ရေဒီယိုမှာ နှစ်ပေါင်း ၆၀ ကျော်အမြဲကြားနေရတဲ့
“သောတရှင်များ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပါစေရှင်”ဆိုတဲ့အသံပိုင်ရှင် နိုင်ငံကျော် တေးသံရှင် ဒေါ်တင်တင်မြဟာ အူလမ်းကြောင်းရောဂါခံစားနေရတာဖြစ်ပြီး အာယုဆေးရုံမှာ ခွဲစိပ်ကုသမှုခံယူနေရတာဖြစ်ပါတယ်။
နိုဝင်ဘာလ ၂၆ ရက်နေ့မနက်၉း၃၀ မှခွဲခန်းဝင်ခဲ့တာဖြစ်ပြီး နေ့လည်၁၁း၃၀ မှာခွဲစိပ်မှုပြီးကာအူကျွံနေရာကိုလည်းဖယ်ရှားနိုင်ခဲ့ကြောင်းသိရပါတယ်။
အန်တီတင်တင်မြ အမြန်ဆုံးနေကောင်းကျန်းမာပါစေလို့ Popular Journal မှ ဆုတောင်းပေးပါတယ်။

