မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းသည် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၌ အုပ်စု(ခ) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြေးလျအသင်းတို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ်၍ အုပ်စုကြပ်သည့်အနေအထားတွင်ရှိနေသည်။
လက်ရှိအချိန်၌ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ရောက်ရှိခဲ့ပြီး Kasem Bundit University တွင် နေထိုင်တည်းခိုကာ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။
ထို့နောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြိုင်ပွဲကျင်းပမည့် Nakhon Ratchasima သို့ထွက်ခွာမည်ဖြစ်ကာ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းတွင် ကစားသမား(၁၆)ဦး၊ အုပ်ချုပ်နည်းပြ(၁၀)ဦးလိုက်ပါသွားခဲ့သည်။
