည် ရုရှားနှင့် သံတမန်ဆက်ဆံရေးကို ဖော်ဆောင်လိုသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ လိုလားချက်များ၊ ဖေဖော်ဝါရီ ၂၈ ရက်က အိမ်ဖြူတော်တွင် ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် မစ္စတာ ထရမ့်ပ်တို့အကြား ကတောက်ကဆဖြစ်ခဲ့မှု၏ ဂယက်ရိုက်ခတ်မှုများကို ကိုင်တွယ်ဖြေရှင်းနေရသည်။

ဥရောပသည် ကာကွယ်ရေးနှင့် နျူကလီးယားတားဆီးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုကောင်းမွန်သော ကိုယ်ပိုင်စီမံပိုင်ခွင့်ကို ဖြစ်လိုပါက ၎င်း၏ ခေါင်းဆောင်များသည် ယင်းကိစ္စနှင့် ပတ်သက်၍ စတင်ဆွေးနွေးသင့်သည်ဟု မတ် ၁ ရက်က သူ X ပေါ်တင်ခဲ့သော ပေါ်တူဂီ ရုပ်သံ RTP နှင့် အင်တာဗျူးတွင် မစ္စတာ မက်ခရွန်က ပြောကြားခဲ့သည်။

“ဥရောပအင်အားကို တည်ဆောက်ခွင့်ပြုမယ်ဆိုရင် ဒီဆွေးနွေးပွဲကို စတင်ဖို့ ကျွန်တော်အသင့်ရှိပါတယ်” ဟု သူက ပြောကြားခဲ့သည်။

၎င်း၏ နျူကလီးယားဆိုင်ရာ မူဝါဒတွင် ပြင်သစ်နိုင်ငံ၏ အရေးကြီးသော အကျိုးစီးပွားများတွင် ဥရောပ ကဏ္ဍသည် အမြဲပါဝင်သည်ဟု သူက ဆိုခဲ့သည်။

ပြင်သစ် လက်ယာစွန်းခေါင်းဆောင် မာရင်းလီပင်းကမူ မစ္စတာ မက်ခရွန်၏ ယင်းမှတ်ချက်များကို အလျင်အမြန်ပင် တုန့်ပြန်မှုလုပ်ခဲ့သည်။

ပြင်သစ် နျူကလီးယား အဟန့်အတားသည် ပြင်သစ်အတွက် အဟန့်အတားအဖြစ်သာ ဆက်ရှိနေရမည်ဟု မတ် ၁ ရက်က ပါရီမြို့ Farm Show တစ်ခုသို့ သွားရောက်ခဲ့စဉ်အတွင်း သူက ပြောဆိုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071