ဥရောပတစ်ဝန်းတွင် အပူလှိုင်းကျရောက်မှုကြောင့် အပူချိန်များ စံချိန်တင်မြင့်တက်လာခဲ့ပြီး ပြင်သစ်နိုင်ငံတွင် အရက်သောက်သုံးမှု ကို တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခဲ့ပြီး ဂျာမနီတွင် နိုင်ငံလုံးဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ခဲ့ရသကဲ့သို့ စပိန်နိုင်ငံတွင်လည်း ကမ္ဘာ့ဖလားဘောလုံးပရိသတ်ဇုန်များကို ပိတ်သိမ်းခဲ့သည်။
ပြင်သစ်နိုင်ငံတွင် တနင်္ဂနွေနေ့၌ ဌာန သို့မဟုတ် ဒေသ ၉၆ ခုအနက် ၃၅ ခုတွင် အနီရောင်အဆင့် အပူလှိုင်းသတိပေးချက်များ ထုတ်ပြန်ရန် မျှော်လင့်ထားပြီး အနောက်တောင်ပိုင်း ပါရီဒေသမှသည် Burgundy အထိ အပူချိန်များသည် ၃၉ ဒီဂရီဆဲလ်စီးယပ်စ်မှ ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနိုင်ကာ အချို့ဒေသများတွင် ၄၁ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနိုင်သည်။
ဝန်ကြီးချုပ် ဆီဘက်စတီယန် လီကွန်နူက ထိုနေရာ ၃၅ ခုတွင် ကျင်းပမည့် နှစ်စဉ် ဂီတ ပွဲတော်များနှင့် အခြား အများပြည်သူဆိုင်ရာ ပွဲအခမ်းအနားများတွင် တနင်္ဂနွေနေ့မှစ၍ အရက်သောက်သုံးမှုကို လက်ဦးမှူရယူ၍ တားမြစ်ခဲ့သည်။ သို့သော်လည်း ပါရီအာဏာပိုင်များကမူ ပန်းခြံများကို ၂၄ နာရီပတ်လုံး ဖွင့်ထားရန် အမိန့်ပေးခဲ့သည်။
ဂျာမနီနိုင်ငံ ဒေသအများစုတွင် အပူချိန်သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး အပူချိန် ၃၈ ဒီဂရီဆဲလ်စီးယပ်စ်နီးပါး ရောက်ရှိနေသည်။ အပူနှင့် စိုထိုင်းစပေါင်းစပ်မှုကြောင့် ပြင်းထန်သော မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နိုင်ကြောင်း သတိပေးခဲ့သည်။
အဲလ်ပ်တောင်တန်းကို ကျော်လွန်၍ အီတလီနိုင်ငံ မြို့အချို့တွင် အပူချိန် ၃၆ မှ ၃၇ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနိုင်ကြောင်း မျှော်လင့်ရပြီး နေ့စဉ်သွားလာလှုပ်ရှားမှုနှင့် ခရီးသွားလုပ်ငန်းကို ပြောင်းလဲစေခဲ့သည်။
ရှေးဟောင်းဇာတ်ရုံ Colosseum အပြင်ဘက်ရှိ ပူပြင်းသောနေရောင်အောက်တွက် တန်းစီစောင့်ဆိုင်းသူများသည် ရောမမြို့၏ နွေရာသီအပူကြောင့် လည်ပတ်ကြည့်ရှု့ခြင်းမှ ခံနိုင်ရည်ကို စမ်းသပ်မှုပုံစံဖြစ်ခဲ့ရသည်။
စပိန်နိုင်ငံတွင်မူ မက်ဒရစ်မြို့ Plaza de Colon ရင်ပြင်တွင် ဧရာမဖန်သားပြင်များဖြင့် တည်ထောင်ထားသော ပရိသတ်ဇုန်ကို ပိတ်ရန် ဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့ပြီး ပရိသတ်များအနေဖြင့် ဆော်ဒီအာရေဗျနှင့် စပိန်အသင်းတို့၏ ကမ္ဘာ့ဖလားပွဲကို အခြားနေရာများတွင် ကြည့်ရှု့ရတော့မည်ဖြစ်သည်။
Ref: ရိုက်တာ
