Saturday, September 19, 2026

ဖလမ်းမြို့သို့ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံ (၂၁)ရာခိုင်နှုန်းကျော်ရှိလာ

တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ စစ်ဘေးရှောင်များအဖြစ်တိမ်းရှောင်နေကြရသော ဖလမ်းဒေသခံများမှာနေရပ်များသို့ မေ ၆ ရက်မှစတင်၍ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထိုသို့...

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မည်

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းနှင့် ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုး ရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan...

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...
HomeCelebrities' Newsအနုပညာနဲ့ပတ်သက်ပြီး အသစ်တွေ ဖန်တီးနိုင်အောင်ကြိုးစားနေတဲ့မင်းဦး

အနုပညာနဲ့ပတ်သက်ပြီး အသစ်တွေ ဖန်တီးနိုင်အောင်ကြိုးစားနေတဲ့မင်းဦး

သရုပ်ဆောင်အလုပ်ကိုကော၊ ဒါရိုက်တာအလုပ်ကိုကော နှစ်ခုစလုံးကို ညီညီမျှမျှအကောင်းဆုံးဖြစ်အောင် လုပ်ကိုင်နေ သူကတော့ သရုပ်ဆောင်မင်းဦးပဲဖြစ်ပါတယ်။ ဒါရိုက်တာ အနေနဲ့ ပထမဦးဆုံးရိုက်ကူးထားတဲ့ ချူဆီရုပ်ရှင်ဇာတ်ကားကြီး ကလည်း ပရိသတ်ရဲ့အားပေးမှုကို ရရှိခဲ့သလို အခုရိုက်ကူးမယ့် ကိုယ် ပွားရုပ်ရှင်ဇာတ်ကားကြီးအတွက်လည်း စိုးရိမ်ပူပန်မှုတွေ နဲ့ အကောင်းဆုံးကြိုးစားနေတယ်လို့ သိရပါတယ်။ ကျော်ထက် အောင်၊ နေခြည်ဦးတို့ ပါဝင်သရုပ်ဆောင်မယ့် ကိုယ်ပွားရုပ် ရှင်ဇာတ်ကားကြီးမှာ ဒါရိုက်တာအဖြစ် ရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းကို ကိုမင်းဦးက…

”ဒီကားလေးက ရိုက်ရမယ့် သရုပ်ဆောင်တွေကလည်း အသစ်တွေနဲ့လည်းဖြစ်တယ်။ နောက်တော့ ရိုက်ရမယ့်အပိုင်း တွေကလည်း များတယ်ဆိုတော့ ပြင်ဆင်မှုတွေကလည်း ပို များတာပေါ့။ ချူဆီရိုက်တုန်းလည်း မထင်မှတ်ဘဲ ပရိသတ်တွေ ရဲ့ အားပေးမှုရရှိခဲ့တဲ့အတွက် ဒီကိုယ်ပွားကားလေးမှာလည်း ပရိသတ်မကြိုက်မှာကို စိုးရိမ်စိတ်တော့ ရှိနေတယ်။ ဒါပေမယ့် အကောင်းဆုံးကြိုးစားပြီး ပြင်ဆင်နေပါတယ်”လို့ ပြောပါတယ်။

ကိုယ်တိုင်က ဒါရိုက်တာကော သရုပ်ဆောင်နှစ်ခုလုံးကို လုပ်ကိုင်နေတဲ့အတွက် အနုပညာလေ့လာမှုအပိုင်းတွေကို မေး ကြည့်တဲ့အခါမှာတော့ မင်းဦးက ”အစ်ကိုကတော့ အနုပညာနဲ့ ပတ်သက်ရင် အမြဲတမ်း လေ့လာနေရတာပေါ့။ ပတ်ဝန်းကျင် မှာရှိနေတဲ့သူတွေ ဖြစ်ပျက်နေတာတွေ အကုန်လုံးက အစ်ကိုတို့ အတွက်တော့ လေ့လာစရာနေရာတွေပဲပေါ့။ ဒါကတော့ အစ်ကိုတို့ ဘယ်လောက်ယူနိုင်လဲ။ ဘယ်လောက်အပြည့်ဖြည့် နိုင်လဲ။ အစ်ကိုတို့ ဘယ်လိုလုပ်ပေးနိုင်လဲဆိုတာက ဒါအနုပညာ နဲ့ ပတ်သက်ပြီးတော့ ကိုယ်တွေက နဂိုကတည်းကလည်း ဒီလိုပဲ ခံစားပါတယ်။ သူများကားတွေကိုလည်း သူများတွေ ဘယ်လို လုပ်ထားလဲ၊ ဘယ်လိုတွေ ဖန်တီးထားလဲဆိုတာကို အမြဲတမ်း လေ့လာနေရတဲ့သဘောပါ။ အနုပညာကတော့ အစ်ကိုရဲ့ ဘဝ တစ်ခုဖြစ်တဲ့အတွက် အမြဲတမ်းအနုပညာနဲ့ပတ်သက်ပြီး အသစ် သစ်တွေ ဖန်တီးနိုင်အောင် ကြိုးစားသင်ယူနေတယ်”လို့ ပြောပါ တယ်။

၂ဝ၁၈ ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲလည်း နီးကပ်လာပြီဖြစ်တဲ့အတွက် ကိုယ်တိုင်ပထမဦးဆုံး ဒါရိုက်တာ အနေနဲ့ ရိုက်ကူးထားတဲ့ ချူဆီရုပ်ရှင်ဇာတ်ကားကြီးအတွက် အကယ်ဒမီရင်ခုန်သံကကော ဘယ်လိုမျိုးဖြစ်နေမလဲလို့ မေး ကြည့်တဲ့အခါမှာတော့ မင်းဦးက ”အစ်ကိုကတော့ ဒီချူဆီကားထဲ မှာ ဘယ်သူပဲ ရရပါ။ ဒါကတော့ အတ္တလို့ပဲ ပြော ရမလားပေါ့။ ဒီကားထဲမှာ ဘယ်သူပဲရရ ကိုယ်ဝမ်းသာမိမှာပါ။ ဘာဖြစ်လို့ လဲဆိုတော့ ဒီကားလေးဟာ ကိုယ် ပထမဦးဆုံးရိုက်ကူးထားတဲ့ ဇာတ် ကားလေးဖြစ်နေလို့ပါ”လို့ ပြောပါတယ်။

သဲစုလှိုင် ၊

ဓာတ်ပုံ – အောင်ဖော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071