လာအိုနိုင်ငံ၊ လောင်ဖရာဘန်မြို့၊ ဝပ်မဟာသက်ဘုန်းတော်ကြီးကျောင်းတွင် အောင်ဆန်းဆရာတော်ကြီးမှ မ နက်ဖြန် မတ် ၁၁ ရက်မှ မတ် ၁၅ ရက်အထိ တရားစခန်းဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အောင်ဆန်းဆရာတော်ကြီးဦးဆောင်သော ဆရာတော်များ၊ မြန်မာ-လာအိုချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌဦးဝင်းမောင်၊ အထွေထွေအတွင်းရေးမှူးဦးကောင်းဇံနှင့်အဖွဲ့ဝင်များသည် ယနေ့ မတ် ၁၀ ရက်နံနက် ၉ နာရီတွင် လာအိုနိုင်ငံ၊ လောင်ဖရာဘန်အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ရောက်ရှိခဲ့သည်။
လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦးအောင်ကိုနှင့် တာဝန်ရှိသူများ၊ ဒေါက်တာ Khamvone နှင့် လာအိုနိုင်ငံမှ ဆရာတော်များက လေဆိပ်တွင်ကြိုဆိုနှုတ် ဆက်ခဲ့ကြပြီးနောက် ဝပ်ဖာအိုကျောင်းသို့ပင့်ဆောင်ကာ သာသနာရေးဆိုင်ရာများကိုလျောက်ထားဆွေးနွေးခဲ့ကြသည်။
မြန်မာ-လာအို ချစ်ကြည်ရေးအသင်းမှ ဝပ်ဖာအိုးကျောင်းသို့ ဝထ္ထူငွေ ထိုင်းဘတ် ၅၀၀၀ လှူဒါန်းခဲ့သည်။
