Home News Local News အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှ အမြင့်ဆုံးဆု ကျပ်သိန်းငါးထောင်ဆုကို (င ၄၁၆၇၉၂) နံပါတ်မှရရှိ

အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှ အမြင့်ဆုံးဆု ကျပ်သိန်းငါးထောင်ဆုကို (င ၄၁၆၇၉၂) နံပါတ်မှရရှိ

0
369

ယနေ့ စက်တင်ဘာ (၁)ရက် နံနက်တွင် ဖွင့်လှစ်သည့် ကျပ် ၁၀၀၀ တန် အောင်ဘာလေကျပ်သိန်းဆုဖွင့်ပွဲမှ အမြင့်ဆုံးဆုဖြစ်သည့် ကျပ်သိန်းငါးထောင်ဆုကို (င ၄၁၆၇၉၂) နံပါတ်မှ ဆွတ်ခူးခဲ့သည်။

ထို့ပြင် ကျပ်သိန်း ၂၀၀၀ ဆု နံပါတ်မှာ ( ခ ၄၁၂၇၂၀) နှင့် ကျပ်သိန်း ၁၀၀၀ ဆုမဲနံပါတ်မှာ(ဃ ၅၂၄၉၇၅) ဖြစ်ကြောင်း အဆိုပါ ထီဖွင့်ပွဲမှ သိရသည်။

(၅၄) ကြိမ်မြောက် အောင်ဘာလေသိန်းဆု ထီလက်မှတ်များ ရောင်းရငွေ ကျပ် ၅ ဒသမ ၃ ဘီလျံနီးပါး ရရှိထားပြီး ယင်းပမာဏ၏ ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ် ၃၇၀၅ ဒသမ ၂၃၁ သန်း (ကျပ် ၃ ဒသမ ၇ ဘီလျံကျော်) ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်မည့် ထီဆုများနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ် ၁၃၄ ဒသမ ၈၀၀ သန်းကို ပြန် လည်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

(၅၄) ကြိမ်မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ သုံးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ရှစ်ဆု၊ ကျပ်သိန်းငါးဆယ် ၁၁ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၇ ဆု၊ ကျပ်ဆယ်သိန်း ၁၇ ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၉,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၁၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာသိမ်းရငွေ ကျပ် ၁၃၄ ဒသမ ၈၀၀ သန်းမှ ကျပ်ဆယ်သိန်း နှစ်ဆု၊ ကျပ်သုံးသိန်း ၄၀ ဆု၊ ကျပ်နှစ်သိန်း ၁၀၀ ဆု၊ ကျပ်တစ်သိန်း ၁,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here