Friday, May 1, 2026

ဘန်ကောက်၏ အပူညွှန်းကိန်း အလွန်အမင်း အန္တရာယ်များသော...

ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၏ အပူညွှန်းကိန်းသည် ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်းအန္တရာယ်ရှိသောဇုန်သို့ ဝင်ရောက်ခဲ့ပြီး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ထက်မြင့်မားခြင်း သို့မဟုတ် ယင်းပမာဏနှင့် ညီမျှသော...

ထိုင်း ၆၃၅ ဦးကို ဖနွမ်းပင်က...

ကမ္ဘောဒီးယား အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဘန်တေး မီးချေး ပြည်နယ်တွင် ထိုင်း နိုင်ငံသား ၆၃၅ ဦး ကို ကြာသပတေးနေ့တွင် တရားမဝင်...

ညောင်ရွှေမြို့နယ်တွင် မီတာယူနစ်များမှန်ကန်စေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပပျေ-ာက်ရေး ကွင်းဆင်းစစ်ဆေးမှုစတင်

​ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လစဉ်မီတာယူနစ်များတိကျမှန်ကန်စေရန်နှင့် ဓာတ်အားလေလွင့်မှုလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဖတ်ရှုခြင်းကို ယနေ့ မေ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊...

ရေပေးဝေသည့်ကိစ္စ စကားများရာမှ မောင်ဖြစ်သူက အစ်မအရင်းအား...

​ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ရေပေးဝေသည့်ကိစ္စဖြင့် မောင်နှမချင်းစကားများရာမှ မောင်ဖြစ်သူက အစ်မရင်းဖြစ်သူအား ပေါက်တူးဖြင့်ရို-က်နှ-က်သ-တ်ဖြ-တ်ခဲ့မှု ဧပြီ ၃၀ ရက်ည ၈ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျောက်တန်းမြို့နယ်၊...
HomeNewsFootballအုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ်ပြော

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။

AFC Women’s Futsal Asain Cup 2025 China (Qualifiers)ပွဲ၏ အုပ်စု(D)ပွဲစဥ်များအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့လည် ၁ နာရီက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်စဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အိမ်ကွင်းပရိသတ်ရှေ့မှာ ရလဒ်ကောင်းတွေရဖို့ကြိုးစားပါမယ်။ ဒီပွဲအတွက် ကြို တင်ပြင်ဆင်မှုတွေအများကြီးလုပ်ထားသလို ပြိုင်ပွဲအတွက်လည်း အသင့်ဖြစ်နေပါပြီ”ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။

ထို့ပြင် အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲစဥ်တိုင်းကို အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကာ အုပ်စု(D)တွင် ဗီယက်နမ်အသင်းသည် အ တောင့်တင်းဆုံးအသင်းဖြစ်ပြီး ၎င်းတို့နှင့်နောက်ဆုံးတွေ့ဆုံချိန်က အရေးနိမ့်ထားသဖြင့် ယင်း ပွဲစဥ်အား ပြန်လည်သုံးသပ်မှုများပြုလုပ်ကာ မနက်ဖြန်အတွက် ပြင်ဆင်ထားသဖြင့် အနိမ့်ဆုံး သရေ(၁)မှတ်(သို့)နိုင်ပွဲတစ်ခုခုရရှိရန် တစ်သင်းလုံးကြိုးစားသွားမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့အတူ ဗီယက်နမ် အမျိုးသမီးဖူဆယ်အသင်း နည်းပြချုပ် ငုယင်ဒင်ဟန်းမှလည်း မြန်မာဖူဆယ်အသင်းသည် ယခုလက်ရှိနည်းပြတာဝန်ယူနေချိန်တွင် တိုးတက်မှုများရှိလာသည်ကိုတွေ့ရပြီး အဝေးကွင်း၌ လာရောက်ကစားရသည့်ထုံးစံအတိုင်းခက်ခဲမှုများရှိသော်လည်း မြန်မာအသင်းနှင့်အဖွင့်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ထားပြီးဖြစ်၍ အနိုင်ရမည်ဟုယုံကြည်ကာ အုပ်စုတွင်းပြိုင်ဘက်တွေအားလုံးသည် အသင်းကောင်းများဖြစ်ရာ ပွဲစဉ်တိုင်းမှာခက်ခဲမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်တိုင်ပေ အမျိုးသမီးဖူဆယ်အ သင်းနည်းပြုချုပ် ရှဲလ်လီချွန်းမှလည်း အသင်းတိုင်းမှ ခြေစစ်ပွဲ‌အောင်ရန်ရည်မှန်းပြီး အစွမ်း ကုန်ကြိုးစားကြမည်ဖြစ်၍ လွယ်ကူသည့်ပွဲစဥ်များဖြစ်လာမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ထို့အတူ အုပ်စုတွင်းပြိုင်ဘက်များသည် အသင်းကောင်းများဖြစ်၍ အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကာ မကာအိုအသင်းမှကစားသမားများအနေဖြင့် ယခုပြိုင်ပွဲအား ပျော်ရွှင်စွာအားကစားစိတ်ဓာတ်အပြည့်၊ ပြိုင်ပွဲဝင်စိတ်အပြည့်နှင့် ကစားနိုင်ရေးသည် မကာအိုအသင်း၏ဦးစားပေး ရည်မှန်းချက်ဖြစ်သည်ဟု မကာအို အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ချန်ကာချွန်း ကပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် AFC Women’s Futsal Asain Cup 2025 China (Qualifiers)ပွဲစဥ်များအဖြစ် ဇန်နဝါရီ ၁၅ ရက်(မနက်ဖြန်)တွင် ဗီယက်နမ်အသင်း၊ ဇန်နဝါ ရီ၁၇ ရက်တွင် တရုတ်တိုင်ပေအသင်း၊ ဇန်နဝါရီ ၁၉ ရက်တွင် မကာအိုအသင်းတို့နှင့် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘန်ကောက်၏ အပူညွှန်းကိန်း အလွန်အမင်း အန္တရာယ်များသော အဆင့်သို့ ရောက်ရှိ

ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၏ အပူညွှန်းကိန်းသည် ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်းအန္တရာယ်ရှိသောဇုန်သို့ ဝင်ရောက်ခဲ့ပြီး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ထက်မြင့်မားခြင်း သို့မဟုတ် ယင်းပမာဏနှင့် ညီမျှသော အပူဒ-ဏ်ကိုခံစားရသကဲ့သို့ဖြစ်ကြောင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့က သတိပေးခဲ့သည်။         ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့(BMA) က နံနက် ၇ နာရီခွဲတွင် ယင်းသို့ သတိပေးချက်ထုတ်ပြန်ခဲ့ကာ နေ့လည်ပိုင်းအချိန်များတွင် ပြင်ပလှုပ်ရှားသွားလာမှုများကို ရှောင်ရှားကြရန် လူထုကို တိုက်တွန်းခဲ့သည်။       ခံနိုင်ရည်အားနည်းသော အုပ်စုဝင်များအနေဖြင့် မိမိကိုယ်ကိုယ် အထူးဂရုစိုက်သင့်ကြောင်းလည်း BMA က ပြောကြားခဲ့သည်။      ထိုအုပ်စုဝင်များထဲတွင် အသက် ၅ နှစ်အောက် ကလေးငယ်များ၊ အသက် ၆၀...

ထိုင်း ၆၃၅ ဦးကို ဖနွမ်းပင်က ပြည်နှင်ဒ-ဏ်ပေး

ကမ္ဘောဒီးယား အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဘန်တေး မီးချေး ပြည်နယ်တွင် ထိုင်း နိုင်ငံသား ၆၃၅ ဦး ကို ကြာသပတေးနေ့တွင် တရားမဝင် အွန်လိုင်း လှည့်ဖြားမှုနှင့် နိုင်ငံဖြ-တ်ကျော် ရာဇ၀တ်မှု ကွန်ရက်များနှင့် ချိတ်ဆက်မှုဖြင့် ပြည်နှင်ဒ-ဏ်ပေးခဲ့သည်။ "ကမ္ဘောဒီးယားဥပဒေနဲ့အညီ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြန်ပို့တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ် သံသယရှိသူ ၃၀ ဦးကို ဖမ်းဆီးထားပါတယ်။ ကမ္ဘောဒီးယားမှာ စွဲချက်တင်ထားတဲ့ ပြစ်မှုတွေနဲ့ ပတ်သက် ပြီးတော့ ကမ္ဘောဒီးယားမှာ ဆက်လက် တရားစွဲမှာပါ" ဟု...

ညောင်ရွှေမြို့နယ်တွင် မီတာယူနစ်များမှန်ကန်စေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပပျေ-ာက်ရေး ကွင်းဆင်းစစ်ဆေးမှုစတင်

​ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လစဉ်မီတာယူနစ်များတိကျမှန်ကန်စေရန်နှင့် ဓာတ်အားလေလွင့်မှုလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဖတ်ရှုခြင်းကို ယနေ့ မေ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊ ၆၆-ကေဗွီ ဓာတ်အားခွဲရုံများမှ ကျွမ်းကျင်ဝန် ထမ်းများက အဖွဲ့များခွဲ၍ ယနေ့ မေ ၁ ရက်မှ မေ ၅ ရက်အထိကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ​လစဉ်ဓာတ်အားသုံးစွဲယူနစ်များမှန်ကန်မှုရှိစေရေး၊ မီတာပြဂဏန်းများကို ပိုဖတ်ခြင်း/လိုဖတ်ခြင်းများ မရှိစေရေး၊ ​တရားမဝင်ဓာတ်အားသုံးစွဲမှုများအားစစ် ဆေးဖော်ထုတ်ခြင်းနှင့် ​ဓာတ်အားပျောက်ဆုံးမှုလျော့ နည်းကျဆင်းစေရေးတို့ကို အဓိကထားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ မီတာများဖတ်ရှုရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် သုံးစွဲသူများယုံကြည်မှုရှိစေရန်အတွက် မီတာဖတ်ရှုပြီးစီးမှုအပေါ် အိမ်ရှင်များက ကိုယ်တိုင်မြင်တွေ့သိရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071