Monday, May 18, 2026

ယူရီးယားမြေဩဇာ ရည်ညွှန်းဈေး တစ်လအတွင်း ကျပ်...

ယခု မေလအတွက် ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်၏ ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်ဧပြီလနှင့် နှိုင်းယှဉ်ပါက ကျပ် ၆၀၀၀၀ ကျော် မြင့်တက်လာကြောင်း...

မုတ်သုံလေအားကောင်း၍ တနင်္သာရီ၊ မွန်နှင့် မန္တလေးတိုင်းတွင်...

၂၀၂၆ ခုနှစ် မေလ ၁၈ ရက် နံနက် ၇ နာရီအချိန် ထုတ်ပြန်သည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နှင့်...

ပဲခူးတိုင်းတွင် ကျောင်းအပ်နှံရေးလှုပ်ရှားမှု လက်ကမ်းစာစောင်များ အရှိန်အဟုန်ဖြင့်...

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလှုပ်ရှားမှု လက်ကမ်းစာစောင်များ အရှိန်အဟုန်ဖြင့် ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးနှင့် စာသင်ခန်းတွင်...

တောင်ကိုရီးယားသမ္မတ လူထုထောက်ခံမှုနှုန်းလွန်စွာ ကျဆင်းသွား

ဆိုးလ်၊ မေလ ၁၈ ရက် တောင်ကိုရီးယားသမ္မတ လီဂျေမျောင်း၏ လူထုထောက်ခံမှုနှုန်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ယခင်အပတ်ထက် ၁.၁ ရာခိုင်နှုန်း လျော့နည်းသွားပြီး ၇၂.၅ ရာခိုင်နှုန်းသို့...
HomeMoviesအွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ဆက်စပ်ပါဝင်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၄၂)ဦးကို...

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ဆက်စပ်ပါဝင်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၄၂)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ မူဆယ်မြို့တွင်ဖမ်းမိ

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ဆက်စပ်ပါဝင်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၄၂)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ မေ ၁၇ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအထွဲ့ဝင်များက မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား(၄)ဦးနှင့် မြန်မာနိုင်ငံသား(၃၄)ဦးတို့ကို ဖုန်းမျိုးစုံ(၁၅၅)လုံး၊ All In One ကွန်ပျူတာ(၃၀) လုံး၊ တရုတ်ယွမ်(၁၀,၀၀၀)၊ မြန်မာငွေ(၁၀)သိန်းကျပ်နှင့် Crown ကား(၂)စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်း ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှလည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ မြန်မာနိုင်ငံသား(၄)ဦးအား ဖုန်းမျိုးစုံ(၉၅)လုံး၊ Laptop (၁)လုံး၊ Wifi စက်(၂)လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ် ဆေးမှုများပြီးပါက တည်ဆဲဥပဒေများနှင့်အညီထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကာ သိမ်း ဆည်းရမိခဲ့သည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူရီးယားမြေဩဇာ ရည်ညွှန်းဈေး တစ်လအတွင်း ကျပ် ၆၀၀၀၀ ကျော် မြင့်တက်

ယခု မေလအတွက် ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်၏ ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်ဧပြီလနှင့် နှိုင်းယှဉ်ပါက ကျပ် ၆၀၀၀၀ ကျော် မြင့်တက်လာကြောင်း မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ဧပြီလတွင် ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၉၄,၀၀၀ သတ်မှတ်ထားခဲ့သော်လည်း အခု မေလတွင် တစ်အိတ်လျှင် ကျပ် ၁၅၇,၀၀၀ အထိ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး တစ်လအတွင်း ကျပ် ၆၃,၀၀၀ မြင့်တက်လာခြင်း ဖြစ်သည်။ ထို့ပြင် DI...

မုတ်သုံလေအားကောင်း၍ တနင်္သာရီ၊ မွန်နှင့် မန္တလေးတိုင်းတွင် မိုးကြီးနိုင်

၂၀၂၆ ခုနှစ် မေလ ၁၈ ရက် နံနက် ၇ နာရီအချိန် ထုတ်ပြန်သည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် မုတ်သုံလေ အားကောင်းနေပြီးတနင်္သာရီ၊ မွန်နှင့် မန္တလေးတိုင်းတွင် မိုးကြီးနိုင်ကြောင်း အသိပေးထားသည်။ ယနေ့ညနေအထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများ၊ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍...

ပဲခူးတိုင်းတွင် ကျောင်းအပ်နှံရေးလှုပ်ရှားမှု လက်ကမ်းစာစောင်များ အရှိန်အဟုန်ဖြင့် ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလှုပ်ရှားမှု လက်ကမ်းစာစောင်များ အရှိန်အဟုန်ဖြင့် ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးနှင့် စာသင်ခန်းတွင် ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်၍ “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံစို့” ဟူသော လက်ကမ်းစာစောင်များကို သက်ဆိုင်ရာစုရပ်အလိုက် ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။ အဆိုပါလှုပ်ရှားမှုကို မေလ ၁၄ ရက်နေ့မှစတင်၍ ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် နေ့စဉ် ဆောင်ရွက်လျက်ရှိပြီး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071